ကိုယ်ပိုင်ပြည်နယ်ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟုစစ်ခေါင်းဆောင်ဆို
******************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၇ ၊ ၂၀၂၄။
ကိုယ်ပိုင်ပြည်နယ် အုပ်ချုပ်ခွင့်နှင့် ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟု အာဏာသိမ်းစစ် ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပြောကြားလိုက်သည်။
ယမန်နေ့ကပြုလုပ်သည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးတွင် စစ် ကောင်စီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး လက်ရှိ ကြုံတွေ့နေရသည့် လုံခြုံရေးပြဿနာကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က “ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့် ပတ်သက်၍ နိုင်ငံရေးအရဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုကြောင်းနှင့် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၀၈ အခြေခံဥပဒေသည် မဲပေးခွင့်ရှိသူများ၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံထားသည့် ဥပဒေ ဖြစ်ပြီး တိုင်းပြည်ကို အဆိုပါဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်နေသည်ဟုလည်း အာဏာသိမ်းစစ်ခေါင်း ဆောင်က ထပ်လောင်းပြောကြားသွားသည်။
“၁၀၂၇ စစ်ဆင်ရေး” ၃ လတာကာလအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ မြို့ ၁၅ မြို့ကို ထိန်းချုပ်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားများဖော်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – စစ်ကောင်စီ။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3158
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7304