သံလွင်ခက် ဩဂုတ် ၁၇၊၂၀၂၄။ ရခိုင်ပြည်နယ် ၊ မောင်တောမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေရသော မောင်တောမြို့ရှိ ဒေသခံနှင့် အနီးဝန်းကျင်ရှိ ဒေသခံများတွင် ဝမ်းပျက်၊ဝမ်းလျှောရောဂါဖြစ်ပွားနေသည့်အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေသည်ဟု အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့်အတွက် မြို့အတွင်းပိတ်မိနေကြသော ဒေသခံများနှင့် စစ်ပွဲနှင့် နီးစပ်သည့်နေရာမှ ဒေသခံများအား အာရက္ခတပ်တော်က ဘေးကင်းရာသို့…