ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်အနီးသို့ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်ထံမှသိရသည်။
ယနေ့နံနက် ၁၀ နာရီခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးအား ကြဲချတိုက်ခိုက်ခဲ့သည် ဒေသခံတစ်ဦးထံမှ သိရသည်။
“ရေတံခွန်အနီးတဝိုက်နဲ့ ရသေ့ဂူဘုန်းကြီးကျောင်းနားကိုကြဲသွားတာ” ဟု ၎င်းဆိုသည်။
ကော့ကရိတ် – မြဝတီလမ်းမကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် လေးကေ့ကော်ဒေသ၊ ရသေ့ဂူအပါအဝင် အနီးတဝိုက်ကျေးရွာရှိဒေသခံများသည် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်စိုးရိမ်သောကြောင့် ပြန်လည် စစ်ဘေးရှောင်ခဲ့ရသည်။
ဒေသခံတစ်ဦးက ” ထိခိုက်တာတော့မရှိ။ ရသေ့ဂူကလူတွေကတော့ မနက်ကမှပြောင်းတာဆိုတော့။ နေအိမ်တွေဘာတွေကတော့ ပျက်တာရှိလားမရှိလားတော့ အတိအကျတော့မသိဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်ဘက်မှ ကာမီကာဇေအသေခံဒရုန်းဖြင့် ကျောက်ခက်ဆေးရုံဟောင်းနှင့် လေးကေ့ကော်ဒေဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဓါတ်ပုံ – စစ်ဘေးရှောင်လာရသော ဒေသခံများ
#လေးကေ့ကော် #ဂျက်ဖိုက်တာ #ဗုံးကြဲ #ThanLwinKhetNews
