နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ကို အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့
ဧပြီ ၁၇၊ သံလွင်ခက်။
ဧပြီလ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှ နေအိမ်သို့ ပြောင်းရွှေ့လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်အွန်လိုင်းမီဒီယာများတွင် ရေးသားခဲ့သည်။
“ရာသီဥတုအလွန်ပူပြင်းပြီး ကျန်းမာရေးအခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို လုံခြုံရေးအကာအကွယ်ရှိတဲ့နေရာကို ရွေ့ပြောင်းခဲ့တယ်”ဟု စစ်ကောင်စီမီဒီယာများတွင် အများစုရေးသားထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်ပြည်တော်အချုပ်ထောင်နှင့် သမ္မတဦးဝင်မြင့်မှာ တောင်ငူအချုပ်ထောင်များတွင် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသည်။
ရွေးကောက်ခံ အမတ် အသစ်များအတည်ပြမည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ အမတ်များ၊ ပါတီခေါင်းဆောင်များ ဖမ်းဆီးကာ ပုဒ်မတပ် ထောင်ဒဏ်များချမှတ်ခံသည်။
ဓါတ်ပုံ – နေပြည်တော်တရားခွင်တစ်ခုတွင် တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဦးမျိုးအောင်