သဇင်
မေ၁၈၊၂၀၂၃။
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကျိုက်ထိုတော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ မေလ၁၈ရက်၊ နံနက် ၇နာရီ ခန့်တွင် ဘီလင်းမြို့နယ်၊ မယ်လံရွာဘက်မှ ဆင်းလာသည့် အင်အား(၁၀၀)ခန့်ရှိစစ်ကြောင်း နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ နယ်ခြားရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်ပစ်ခတ်ချိန် (၁၂)မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့သည်ဟုKyaikhto Revolution Force (KRF)တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို အတည်ပြုပြောဆိုသည်။
“အပြန်အလှန်ပစ်ခတ်တာကတော့ ၁၂မိနစ်ပဲကြာခဲ့ပါတယ်။သူတို့ဘက်က သုံးယောက် နေရာမှာတင် ပွဲချင်ပြီးသွားတယ်“ဟု ၎င်းကပြောသည်။
အဆိုပါစစ်ဆင်ရေး ကို Kyaikhto Revolution Force (KRF)နှင့် KNU/KNLAတပ်ခွဲ(၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
မေလ ၁၆ရက် ၊ည၆နာရီခန့်ကလည်း မွန်ပြည်နယ်၊ဘီလင်းမြို့နယ်၊ နတ်ကြီးစခန်းအား ကျိုက်ထိုတော်လှန်ရေးအင်းအားစုများက Droneဖြင့် ဗုံးသီးချတိုက်ခဲ့သည်။
Photo Crd-ရှေ့တန်းစစ်မြေပြင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမြင်ကွင်း။
********************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1109
YouTube -> https://youtu.be/xt0SgZzGK9A
Website -> https://thanlwinkhet.net/?p=4385
Website ->https://eng.thanlwinkhet.net