![]()
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်တွင် ဝါချီရာလောင်ကွန်ဆည်ကို ဖြတ်၍ တရားမဝင်နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး ရေနစ်ခဲ့သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။ စက်တင်ဘာလ ၁၂ ရက်က ဆန်ခလပူရီမြို့နယ်ရှိ ရေလှောင်တမံတစ်ခုအနီး ရုပ်အလောင်းများ မျောပါလာသည်ကို ဒေသခံများက တွေ့ရှိခြင်းဖြစ်ကာ သေဆုံးသူများတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ပါဝင်သည်ဟု…