စစ်ကောင်စီဂိတ်မှူးနှင့်အဖွဲ့ကို ရေးဘီလူးတပ်ဖွဲ့ရှင်းလင်း
*****************************
သံလွင်ခက်
ဇန်နဝါရီ ၂၄ ၊ ၂၀၂၄ ။
မွန်ပြည်နယ်၊ ရေးမြို့နယ် ခံသင်းတံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်မှူးနှင့်အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ဂိတ်မှူးအပါအဝင် ၃ ဦးသေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည် ။
ရေး-မော်လမြိုင် ကားလမ်းပေါ်ရှိ ခံသင်းတံတားဂိတ်မှထွက်လာသည့် ဂိတ်မှူး၏ ကားကိုရေးဘီလူးတပ်ဖွဲ့က ယနေ့ နံနက်၇ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ။
” ခံသင်းဂိတ်ရဲ့ဂိတ်မှူးပေါ့နော်။ သူက ပျူစောထီးပေါ့ ။ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ စကစ လက်အောက်ခံပေါ့ ။ သူတို့အဲဂိတ်ကနေထွက်လာတော့ ကြားဖြတ်တိုက်ခိုက်ခဲ့တာ “ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါကြားဖြတ်တိုက်ခိုက်မှုတွင် ခံသင်းဂိတ်မှူး စိုးသူအပါအဝင် ၃ ဦးသေဆုံးပြီး AK နှစ်လက်၊ ၇၉ လက်နက်ကြီး ၁ လက် ၊ ကျည်ဆံတချို့နှင့်ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းကပြောသည် ။
ခံသင်းတံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီလက်အောက်တပ်ဖွဲ့ဝင် ၃၀ ကျော်ရှိပြီး စစ်ဆင်ရေးအပြီး၌ ဆုတ်လမ်းအတိုင်းအကောင်းဆုံးပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆာင်က ပြောသည် ။
ဓာတ်ပုံ-ရေးဘီလူး
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3131
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7240