Month: January 2024

Loading

လေယာဥ်ဖြင့် တနေကုန် ပစ်ကူပေးနေသည့်ကြားမှ စစ်ကောင်စီ တပ်ရင်းအား PNLA သိမ်းပိုက် ***************************** သံလွင်ခက် ဇန်နဝါရီ ၂၇ ၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တိုက်ပွဲအတွင်း၌ လက်နက်ကြီး၊ လေယာဥ်တို့ဖြင့် တနေကုန်ပစ်ကူပေးနေသည့်ကြာင်းမှ စစ်ကောင်စီ၏ ခလရ ၄၂၄ တပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ယနေ့တွင်…

Read More

Loading

တနင်္သာရီတိုင်းတွင် ပထမဆုံးစခန်းသိမ်း အောင်ပွဲရရှိလာ ********************************* သဇင် ဇန်နဝါရီ ၂၇၊၂၀၂၄။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျောက်ထုစစ်ဆင်ရေးခြေကုပ်စခန်းကို တနင်္သာရီအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သည် ။ ကျောက်ထုစခန်းကို ဇန်နဝါရီ ၂၃ရက် မွန်းလွဲ၃နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ၂၄ရက် မွန်းလွဲ ၂နာရီခွဲခန့်တွင်…

Read More

Loading

ရှမ်း/တောင်တွင် ဖမ်းဆီးထားသောတရုတ်နိုင်ငံသားများကို နေရာရွှေ့ ********************* ယမင်းဖူးပွင့်အောင် ဇန်နဝါရီ ၂၇၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကဖမ်းဆီးခဲ့သည့် အွန်လိုင်းငွေ လိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသားများကို နေရာရွှေ့ပြောင်းလိုက်သည်ဟု သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် အဆိုပါ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်သည် နမ့်စန်မြို့နယ်ရှိကျေးရွာများတွင်ခိုအောင်းနေခဲ့ပြီး…

Read More

Loading

ကော့ကရိတ်မြို့အလုံးစုံပျက်စီးအောင် စစ်ကောင်စီဖျက်ဆီး ********************************** နန်းဆုပန်ခန့် ဇန်နဝါရီလ ၂၇၊ ၂၀၂၄။ ကော့ကရိတ်မြို့ကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဟောင်ဝှစ်ဇာအမြောက်များဖြင့် အချိန် ၄နာရီခန့်အကြာ တောက်လျှောက်က်ပစ်ခတ်ခဲ့ပြီးနောက် ယမန်နေ့ ညသန်းခေါင်ကျော်ချိန်မှ ယနေ့နံနက်ပိုင်းထိ တိုက်လေယာဥ်များဖြင့်ဗုံးကြဲခဲ့သည် ။ ကော့ကရိတ်မြို့ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ မီးရှို့ဖျက်ဆီးနေသလို လက်နက်ကြီး၊ လေယာဥ်တို့ဖြင့်လည်း…

Read More

Loading

ကိုယ်ပိုင်ပြည်နယ်ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟုစစ်ခေါင်းဆောင်ဆို ****************** ကောင်းချစ်အောင် ဇန်နဝါရီ ၂၇ ၊ ၂၀၂၄။ ကိုယ်ပိုင်ပြည်နယ် အုပ်ချုပ်ခွင့်နှင့် ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟု အာဏာသိမ်းစစ် ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြောကြားလိုက်သည်။ ယမန်နေ့ကပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် စစ် ကောင်စီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး လက်ရှိ ကြုံတွေ့နေရသည့်…

Read More

Loading

ကျောက်ကြီးမြို့နယ်က စစ်ရှောင်များကို စစ်ကောင်စီဖမ်းဆီး ************* သံလွင်ခက် ဇန်နဝါရီ ၂၇ ၊၂၀၂၄။ ကရင်အမျိုးသားအစည်းအရုံး – KNU နယ်မြေ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်)၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်)တွင် ကျေးရွာသို့ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ပြည်သူ ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး ထားသည် KNU ဗဟိုက…

Read More

Loading

ကေအဲန်ယူတပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီတပ်များ စခန်း ၃ ခု စွန့်ခွာထွက်ပြေး ******************************* သံလွင်ခက် ဇန်နဝါရီ ၂၇ ၊ ၂၀၂၄ ။ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ တပ်မဟာ (၂) နယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ စခန်း ၃ ခုစွန့်ခွာထွက်ပြေးခဲ့သည်ဟု…

Read More

Loading

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော် ဖမ်းမိ ********************* ကောင်းချစ်အောင် ဇန်နဝါရီ ၂၆၊ ၂၀၂၄။ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်၌ နမ့်စန်မြို့နယ်ရှိကျေးရွာများတွင် ခိုအောင်းနေကြသည့် တရားမဝင်တရုတ် နိုင်ငံသား…

Read More

Loading

လားရှိုးမြို့ခံကလေးငယ်များ စာမေးပွဲပြန်လာဖြေဖို့ ဖိအားပေးခံနေရ ************************** ယမင်းဖူးပွင့်အောင် ဇန်နဝါရီ ၂၆၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ အခြားမြို့နယ်များသို့ စစ်ဘေးတိမ်းရှောင်နေကြရသော စစ်ရှောင် ကလေးငယ်များ လားရှိုးသို့ပြန်လည်လာရောက်၍ စာမေးပွဲဖြေဆိုရန် စစ်ကောင်စီ၏ဖိအားပေးခြင်း ခံနေရသည် ဟု မိဘပြည်သူများထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်လများကဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လားရှိုးမြို့ပေါ်၌လည်း တိုက် ပွဲဖြစ်လာမည်စိုး၍…

Read More

Loading

လေယာဥ်၊ လက်နက်ကြီးတို့ကြောင့် မူးဒေသခံများ သေဆုံး၊ ဒဏ်ရာရရှိမှု ဆက်တိုက်ဖြစ်နေ ****************************** နန်းဆုပန်ခန့် ဇန်နဝါရီ ၂၆ ၊ ၂၀၂၄ ။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၃၊  ခလယ်လွီထူခရိုင်၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်ဟု…

Read More