ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၃၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် EPC ရုံးဝန်းအတွင်းရှိ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယနေ့တွင်ထုတ်ပြန်သည်။
ယမန်နေ့ ည ၁၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် သုံးကြိမ်လာရောက်ပြီး ဗုံး ၆ လုံးကြဲချခဲ့ခြင်းကြောင့် အသက် (၃၀) အရွယ်ဒေသခံ (၁) ဦး သေဆုံးသွားကာ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာစက်များထိခိုက်ပျက်စီးခဲ့ပြီး မြို့မဂိုဏ်းချုပ်ကျောင်းနှင့် ဒေသခံနေအိမ်အဆောက်အဦး (၅) လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ် ၆ ရက်နေ့ကလည်း TNLA အုပ်ချုပ်ရာ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- TNLA