ယနေ့ မတ်လ ၁၃ ရက်တွင် ကျရောက်သည့် ၇၆ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အား အွန်လိုင်းနှင့် မြေပြင်တို့တွင် အဖွဲ့အစည်း အသီးသီးက ကျင်းပခဲ့ကြသည်။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပူးပေါင်းကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို အွန်လိုင်းမှ တိုက်ရိုက် (Live) ထုတ်လွှင့် ကျင်းပခဲ့သည်။…