နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ ဧပြီ ၁၇၊ သံလွင်ခက်။ ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှ နေအိမ်သို့ ပြောင်းရွှေ့လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်အွန်လိုင်းမီဒီယာများတွင် ရေးသားခဲ့သည်။ “ရာသီဥတုအလွန်ပူပြင်းပြီး ကျန်းမာရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို လုံခြုံရေးအကာအကွယ်ရှိတဲ့နေရာကို…