Month: January 2024

Loading

နမ့်ဖတ်ကာစစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရရှိ ************************ သံလွင်ခက် ဇန်နဝါရီ ၂၅၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။ အဆိုပါစခန်းသည် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ ၁၂၃ တပ်စခန်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်၊…

Read More

Loading

အချိန်အခါမဟုတ် မိုးရွာနိုင်ဟု မိုးဇလအသိပေး ************ သံလွင်ခက် ဇန်နဝါရီ ၂၅၊၂၀၂၄။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကချင်၊ ချင်းစသည့်ပြည်နယ်များအပါအဝင် စစ်ကိုင်းနှင့် တနင်္သာရီတိုင်းများတွင် အချိန် အခါမဟုတ်မိုးရွာနိုင်သည်ဟု စစ်ကောင်စီမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညနေပိုင်းတွင် ထုတ်ပြန်သည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်၌ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ် ထွန်းနေကာ…

Read More

Loading

ဆီဆိုင်မြို့တိုက်ပွဲတွင်း ပိတ်မိနေသူအားလုံးနီးပါးကို ယနေ့ကယ်ထုတ်နိုင် *************************** သံလွင်ခက် ဇန်နဝါရီ ၂၅ ၊ ၂၀၂၄ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲအတွင်း ပိတ်မိနေသူအားလုံးနီးပါးကို ယနေ့တွင် ဆက်လက်ကယ် ထုတ်နိုင်ခဲ့သည်ဟု ဒေသခံများအား ကူညီကယ်ထုတ်ပေးနေသူများထံက သိရသည်။ ဆီဆိုင်မြို့တွင် ယမန်နေ့ညနေပိုင်း၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက် ခိုက်ခဲ့သည့်အပြင်…

Read More

Loading

PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး မိသားစုဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် *************************** သဇင် ဇန်နဝါရီ ၂၅ ၊၂၀၂၄။ ပုလောဒေသကာကွယ်ရေးအဖွဲ့ PRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ ကို မိကျောင်းစစ်ကြောင်းက ဇန်နဝါရီ ၈ ရက်တွင်  ဖမ်းဆီးခေါ်ဆောင်ပြီး သတ် ဖြတ်ခံခဲ့ရသည်ဟု မိသားစုဝင်များထံက သိရသည်။…

Read More

Loading

ရှမ်းအရှေ့က တရုတ် – မြန်မာ အဓိကကုန်သွယ်ရေးနယ်စပ်လမ်းကြောင်းဖြစ်လာမလား. . . . .? ************************* ဘုန်းမောင် ဇန်နဝါရီ ၂၅ ၊ ၂၀၂၄။ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြား တရုတ်၏ကြားဝင်စေ့စပ်ပေးမှုကြောင့် “ဟိုက်ဂင်သဘောတူညီချက်”အရ ယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူထားသော်လည်း နယ်စပ်ကုန်သွယ်ရေး များ…

Read More

Loading

ပလက်ဝစစ်ဘေးရှောင်များအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA  ထောက်ပံ့ကူညီ *************** သဇင် ဇန်နဝါရီ ၂၅ ၊၂၀၂၄။ ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ မြိတ်ဝကျေးရွာအုပ်စု၊ မြိတ်ဝကျေးရွာက စစ်ဘေးရှောင်ပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် – ULA က ဆန်နှင့် ငွေသားအချို့ ထောက်ပံ့ကူညီ ပေးခဲ့တယ်လို့ AA Info Desk…

Read More

Loading

စစ်ကောင်စီတပ်အလစ်ဝင်တိုက်သဖြင့် MNDAA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံး *************** ယမင်းဖူးပွင့်အောင် ဇန်နဝါရီ ၂၅၊ ၂၀၂၄။ ကိုးကန့်ဒေသအတွင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA အခြေချတပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်ကအလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီ၏ ဗျူဟာ ၄၈ မှ တပ်ဖွဲ့ဝင်အင်အား…

Read More

Loading

ရခိုင်ပြည်ထိုးစစ်အတွင်း နောက်ထပ်မြို့ ၁ မြို့ကို AA သိမ်းပိုက် *********************** သဇင် ဇန်နဝါရီ ၂၅ ၊၂၀၂၄။ ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့ဖြင့် အပြင်းအထန်ပစ်ကူပေး တိုက် ခိုက်နေသည့်ကြားက ပေါက်တောမြို့ကို AA က အလုံးစုံထိန်းချုပ်လိုက်နိုင်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က…

Read More

Loading

ဒီနိုင်း ဇန်နဝါရီ ၂၅၊ ၂၀၂၄။ အကျဥ်းထောင်ထဲက အကျဥ်းသားတွေအတွက်တော့ သံဃာ ၁ ပါးကို မျက်ဝါးထင်ထင်အနီးကပ်ဖူးမြော်ခွင့်ရဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ ဒါပေမယ့် ကျွန်တော်တို့မော်လမြိုင်ထောင်ထဲမှာရှိတုန်းက အကျဥ်းသားတွေရဲ့တောင်းဆိုမှုကြောင့် ထောင်အာဏာပိုင်တွေက အကျဥ်းထောင်ထဲကို သံဃာ ၁ ပါးပင့်ပြီးအမေနေ့တရားပွဲကျင်းပပေးတာကြုံခဲ့ရဖူးပါတယ်။ တကယ့်ရှားပါးတဲ့ အကျဉ်းထောင်တွင်း အမေနေ့အထိမ်းအမှတ်တရားပွဲပါပဲ။ အချိန်ကတော့ ၂၀၀၅ ခုနှစ်။ မတရားဖမ်းဆီးထောင်ချခံခဲ့ကြရတဲ့…

Read More

Loading

စစ်ကောင်စီဂိတ်မှူးနှင့်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့ရှင်းလင်း ***************************** သံလွင်ခက် ဇန်နဝါရီ ၂၄ ၊ ၂၀၂၄ ။ မွန်ပြည်နယ်၊ ရေးမြို့နယ် ခံသင်းတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်မှူးနှင့်အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ဂိတ်မှူးအပါအဝင် ၃ ဦးသေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည် ။ ရေး-မော်လမြိုင် ကားလမ်းပေါ်ရှိ ခံသင်းတံတားဂိတ်မှထွက်လာသည့် ဂိတ်မှူး၏ ကားကိုရေးဘီလူးတပ်ဖွဲ့က ယနေ့ နံနက်၇…

Read More