သံလွင်ခက် စက်တင်ဘာ ၄၊ ၂၀၂၄။ ကရင်နီပြည်အတွင်း အချက် (၄) ချက်ပါဝင်သည့် တရားဥပဒေစိုးမိုးရေးစီမံချက်ကို အကောင်အထည်ဖော်သွားမည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC က ယနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းစီမံချက်တွင် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများအပါအဝင် တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့်မညီသောလုပ်ငန်းများ၊ တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင်လက်နက်များကိုင်ဆောင်မှုနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုတို့အပြင် မြေပြင်နှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းတို့ပါဝင်သည်။ ယင်းစီမံချက်ကို…