• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ဆီဆိုင်မြို့တိုက်ပွဲတွင်း ပိတ်မိနေသူအားလုံးနီးပါးကို ယနေ့ကယ်ထုတ်နိုင်
နေ့စဉ်သတင်း

ဆီဆိုင်မြို့တိုက်ပွဲတွင်း ပိတ်မိနေသူအားလုံးနီးပါးကို ယနေ့ကယ်ထုတ်နိုင်

thanlwinkhetBy thanlwinkhetJanuary 25, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဆီဆိုင်မြို့တိုက်ပွဲတွင်း ပိတ်မိနေသူအားလုံးနီးပါးကို ယနေ့ကယ်ထုတ်နိုင်

***************************

သံလွင်ခက်

ဇန်နဝါရီ ၂၅ ၊ ၂၀၂၄ ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲအတွင်း ပိတ်မိနေသူအားလုံးနီးပါးကို ယနေ့တွင် ဆက်လက်ကယ် ထုတ်နိုင်ခဲ့သည်ဟု ဒေသခံများအား ကူညီကယ်ထုတ်ပေးနေသူများထံက သိရသည်။

ဆီဆိုင်မြို့တွင် ယမန်နေ့ညနေပိုင်း၌ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက် ခိုက်ခဲ့သည့်အပြင် ဒေသခံအများအပြားလည်း ပိတ်မိနေခဲ့သည်။

” မြို့ထဲမှာ ခံနေတဲ့သူတွေကို တတ်နိုင်သလောက် ကူထုတ်ပေးတယ်။ ထုတ်လို့ရသူတွေ သွားထုတ်တယ်။ တချို့ က နည်းနည်းကျန်တယ်။ ကျန်တယ်ဆိုတာက မြို့ထဲကတော့  ကုန်သလောက်ဖြစ်သွားပြီ။ တချို့က အိမ်စောင့် ကျန်တာမျိုးရှိတယ် “ဟု ဆီဆိုင်မြို့ခံ အမျိုးသား ၁ ဦးက ပြောသည်။

ဆီဆိုင်မြို့တွင် ယခင် ကရင်နီပြည်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် လာရောက်ရှောင်တိမ်းနေသည့် စစ် ရှောင်ဟောင်းများနှင့် ဆီဆိုင်ဒေသခံ စုစုပေါင်းလူဦးရေ ၁ သိန်းကျော်တို့သည် နီးစပ်ရာမြို့များ ၊ကျေးရွာများနှင့် တောထဲတို့၌ ရှောင်တိမ်းနေကြရသည် ။

” အခုက အမိုးအကာတွေ အတော်လိုတယ်။  ရုတ်တရက် ပြေးကြတော့လေ၊ တချို့က စားစရာမပါကြဘူး။ နေ စရာက အတော်ခက်တယ်။ လူတွေအရမ်းများတော့လေ ။ တချို့တောထဲမှာနေတဲ့သူတွေရှိတယ်။ အိမ်မှာ ကပ်နေ တဲ့သူတွေရှိတယ်။ လွတ်ရာကျွတ်ရာ ရွာထဲတွေပြေးကြတယ်။ အစုံပဲဗျာ “ဟု စစ်ရှောင်များကို တပိုင်တနိုင် ကူညီပေးနေသူ ၁ ဦးကပြောသည်။

၎င်းကဆက်လက်ပြီး ” စိတ်အတော်ပင်ပန်းရတယ်ဗျာ ။ မနက်က ကျွန်တော် ဆီဆိုင်ခဏပြန် ပစ္စည်းဝင်ယူပြီး တော့ မြို့ထဲမှာ ခံနေတဲ့သူတွေ၊ စစ်ရှောင်စခန်းမှာ ခံနေတဲ့သူတွေကို သွားပြီးမှ ကယ်ထုတ်တယ်။ တချို့ကထွက်ဖို့ ဆီတောင်မရှိဘူး ။ ကျွန်တော်လည်း ဆီတတ်နိုင်သလောက်သယ်သွားပြီးတော့ ဆီ ၅ ဂါလံဗူး ၁၀ ဗူး သွားလှူပေး လိုက်တယ် “ဟု ၎င်းကပြောသည်။

ဆီဆိုင်မြို့ရှိဒေသခံများနှင့် ယခင်စစ်ဘေးရှောင်များသည် ယမန်နေ့နှင့် ယနေ့တွင် အများအပြားရှောင်တိမ်းနေခဲ့ ကြခြင်းဖြစ်ပြီး တောင်ကြီးမြို့က ဒေသခံများကလည်း ကားများဖြင့် ကူညီသယ်ဆောင်ပေးခဲ့ကြသည်။

“တစ်မနက်လုံး ကားအကူအညီတောင်းတာတွေ လိုက်ချိတ်ဆက်ပေးနေတာ ။ မနားရဘူး ။ အကူအညီတောင်း တာတွေ ဆက်တိုက်ပဲ။ အခုနောက်ပိုင်းမှ နည်းသွားတာ “ဟု ကားများကူညီပေးနေသည့် တောင်ကြီးမြို့ခံ ၁ ဦးက ပြောသည်။

ဆီဆိုင်မြို့တွင်  စစ်ကောင်စီတပ်၊ PNA – ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊ KNDF ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းအချို့ကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင် သည်ဟု ဒေသခံသတင်းဌာနတချို့၌ဖော်ပြထားသည် ။

” အခြေအနေက အတော်ကြမ်းတယ် ။ လေယာဥ်နဲ့တောင်ပစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေက ချ လိုက်၊ ပစ်လိုက်၊ အိမ်တွေလည်း မီးလောင်တယ် “ဟု ဒေသခံ ၁ ဦးကပြောသည် ။

ယမန်နေ့ညပိုင်းတွင် ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ကို စစ်ကောင်စီက  လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ကြောင့် ပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ပုံစာ – ယနေ့ထပ်စစ်ရှောင်ကြရသည့် ဆီဆိုင်မြို့တွင်းက စစ်ရှောင်များ။

*********

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >   https://t.me/newstlk/3138

YouTube- > https://youtu.be/SpxIBpTYop8

Website _> https://thanlwinkhet.net/?p=7270

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticlePRDF တပ်ဖွဲ့ဝင်ဟောင်း ကိုပင်လယ်လူ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သတ်ပြီး မိသားစုဝင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
Next Article အချိန်အခါမဟုတ် မိုးရွာနိုင်ဟု မိုးဇလအသိပေး
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.