ကရင်ပြည်နယ် မြဝတီမြို သောင်ရင်းမြစ်ကမ်းနံဘေးတလျှောက်နှင့် မြိုပေါ် အနိမ့်ပိုင်းရပ်ကွက်များတွင် ဇူလိုင် ၂၃ ရက်မှစ၍ ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ဒေသခံများ ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။
“ကျမတို အခန်းတွေထဲတော့ ရေဝင်နေပြီ။ တောရကျောင်းဘက်ဆိုရင် ရေတောင်မြုပ်နေပြီလို ပြောတယ်။ ကျမတို နေတဲ့ ကျောက်လုံးကြီးရပ်ကွက်ပေါ့။ ချောင်းရေက လွှတ်ချလိုက်တော့ အိမ်တွေထဲ ရေဝင်လာတာ ကျမတို အိမ်ဆို မြုပ်တောင်မြုပ်တော့မယ်” ဟု မြဝတီမြို ကျောက်လုံးကြီးရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ရေးဘေးသင့် ရပ်ကွက်များတွင်နေထိုင်ကြသည့် ဒေသခံများသည် ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ရွှေ့ပြောင်းနေထိုင်နေကြရခြင်းဖြစ်သည်။
ထိုအပြင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းရန် အခက်အခဲဖြစ်နေသော ဒေသခံအချိုကို လူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ဆောင်လျက်ရှိသည်ဟု မြဝတီမြိုခံများက ပြောသည်။
ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့မှစ၍ ရေကြီး၊ ရေလျှံမှုများ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မြိုပေါ်ရှိ စစ်ကောင်စီဖွင့်လှစ်ထားသော အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) နှင့် မိုးကုတ် စာသင်ကျောင်းတိုမှာ ရေနှစ်မြုပ်လျက်ရှိပြီး ကျောင်းများပိတ်ရမည့် အနေအထားတွင်ရှိသည်ဟု မြိုခံများက ပြောသည်။
လက်ရှိတွင် ကရင်နယ်ခြားစောင့် (BGF) က မြဝတီမြိုပေါ်တွင် ကူညီကယ်ဆယ်ရေးစခန်း ၁၀ ခုထက်မနည်း ဖွင့်လှစ်ပေးထားသည်ဟု သိရသည်။
အဆိုပါစခန်းများကို ဓမ္မရန်အောင်ဘုန်းကြီးကျောင်း၊ ဓိဌာန်အောင်ဓမ္မာရုံ၊ ဇေယျသိဒ္ဒိ ဓမ္မာရုံ၊ တောရကျောင်းဘုန်းကြီးကျောင်းတိုက်၊ ဟေမာန်ဦးဘုန်းကြီးကျောင်းတိုက်၊ ကြခေတ္တာဘုန်းကြီးကျောင်းတိုက်၊ ကျောက်လုံးကြီးဘုန်းကြီးကျောင်း၊ ကိုးန၀င်းဘုန်းကြီးကျောင်း၊ ကျောက်လုံးကြီး (MoU) ပြန်လည်ထူထောင်ရေးနှင့် ဖားခြောက်ကောင်ဘုန်းကြီးကျောင်းတိုတွင် ဖွင့်လှစ်ထားသည်ဟု BGF နှင့် နီးစပ် သူများက ပြောသည်။
မြဝတီမြိုရှိ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၉ ပေခွဲခန့် ကျော်လွန်လျက်ရှိပြီး ၂၄ နာရီအတွင်း ၃ ပေခန့် ထပ်မံ မြင့်တက်လာနိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကလည်း ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်သတိပေးထားသည်။
ထိုအပြင် ထိုင်း-မြန်မာ နယ်စပ်မြိုဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြိုတွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မယ်ဆိုင်ချောင်းရေသည် စိုးရိမ်အမှတ်ထက်ကျောက်လွန်လာသည်ဟု သိရသည်။
လက်ရှိ ဖြစ်ပေါ်နေသော ဝီဖာမုန်တိုင်းသည် ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို ဝင်ရောက်လာခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဧရာဝတီ၊ တနင်္သာရီတိုတွင် မိုးကြီး၍ လေပြင်းတိုက်ခတ်မည်ဟုလည်း စစ်ကောင်စီ၏ မိုးဇလက ထုတ်ပြန်ထားသည်။
ပုံစာ – ဇူလိုင် ၂၄ ရက်နေ့ မြဝတီမြို့၌ ရေကြီးနေသော မြင်ကွင်းများ
ဓာတ်ပုံ- We love Myawaddy
#မြဝတီ #ရေနစ်မြှုပ် #ဝီဖာမုန်တိုင်း #ThanLwinKhetNews








