ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၂၊ ၂၀၂၄။
ချင်းပြည်နယ် မင်းတပ်မြို့တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ရသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က ယမန်နေ့တွင်ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ဖြင့် အများဆုံးတိုက်ခိုက်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းတပ်မြို့ပေါ်ရှိ ပြည်သူများ၏ နေအိမ်အလုံး ၃၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံရစဉ်။
ဓာတ်ပုံ-CDF-Mindat