၂၀၂၁ ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက် အကောင်းဆုံးနှစ်တွေကို ပိုင်ဆိုင်ခွင့်မရခဲ့ကြပါဘူး။
ဒါပေမယ့်လည်း နိုင်ငံကို ဒီမိုကရေစီရနံ့သင်းထုံစေခြင်း၊ လွတ်လပ်ခြင်း၊ လူသားတို့ရပိုင်ခွင့်အခွင့်အရေးတွေကို ခံစားခွင့်ရှိခြင်းတွေအတွက် လူကြီး၊ လူငယ်ကစလို့ နိုင်ငံသားအားလုံးနီးပါးဟာ လက်ရှိအချိန်အထိ တော်လှန်သင်္ကြန်၊ တော်လှန်နှစ်သစ်အဖြစ် စိတ်ဆုံးဖြတ်၊ လက်တွေ့ရုန်းကန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ရဲ့ အောင်မြင်မှုရလာဒ်တွေအဖြစ် တိုင်းရင်းသားဒေသအချို့မှာရော မြို့ပြကြီးတွေမှာပါ စစ်အာဏာရှင်စနစ်ကင်းတဲ့ သင်္ကြန်တွေက မြင်တွေလာရပါပြီ။
အခုရောက်ရှိလာတဲ့ ၁၃၈၆ နှစ်သစ်ကူးအချိန်အခါမှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ၊ ပြီးခဲ့တဲ့ နှစ်ဟောင်းက အောင်မြင်မှုတွေထက် အဆပေါင်းများစွာ ရရှိခံစားနိုင်ကြပါစေလို့ သံလွင်ခက် မိသားစုက ဆုတောင်းအပ်ပါတယ်။