အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ) သို့ ရောက်ရှိနေချိန်တွင်လက်နက်ကြီးပစ်ခတ်မှုများဆောင်ရွက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။ ယမန်နေ့နေ့လည် ၂နာရီခန့်မှစ၍ နမခဌာနချုပ်ရှိ ဂိတ်များကို ၆၀ မမဖြင့် လေးချက်၊ ၁၂၀ မမဖြင့် လေးချက်စုစုပေါင်းရှစ်ချက်ပစ်ခဲ့သည်ဟု Chindwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။ ၎င်းက “ပစ်ခတ်ချိန်က မိနစ်သုံးဆယ်လောက်ကြာတယ် ၊မင်းအောင်လှိုင်ရောက်နေတာသိလို့…