Year: 2025

Loading

နန်းဆုပန်ခန့် ကရင်ပြည်နယ်၊ ဒေါနတောင်ကြောရှိ အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာ‌သောကြောင့် ပူးပေါင်းတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၈ ရက် မွန်းလွဲပိုင်း ၂ နာရီကျော်မှ ယနေ့ ဇွန်လ ၉ ရက် နေ့လည် ၁၀ နာရီကျော်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲကြောင့်…

Read More

Loading

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး အိုးဘိုထောင်အတွင်းမှ အကျဉ်းသား ၇၀ ဦးကျော် သေဆုံးခဲ့ရပြီး ၎င်းတို့အထဲမှ ၄၉ ဦးသည် နိုင်ငံရေးအကျဉ်းသားများဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ထုတ်ပြန်သည်။ အဆိုပါသေဆုံးမှုများနှင့်ပတ်သက်၍ မန္တလေး၊ အိုးဘိုအကျဉ်းထောင်အာဏာပိုင်များနှင့် စစ်ကောင်စီမှ သတင်းထုတ်ပြန်ခြင်းမရှိဘဲ သတင်းအမှောင်ချဖုံးကွယ်ထားသည်ဟု…

Read More

Loading

 သူရဇော် မုံရွာမြို့အနောက်ဘက်ခြမ်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ပြင်းထန်နေသည်မှာ ငါးရက်ခန့် ကြာပြီဖြစ်ကာ စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများနှင့် အင်အားဖြည့်တင်းလျက်ရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ၌ စစ်ကောင်စီတပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဇွန်လ ၂ ရက်မှ စတင်တိုက်ခဲ့သည်။ အဆိုပါ…

Read More

Loading

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်က ဝင်ရောက်ခွင့် ပိတ်ပင်ပြီး မရှေးမနှောင်းမှာပဲ တရုတ်နိုင်ငံက မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေအတွက် ရက်ရှည်ဗီဇာ ခွင့်ပြုလိုက်တယ် လို့ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မနေ့က ထုတ်ပြန်လိုက်တာပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ အိမ်ထောင်ဖက်၊ သားသမီးတွေအတွက် အကြိမ်ကြိမ် ဝင်ထွက်သွားလာနိုင်တဲ့…

Read More

Loading

သူရဇော် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၌ ယမန်နေ့ညပိုင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်း ပိတ်မိနေသော သုံးဦးအပါအဝင် ဒေသခံ ရှစ်ဦးသေဆုံးခဲ့ရပြီး နေအိမ် ၁၀ လုံး မီးလောင်ပြာကြခဲ့ရသည်။ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာရပ်ကွက်ရှိ လူနေအိမ် နှစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိသားစုနှစ်စုမှ ကလေးငယ် သုံးဦး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား သုံးဦး တပြိုင်တည်းသေဆုံးခဲ့ရသည်ဟု…

Read More

Loading

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု ခွန်‌ဆာကုန်း ဘုန်းကြီးကျောင်းအနီး၌ ဇွန်လ ၆ ရက် ညပိုင်း ၉ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် လူနေအိမ်မီးလောင်ခဲ့ပြီး ဒေသခံများ ပိတ်မိနေကာ ထိခိုက်မှုရှိနိုင်သည်ဟု လုံးခင်းဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတို့ကြား…

Read More

Loading

ခင်သရဖီဦး ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာမှ ကိုးနှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူများအား ထိရောက်ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် ရခိုင်ဒေသခံအမျိုးသမီးများမှ အာရက္ခတပ်တော် (AA) အား တောင်းဆိုလိုက်သည်။ ”အခုလို ပြစ်မူတွေကို အာရက္ခတပ်တော် AA အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ပေးပြီးတော့ အရေးယူပေးစေချင်ပါတယ်။ ဖြစ်နိုင်ရင် အခုလို အဓမ္မကျူးလွန်သူတွေကို…

Read More

Loading

မြဝတီမြို့အနီးရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် ဖိလစ်ပိုင်နိုင်ငံသား ရှစ်ဦးနှင့် ကွန်ဂိုနိုင်ငံသား တစ်ဦးတို့ကို ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဇွန်လ ၆ ရက်တွင် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း မြဝတီမြို့အနီး မဲ့ထော်သလေး (KK Park) နယ်မြေက…

Read More

Loading

အမီးလေး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ကျေးရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီက လေကြောင်းမှ ဇွန်လ ၅ ရက် ညနေ ငါးနာရီခန့်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြင်ဦးလွင်ခရိုင် တာဝန်ခံက ပြောသည်။ “မနေ့က ငါးနာရီလောက်မှာ ဂျက်ဖိုက်တာက ဘုန်းကြီးကျောင်းကို…

Read More

Loading

အိန္ဒိယ – မြန်မာနယ်စပ် အာရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်၊ လောင်းဒင်းခရိုင်၊ ပေါင်ချောင်မြို့နယ်ခွဲမှာ လက်နက်ကိုင်အဖွဲ့တွေ သွားလာလှုပ်ရှားနေကြတဲ့အတွက် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၅ ရက်မှာ အဲဒီနယ်စပ်တဝိုက် ကင်းလှည့်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကင်းလှည့်တပ်ဖွဲ့က သစ်တောထူထပ်တဲ့ နေရာတွေအနီး ကင်းလှည့်နေချိန်မှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့ကာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ စစ်ဆေးတဲ့အခါ…

Read More