ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၃၊ ၂၀၂၄။
မန်း- PDF အနေဖြင့် ရှမ်း-မန်းစစ်ဆင်ရေးတွင် ရည်မှန်းထားသည့် စစ်ရေးပစ်မှတ်များ၏ ၈၀ ရာခိုင်နှူန်းခန့်ကို အောင်မြင်အောင်ဖော်ဆောင်ထားနိုင်ပြီဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ထုတ်ပြန်သည်။
ထိုသို့ စစ်ဆင်ရေးများကိုအောင်မြင်စွာဖော်ဆောင်နိုင်ခြင်းသည် MDY-PDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှပါဝင်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မန်း-PDF နှင့်အတူ ကျောက်ဆည်ခရိုင် တပ်ရင်း ၁၊ ၂၊ မြင်းခြံခရိုင်တပ်ရင်း-၄၊ မတ္တရာမျိုးမှန်တပ်ဖွဲ့တို့အပြင် စစ်ကိုင်းတိုင်းမှ ရွှေဘိုခရိုင်တပ်ရင်းများအပါအဝင် စုစုပေါင်းမဟာမိတ်တပ်ဖွဲ့ ၂၁ ဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဂုဏ်ပြုမှတ်တမ်းတင်ထားသည်။
မန်း- PDF နှင့် မဟာမိတ်တပ်ဖွဲ့များ၏ ဟန်ချက်ညီညီပူးပေါင်းထိုးစစ်ဆင်မှုများကြောင့် စစ်ကောင်စီသည် အထိနာကျ ရှုံးမှုများရင်ဆိုင်နေရပြီး မန္တလေးတိုင်း၊ မိုးကုတ်နှင့် စဉ့်ကူးမြို့နယ်များအပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-MDY-PDF