ထိုင်းမြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့ နေအိမ်တစ်ခုတွင် မြန်မာနိုင်ငံသား နှစ်ဦးကို လက်နက်မျိုးစုံ၊ လက်ပစ်ဗုံးတစ်လုံး၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းဌာန AEC က ထုတ်ပြန်သည်။
မဲဆောက်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း ဘန်ရွမ်ရန်းရပ်ကွက်ရှိ အိမ်နံပါတ် မရှိသော နေ အိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့ရာ ပတ်စ်ပို့ ကိုင်ဆောင်ထားသည့် အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိားသာတစ်ဦးနှင့် အထောက်အထားမဲ့ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား အမျိုးသမီတစ်ဦးတို့ကို လက်နက်များဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လက်နက်များထဲတွင် အမ်ကေတူး လက်ပစ်ဗုံး တစ်လုံး၊ ပွိုင့်တူးတူး ကယ်လီဘာ လက်ကိုင်သေနတ် တစ်လက်၊ ပြုပြင်ထားသည့် ပွိုင့်တူးတူးကယ်လီဘာ သေနတ်ရှည် တစ်လက်၊ လက်လုပ်သေနတ် တစ်လက်နှင့် ကျည်များ ပါဝင်သည်ဟု ဖော်ပြထားသည်။
မဲဆောက်မြို့နယ် ရဲစခန်း၊ ရတ်ချာမာနူးတပ်သားများနှင့် ဒေသအုပ်ချုပ်ရေးအရာရှိများ ပူးပေါင်း ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ကာ တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
#မဲဆောက် #မြန်မာနှစ်ဦး #လက်နက်များဖြင့်ဖမ်းဆီးခံရ #ThanLwinKhetNews




