သံလွင်ခက်
နိုဝင်ဘာ ၂၊၂၀၂၄။
မွန်ပြည်နယ် ၊ ကျိုက်ထိုမြိုနယ်သို စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့်ဖြင့် ကျိုက်ထိုမြို နယ် မဲရုံးကြီးကျေးရွာဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။
အဆိုပါစစ်ကြောင်းမှာ မိုးဘော(နတ်စဉ်)ကျေးရွာနှင့် ကျောက်ဖျာကျေးရွာသို ရောက်ရှိလာသည့်အတွက် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ မနေ့က မိုးဘော(နတ်စဥ်)အထိ ရောက်လာပြီး အခု မနက် ပြန်ဆင်းသွားပြန်တယ်။
နတ်စဥ် ၊ကျောက်ဖျာ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်။
တိုက်ပွဲ အကြီးသံတွေသိပ်မကြားရဘူး ထိတွေ့မှုဖြစ်ရင်လည်း ခဏပဲ”ဟု ဆိုသည်။
ကျိုက်ထိုမြိုနယ်အတွင်း စစ်ကြောင်း ၃ကြောင်းရောက်ရှိနေကာ တော်လှန်ရေးအင်အားစုများနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲဝင်အချို ဒဏ်ရာရပြီး ထိခိုက်သေဆုံးမှုရှိနေသည်ဟု ၎င်းကဆက်ပြောသည်။
“ရဲဘော်တစ်ဦးကျတာ ဟုတ်ပါတယ်ဗျ။ ကျန်တဲ့ရဲဘော်တွေ မကျအောင် အားလုံးဆုတ်ခွာနေရတဲ့ အနေအထားမို လတ်တလောအခြေအနေ ပြောပြဖို ခက်နေလို့ပါ”ဟု ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လက ကျိုက်ထိုမြိုနယ် ပိန္နဲကုန်းနှင့် ကျောက်တန်းလေးကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲများ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် လေးလခန့်အကြာတွင် တကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ပုံစာ-ကျိုက်ထို စစ်ဘေးရှောင်များ(ပုံအဟောင်း)
ဓာတ်ပုံ-MPM