• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကော့ကရိတ်မြို့အလုံးစုံပျက်စီးအောင် စစ်ကောင်စီဖျက်ဆီး
တိုက်ပွဲသတင်း

ကော့ကရိတ်မြို့အလုံးစုံပျက်စီးအောင် စစ်ကောင်စီဖျက်ဆီး

thanlwinkhetBy thanlwinkhetJanuary 27, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကော့ကရိတ်မြို့အလုံးစုံပျက်စီးအောင် စစ်ကောင်စီဖျက်ဆီး

**********************************

နန်းဆုပန်ခန့်

ဇန်နဝါရီလ ၂၇၊ ၂၀၂၄။

ကော့ကရိတ်မြို့ကို စစ်ကောင်စီက လက်နက်ကြီးများ၊ ဟောင်ဝှစ်ဇာအမြောက်များဖြင့် အချိန် ၄နာရီခန့်အကြာ တောက်လျှောက်က်ပစ်ခတ်ခဲ့ပြီးနောက် ယမန်နေ့ ညသန်းခေါင်ကျော်ချိန်မှ ယနေ့နံနက်ပိုင်းထိ တိုက်လေယာဥ်များဖြင့်ဗုံးကြဲခဲ့သည် ။

ကော့ကရိတ်မြို့ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ မီးရှို့ဖျက်ဆီးနေသလို လက်နက်ကြီး၊ လေယာဥ်တို့ဖြင့်လည်း ပစ်ခတ်၊ဗုံးကြဲမှုများကို ယမန်နေ့ညပိုင်းနှင့်ယနေ့နံနက်ပိုင်းတို့၌ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများနှင့်တော်လှန်ရေးပူးပေါင်းတပ်များထံက သိရသည် ။

ယမန်နေ့ညသန်းခေါင်ကျော်ချိန်  ၁နာရီ ၃၀ မိနစ်နောက်ပိုင်းမှစ၍ ယနေ့ နံနက် နံနက်ပိုင်း ၇နာရီဝန်းကျင် အချိန်အထိ စစ်ကောင်စီက Y-12  Military Transport လေယာဉ် ၂စီး ဖြင့် မြို့တွင်းသို့ ၆၀ ဗုံးသီးများ ၊ ၈၁ ဗုံးသီးများဖြင့် ကြဲချလျက် ကော့ကရိတ်မြို့ အလုံးစုံပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့၌ စစ်ကောင်စီတပ်၏ ခလရ ၂၇၅ နှင့် ခမရ ၁၂ တပ်မှ ည ၆ နာရီမှ ၁၀နာရီဝန်းကျင်ထိ ၁၂၀  လက်နက်ကြီးအပါအဝင် ဟောင်ဝှစ်ဇာများဖြင့်ပစ်နေခဲ့ပြီး ည ၁၂ နာရီနောက်ပိုင်း၌ Y-12 တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ကျားဖြူစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည် ။

၎င်းက ” တစ်ခါကြဲရင် ဗုံး ၁၀ လုံးကနေပြီးတော့ ၁၅ လုံးကြားကြဲပြီးတော့မှ လေယာဉ်တစ်ခါတက်ရင် ၆ ကြိမ်လောက်ကြဲတယ်ပေါ့နော်။ အခုမနက်ထိ သူတို့တောက်လျှောက်ကြဲနေပါတယ် ” ဟု ပြောသည် ။

လက်နက်ကြီးပစ်ခတ်မှုနှင့်ဗုံးကြဲခံရမှုများရှိခဲ့သည့် ကော့ကရိတ်မြို့တွင် ယမန်နေ့ညပိုင်း၌ နေအိမ်များ ယနေ့နံနက်ပိုင်းထိ မီးလောင်မှုများရှိသည်ဟု ဒေသခံများထံမှသိရသည်။

” ဂျူလီယားတန်းက ၂၀ ဝန်းကျင်လောင်တယ်။ အိမ်ကောင်းတွေ၊ ပစ္စည်းအကောင်းတွေပဲ။ တံတားဦးဘက်ကတော့ တစ်ရက်ကို တစ်အိမ် နှစ်အိမ် အဲ့လိုပုံမှန်လောင်တယ်”  ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ကော့ကရိတ်မြို့နှင့် မြို့အနီးဝန်ကျင်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့ချိန်ထိစစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသည် ။

လက်ရှိတိုက်ပွဲကာလအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့ပေါ်ရှိ နေအိမ် ၁၀၀ ကျော်ကိုမီးရှို့ဖျက်ဆီးထားသည့်အပြင်  လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲမှုနှင့် ကင်းထောက်ဒရုန်းများဖြင့် မီးလောင်ဗုံးကြဲချမှုများကို ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ပုံစာ-ယခုလ တတိယအပတ်တွင်း၌ ကော့ကရိတ်မြို့နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့မှု ။

*****************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3159

YouTube – > https://youtu.be/cZ9bsHWX2EU

Website – > https://thanlwinkhet.net/?p=7307

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleကိုယ်ပိုင်ပြည်နယ်ပြဋ္ဌာန်းခွင့်ကို လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍မရဟုစစ်ခေါင်းဆောင်ဆို
Next Article ရှမ်း/တောင်တွင် ဖမ်းဆီးထားသောတရုတ်နိုင်ငံသားများကို နေရာရွှေ့
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.