သံလွင်ခက် မေ ၁၉ ၊ ၂၀၂၃ ။ မိုခါမုန်တိုင်းကာလအတွင်း၌ လေကြောင်းတိုက်ခိုက်မှုခံရသည့် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးသည့်မြို့နယ်များကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ရာတွင်လည်း ချန်လှပ်ထားခဲ့သည်ဟု သိရသည်။ ချင်းပြည်နယ်အတွင်း၌ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သောမြို့နယ်များအနက် မတူပီ ၊ ပလက်ဝ ၊ ဟားခါးနှင့်တီးတိန်မြို့နယ်များကိုသာ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် စစ်ကောင်စီက…