• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ
  • မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်
  • စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ
  • ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
  • မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့
  • စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ
  • စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်တည်း အရပ်သား ၁၄ ဦး သေဆုံး
  • ရသေ့တောင်ကို လက်နက်ကြီးကျ ဒေသခံတစ်ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»သက်တန့်ရောင် တော်လှန်ရေး
သတင်းဆောင်းပါး

သက်တန့်ရောင် တော်လှန်ရေး

thanlwinkhetBy thanlwinkhetMarch 18, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ခေါင်းဆောင်နဲ့အပြိုင် နိုင်ငံတော် အခြေပြုမိန့်ခွန်းတွေကို မကြာခဏ ထွက်ပြောလာသူတစ်ဦးကတော့ အရင်က ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ WMR ဥက္ကဌ ကချင် နိုင်ငံရေးသမားတစ်ဦးပါ။

သူဟာ ကြားကာလအစိုးရတစ်ဖြစ်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ တစ်ဦးဖြစ်ပါတယ်။ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူအများစုက သူ့ရဲ့ နိုင်ငံတော် အခြေပြုမိန့်ခွန်းတွေကို အရေးတယူ နားစွင့်ထားကြရပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်မားဆုံးတာဝန်ကို ထမ်းဆောင်နေရတဲ့ ယာယီသမ္မတ ဒူဝါလရှီးလဟာ ကချင်တိုင်းရင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပါဝင်လာကြတဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းကြသူတွေထဲမှာ အစိုးရပိုင်းမှာသာမကတော်လှန်ရေးအင်အားစုတွေဟာ အရွယ်စုံပြီး အရောင်စုံလှပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံအတွင်း မွေးဖွား ကြီးပြင်း နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကြားမှာ ဘာသာလူမျိုးထက် အာဏာရှင် စနစ်ပျက်သုဉ်းရေးဟာ အရင်က သဟဇာတ မဖြစ်ခဲ့တဲ့ မျိုးနွယ်စုတွေအကြားပေါင်းစည်းပေးလိုက်သလိုလည်း ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“နှစ်နှစ်ကျော်ကာလမှာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ နေရာဒေသအသီးသီးက ဒီစစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့တယ်” လို့လည်း တော်လှန်ရေးလူငယ်တစ်ဦးက ပြောပါတယ်။

နိုင်ငံရေး ဦးဆောင်မှု ထိပ်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုး NUG ထဲမှာလည်း NUG သမ္မတ အပါအဝင်နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အဖွဲ့အစည်းပေါင်းစုံကကိုယ်စားပြုတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ ခန့်အပ်ထားပါတယ်။

ဒါနဲ့ပတ်သက်လို့ အသက် ၂၆ နှစ်အရွယ် ကရင်လူငယ်တစ်ဦးက “ခေတ်အဆက်ဆက်က တိုင်းရင်းသားလူနည်းစုတွေ တောင်းဆိုခဲ့တဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်တွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေကိုယ်တိုင် ရှေ့ကနေမားမားမတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရမှာမို့လို့ ကောင်းမွန်တဲ့ အချက်အလက်လို့ လက်ခံထင်မြင်ပါတယ်” လို့  ပြောပါတယ်။

NUG အစိုးရအဖွဲ့မှာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၃၈ ရာခိုင်နှုန်း ပါဝင်ပြီးကျန်တဲ့ ၆၀ ရာခိုင်နှုန်းကျော်မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ စုစည်းထားတယ်လို့ NUG ပြောခွင့်ရ ဦးကျော်ဇောကပြောပါတယ်။

“အမျိုးသားညီညွတ်ရေးအစိုးရထဲမှာဆိုရင် ကျယ်ကျယ်ပြန့်ပြန့် လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ နိုင်ငံရေးပါတီတွေ ပူးပေါင်းပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။မြန်မာနိုင်ငံသမိုင်းမှာဆိုရင်လည်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုရုံးလာတဲ့ ကာလတစ်ခုလို့လည်း ပြောလို့ရပါတယ်” လို့ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက ကချင်တိုင်းရင်းသား ခရစ်ယာမ် ဘာသာဝင်ဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းကတော့ ကရင်တိုင်းရင်းသားဖြစ်ပါတယ်။

အရေးကြီးဆုံး ထိပ်ပိုင်းခေါင်းဆောင်နှစ်ယောက်နေရာမှာ တိုင်းရင်းသားလူနည်းစုတွေက ဦးဆောင်နေတာပါ။

“အရင်က ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးစု တစ်ဦးချင်းစီမှာ မြန်မာစစ်တပ်ကနေ ဖိနှိပ်တာတွေ၊ မုဒိန်းမှုတွေကိုကျူးလွန်ခဲ့တာတွေ၊ ရွာလုံးကျွတ်ကို မီးရှို့ခဲ့တာတွေကို ကျွန်တော်တို့ ခေါင်းဆောင်တွေကနေတဆင့် ချပြခွင့်၊ ပြောပြခွင့် ရှိခဲ့မယ်။ အဲဒီလိုမျိုးရှိလာရင် ကျွန်တော်တို့ အရမ်းဝမ်းသာပီတိဖြစ်မယ် “ လို့ အသက် ၂၆နှစ်အရွယ် ကရင်လူငယ်က ဆိုပါတယ်။

စစ်တပ်အနေနဲ့ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ထဲမှာခွဲခြားဆက်ဆံမှုဆိုတာကို ပီပီပြင်ပြင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ဆက်ဆံရေး၊ ဝါဒဖြန့်ချိရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဆိုပြီးလည်း တောက်လျှောက်လုပ်နေတာ အခုချိန်အထိဖြစ်တယ်လို့စစ်ဘက်ဆိုင်ရာ CDM အရာရှိတွေဆီက သိရပါတယ်။

ပေါင်းစည်းရခက်အောင် သပ်လျှိုသွေးခွဲထားတဲ့ အစဉ်အလာတွေကနေ ဖောက်ထွက်ပြီး စုံလင်ကွဲပြားမှုကနေနိုင်ငံတိုးတက်ရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို အဖြေရှာရမယ်လို့ ဘာသာပေါင်းစုံ တက်ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း အစ္စလာမ်ဘာသာဝင် ဦးထွန်းကြည်က “ဦးဆောင်သူတွေရဲ့ အတွေးအခေါ်ကလည်းပန်းတိုင်းပွင့်ကြပါစေဆိုတဲ့ ရည်ရွယ်ချက် ရှိရမယ်။ ဒီအတွေးအမြင်တွေနဲ့ ဆောင်ရွက်မှသာလျှင် သွေးတွေ မတူသော်ငြားလည်း စိတ်တူကိုယ်တူလုပ်တဲ့အခါမှာတော့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို သိသိသာသာ မြင်ရမယ်” လို့ ပြောပါတယ်။

လက်ရှိနိုင်ငံရေး ဦးဆောင်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေက ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ဦးတည်တိုက်ပွဲဝင်နေကြတာပါ။  ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်တဲ့အခါ တန်းတူညီမျှအခွင့်အရေးနဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်လို့ တော်လှန်ရေးအင်အားစုတွေကသုံးသပ်ကြပါတယ် ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် လက်နက်ကိုင်လူငယ်တစ်ဦးက “မြန်မာနိုင်ငံမှာ ရှိတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေကတရားမျှတမှု၊ တန်းတူညီမျှမှု၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လိုအပ်တယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကြီးကြပ်မှုနဲ့ တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်တပ်စခန်းတွေမှာဆိုလည်းလူနည်းစုဘာသာဝင်တွေအပါအဝင် ဘာသာ၊ လူမျိုး ကိုးကွယ်မှု မတူတဲ့ အရောင်အသွေးစုံတဲ့ လူငယ်တွေ ရှိနေပါတယ်။

လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကြားမှာ သဟဇာတ ဖြစ်ဖို့ ကြိုးစားနေတဲ့ မျိုးဆက်သစ်လူငယ်တွေကအပြန်အလှန် နားလည်မှုနဲ့ ရှေ့ဆက်နေကြတယ်လို့ ဆိုပါတယ်။

အသက် ၂၀ အရွယ်ရှိ အစ္စလာမ် လူငယ်တစ်ဦးကတော့ “ ဒီစခန်းမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် ၄ ယောက်ရှိတယ်။ ကျွန်တော်တို့ ဝတ်ပြုတဲ့အခါကျရင်လည်း လွတ်လွတ်လပ်လပ် ဝတ်ပြုလို့ ရတယ်။ ကျွန်တော်တို့ ဝတ်ပြုတဲ့အခါ တာဝန်ရှိတယ်ဆိုရင်တောင်မှ သူတို့က နားလည်ပေးတယ်။ ဒါတွေက ကျွန်တော်တို့အတွက် ကြည်နူးမှု ရတယ်” လို့ ပြောပါတယ်။

အရင်က ရှိခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကို တဖန် ပြန်လည် မပေါက်ဖွားအောင် ဆောင်ရွက်ပြီးမှားယွင်းလုပ်ဆောင်ခဲ့တာတွေ ရှိရင်လည်း ကျူးလွန်သူတွေက တောင်းပန်ရမယ်လို့ ဦးထွန်ကြည်က ဆိုပါတယ်။

ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄ က အရာရှိတစ်ဦးကလည်း “ဒီစစ်အာဏာရှင်စနစ် ပျက်သုဉ်းဖို့ဆိုရင်တော့ ဒီNUG ထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေက ကျန်တဲ့ မျိုးနွယ်စုတွေကို စည်းရုံးနိုင်ဖို့လည်း လိုတယ်။ သူတို့ရဲ့ အခန်းကဏ္ဍဦးဆောင်မှုတွေ ပိုပြီးတော့ ပေါ်လွင်စေချင်တယ်” လို့ ပြောပါတယ်။

“တော်လှန်ရေးမှာ အားလုံး တပြိုင်နက်တည်း တချိန်တည်း ဆောင်ရွက်ရမယ့် အချိန်ကို ရောက်လာတော့မယ်။အဲဒီအချိန်ကျရင်တော့ အားလုံး မခိုမကပ်ပဲ အားလုံး တပြိုင်နက်တည်း တချီတည်း ရုံးရမယ့် ကာလဆိုရင်တော့အားလုံးဝိုင်းပြီး ရုံးပေးကြပါလို့ ပြောချင်ပါတယ်” လို့လည်း ၎င်းက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ စနစ်တကျ အကွက်ချပြီး ဆောင်ရွက်ခဲ့တာတွေကို ချေဖျက်နိုင်တာကလည်းနွေဦးတော်လှန်ရေးရဲ့ အမြတ်လို့ တက်ကြွလှုပ်ရှားသူတွေက မှတ်ယူကြပါတယ်။

ဆိုးရွားလှတဲ့ အခြေနေတွေအကြား အသက်လု ရုန်းကန်နေကြတဲ့ မြန်မာပြည်သူတွေကြားက နားလည်မှု၊ ကိုယ်ချင်းစာမှုနဲ့ အပြန်အလှန် ဖေးမမှုတွေဟာ အရင်က နားလည်မှုထက် ပိုတဲ့ မေတ္တာတွေ ထုံမွှမ်းထားပါတယ်။

ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အရင်းတည်ပြီး လူသားဆန်မှုနဲ့တရားမျှတမှုကိုတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှ အကောင်ထည်ဖော်နိုင်မယ်လို့ လူငယ်တွေက ယုံကြည်နေကြပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Article​နေပြည်​တော်၊ လယ်​ဝေးမြို့အနီးရှိ ခမရ (၆၀၄) တပ်ရင်းကို NUG PDF ပစ်ခတ်တိုက်ခိုက်
Next Article နွေဦးတော်လှန်ရေးအမြတ်
thanlwinkhet
  • Website

Related Posts

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025

Leave A Reply Cancel Reply

Recent Posts

  • နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ
  • မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်
  • စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ
  • ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
  • မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ

မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်

စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ

October 2, 2025

မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်

October 2, 2025

စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

October 1, 2025

ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

October 1, 2025

မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့

October 1, 2025

စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ

September 30, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.