စစ်မှုထမ်းရမည့် သင်တန်းသားသစ်များကို တော်လှန် ရေးတပ်များဖမ်းဆီး
******
ယမင်းဖူးပွင့်အောင်
ဧပြီ ၁၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အရာတော်မြို့ အမှတ်-၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် – စခတ ၁၀ ကို သွားရောက်သည့် စစ်ကောင်စီစစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး စစ် သင်တန်းသားအသစ်များကို ဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် – ၁ စစ်ဒေသရုံးက ထုတ်ပြန်ထားသည်။
စစ်ကောင်စီယာဉ်တန်းတွင် ၁၂ ဘီးကား ၅ စီးနှင့် Express ကား ၁ စီးပါဝင်ပြီး စစ်မှုထမ်းရမည့် သင် တန်းသားသစ် ၂၅၀ ဦးပါဝင်သည်ဟု သိရသည်။
အဆိုပါယာဉ်တန်းကို အရာတော်မြို့နယ် ကမ်းဖြူရွာအနီးတွင် ဧပြီလ ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကား ၃ စီး ပျက်စီးကာ ဒု-အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ အားကစားသိပ္ပံက ၁ ဦးနှင့် သင်တန်းသားသစ် ၄၅ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် သင်တန်း သား ၂၀ ဦးခန့်သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် လက်နက်ငယ် ၇ လက်၊ ကျည်မျိုးစုံ ၅,၅၀၀ ခန့် ၊ ဗုံးသီးမျိုးစုံ ၈၀ ခန့်၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီး ၁ လုံးအပါအဝင် အခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။