နမ့်ဖတ်ကာစစ်ကောင်စီတပ်စခန်း သိမ်းပိုက်ရရှိ
************************
သံလွင်ခက်
ဇန်နဝါရီ ၂၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
အဆိုပါစခန်းသည် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ ၁၂၃ တပ်စခန်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၆ နာရီခန့်က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် မတော် – KIA နှင့် ပူးပေါင်းတပ်တို့က ၂၀၂၃ ခုနှစ် ဒီဇင် ဘာ ၂၉ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီး ၂၇ ရက်အကြာ၌ အပြီးတိုင်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။
နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲအတွင်း ဇန်နဝါရီလ ၁၆ ရက်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကိုလည်း KIA က ပစ်ချနိုင်ခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ယနေ့ချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခု နှင့် ပြည်သူ့စစ် တပ်စခန်းအချို့ကို ကချင်လွတ်မြောက်ရေးတပ် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – CJ
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3142
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7281