သံလွင်ခက်
ဩဂုတ် ၁၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ၉ လ အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက် ည ၈ နာရီဝန်းကျင်တွင် စွယ်တော်ကုန်းတပ်စခန်းက ကော့ကရိတ်မြို့နယ်၊ ထီးမူးထ ကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စောလေးလိုဝါး အသက် (၉) လသေဆုံးခဲ့ရပြီး စောသာမိုး (၅) နှစ်၊ မချစ်စု (၂၉) နှစ်၊ စောအဲစေး (၄) နှစ်၊ နော်တို့ (၅၅) နှစ်နှင့် (၅) စောအဲဟေပေါ့ (၃၀) နှစ်တို့ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် KNU က ထုတ်ပြန်ထားသည်။
ပုံစာ − စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ။( ဓာတ်ပုံ – KNU )