• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ချင်းတောင်လမ်းကြောင်း အထိအခိုက်များ၍ ယောဒေသလမ်းကြောင်းအသုံးပြုလာသည့် စစ်ယာဥ်တန်းအကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၄၀ ကျော်သေဆုံး
တိုက်ပွဲသတင်း

ချင်းတောင်လမ်းကြောင်း အထိအခိုက်များ၍ ယောဒေသလမ်းကြောင်းအသုံးပြုလာသည့် စစ်ယာဥ်တန်းအကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၄၀ ကျော်သေဆုံး

thanlwinkhetBy thanlwinkhetMarch 18, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

လက်နက်၊ခဲယမ်းများတင်ဆောင်လာသည့် ကား၃၂စီး နှင့်အင်အား ၄၀၀ ကျော်ပါစစ်ကောင်စီတပ်ယာဥ်တန်းကိုထီးလင်းမြို့နယ်အတွင်းကိုဖြတ်သန်းလာခဲ့ရာ အကြိမ်ကြိမ်တိုက်ခိုက်နိုင်ခဲ့သည်ဟု Yaw Revolution Army-YRA ခေါင်းဆောင်သခင်ဇော်က သံလွင်ခက်ကိုပြောသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ မတ်လ ၁၀ရက်တွင် ထွက်လာသော စစ်ယာဥ်တန်း အစီး ၇၀ ကျော်ပါစစ်ကြောင်းသည်   ပခုက္ကူ–ကျောက်ထု–မင်းတပ်–မတူပီလမ်းအတိုင်း ပုံတောင်၊ပုံညာကိုဖြတ်၍ ချင်းတောင်ဘက်တက်လာခဲ့ရာ မတ်လ ၁၃ရက်တွင် ကျောက်ထုအမြောက်တပ်ထဲသို့ရောက်ရှိခဲ့သည်။

ထို့နောက်အဆိုပါစစ်ယာဥ်အနက်ကား ၃၂ စီးနှင့်အင်းအား ၄၀၀ ကျော်တို့သည် ကျောက်ထုမှ မတ်လ ၁၅ရက်တွင်ထီးလင်း–ဂန့်ဂေါလမ်းသို့ထွက်ခွာလာခဲ့ရာ ကာကွယ်ရေးတပ်များက အကြိမ်ကြိမ်ကြားဖြတ်တိုက်ခဲ့သည်။

” ရှေ့ပွိုင့်က ရှေ့ပြေးအင်အားက ၂၀၀ နီးနီးလောက်ရှိတာပေါ့နော်။ ကားပေါ်မှာပါလာတာနဲ့ဆို အင်အားက ၄၀၀ နဲ့အထက်မှာပဲရှိတယ်ဗျ “ဟု သခင်ဇော်ကသံလွင်ခက်ကို ပြောသည်။

အင်အား ၄၀၀ ကျော်ပါ စစ်ကြောင်းတပ်ယာဥ်တန်းနှင့်ရှေ့ပြေးတပ်ဖွဲ့များကို ကာကွယ်ရေးမဟာမိတ်များကမတ်လ ၁၅ ရက်နှင့်၁၆ရက်တို့တွင် ၅ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြသည်။

မတ်လ ၁၅ ရက်နှင့် ၁၆ရက်တို့၌ ဆောင်ရွက်ခဲ့သည့်စစ်ဆင်ရေးများကို ဂန့်ဂေါခရိုင်တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း၊  ဂန့်ဂေါခရိုင်တပ်ရင်း(၁၈)-YNRF၊ ယောကာကွယ်ရေးတပ်-YDF တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)မှ လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု YRA ခေါင်းဆောင်သခင်ဇော်က သံလွင်ခက်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ယာဥ်တန်းသည် သုံးရက်တာကာလအတွင်းတွင် ၁၈ မိုင်ခန့်သာခရီးတွင်ထားပြီး သေဆုံး၄၀ ကျော်နှင့် ဒဏ်ရာရသူ ၃၀ ကျော်ခန့်ထဲမှ ထပ်တိုးသေဆုံးမှုများရှိနေကာ အလွန်အမင်းအထိနာလျှက်ရှိသည်ဟုYRA က သတင်းထုတ်ပြန်သည်။

” မိုင်းဆွဲရဲဘော်တွေက သူတို့မျက်စိရှေ့မှာမြင်တွေ့ခဲ့ရတာတွေ ၊ကားပေါ်ဆွဲတင်သွားတာမြင်တွေ့ခဲ့ရတာတွေနဲ့တခြားက ခိုင်လုံတဲ့သတင်းပေးပို့ချက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်တာဖြစ်ပါတယ် “ဟု YRA ခေါင်းဆောင် သခင်ဇော်က ပြောသည်။

စစ်ကောင်စီတပ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ခဲ့သည့် နေရာများအား ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းမှုတချို့ပြုလုပ်ထားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်အလောင်း ၄ လောင်းကိုမြေမြှုပ်ထားမှုနှင့် မီးရှို့ဖျက်ဆီးထားသည့် အလောင်းတချို့ကိုတွေ့ရှိရသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ယာဥ်တန်းသည် ထီးလင်းမြို့နယ်အတွင်းရှိ အဲနားကျေးရွာနားတွင်ရှိနေသေးပြီး ဂန့်ဂေါဘက်လမ်းကြောင်းနှင့် ဟားခါး–မတူပီဘက် လမ်းကြောင်း မည်သည့်ဘက်လမ်းကြောင်းကို ဆက်သွားနိုင်မည်ကို မသိရနိုင်သေးဟု သခင်ဇော်က ယနေ့နံနက် နံနက် ၁၀ နာရီခွဲကျော်တွင် ပြောသည်။

ပခုက္ကူဘက်မှချင်းတောင်ဘက် ထွက်လာသည့်စစ်ကောင်စီတပ်ယာဥ်တန်းများသည် ခါတိုင်းဆိုလျှင် ကျောက်ထု–မင်းတပ်–မတူပီလမ်းအတိုင်းတက်လျက်ရှိနေရာ ယခင်အကြိမ်များ၌ CDF များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှုများခဲ့သည်။

ထို့ကြောင့်ယခုအကြိမ်တွင် စစ်ကားတချို့ဖြင့် ကျောက်ထု–ထီးလင်း–ဂန့်ဂေါလမ်းကြောင်းကို စမ်းသပ်သဘောဖြင့်ထွက်လာခြင်းဖြစ်သည်ဟု သခင်ဇော်က သုံးသပ်ပြောကြားသည်။

” သူတို့အရင်က ကားအစီး ၈၀ ၊ ၉၀ လောက်တက်ခဲ့တဲ့အခါမှာ တောင်ပေါ်ဒေသတွေမှာ အထိနာမှုတွေအများကြီးရှိခဲ့တာပေါ့နော်။ ကျွန်တော်တို့ဘက်လမ်းကြောကို ကားတချို့ခွဲထွက်လာတာက ဒီလမ်းပိုင်းရဲ့ အခြေအနေရောအင်းအားစုတွေရဲ့ အခြေအနေပါ စမ်းကြည့်တဲ့အနေနဲ့ လမ်းဖောက်ကြည့်သဘောလို့ ယူဆပါတယ် “ဟု သခင်ဇော်ကပြောသည်။

စစ်ကောင်စီတပ်သည် ကျောက်ထု–ထီးလင်း–ဂန့်ဂေါလမ်းကြောင်းတွင် ပြီးခဲ့သော၂၀၂၁ ခုနှစ် မေလတွင် စစ်ကား၆ စီးဖြင့် ယာဥ်တန်းဖြတ်သန်းခဲ့ပြီး ထိုစဥ်ကလည်း မိုင်းဆွဲတိုက်မှုများခံခဲ့ရသည်ဟု သိရသည်။

ခုခံစစ်များအားမကောင်းသေးသည့်အချိန် ၂၀၂၁ ခုနှစ်အစောပိုင်းကတည်းက ဖြတ်သန်းချိန်၌ တိုက်ခိုက်ခံရသောစစ်ကောင်စီတပ်သည် ၂၂ လခန့်အကြာမှ  ထီးလင်းမြို့နယ်အတွင်းကို ပထမဆုံးအကြိမ် ယာဥ်တန်းဖြင့် ဖြတ်သန်းလာခဲ့ရာတွင်လည်း အကြိမ်ကြိမ်တိုက်ခိုက်မှု ခံရခြင်းဖြစ်သည်။

ထီးလင်းမြို့နယ်အတွင် ဖြတ်သန်းလာသည့်စစ်ကောင်စီတပ်ယာဥ်ကို တိုက်ခိုက်မှုဖြစ်စဥ်၊ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ယမန်နေ့ မတ်လ ၁၇ရက်တွင် YRA ထီးလင်းက သတင်းထုတ်ပြန်ထားသည်။

ပထမအကြိမ်တိုက်ခိုက်မှု

*******************

ယာဥ်တန်းအားလုံခြုံရေးယူပေးရန် မတ်လ ၁၅ရက် နံနက်ပိုင်း ၉ နာရီကျော်အချိန်ကတည်းကကြိုထွက်လာသောထီးလင်းစစ်ကြောင်းမှ အင်အား ၅၅ ဦးပါရှေ့ပွိုင့်တပ်ဖွဲ့သည်   ထီးလင်း–ပုဏ္ဏားကြားရှိ မိုင်းကွင်းအတွင်းသို့ဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ထီးလင်းမြို့ထွေအုပ်ရုံးမှ Light Truck ကားနှစ်စီးလာရောက်၍သေဆုံး၊ဒဏ်ရာရများအားတင်ဆောင်ကာ ထီးလင်းမြို့သို့ ပြန်ဝင်သွားကြသည်။

ဒုတိယအကြိမ်တိုက်မှု

**************

မတ်လ ၁၅ရက် နေ့လည် ၁နာရီခန့်တွင် ရွှေခုံတိုင်ရွာ၏တောင်ဘက်နားသို့ရောက်ရှိလာသော ကားတန်းပေါ်ပါစစ်ကောင်စီတပ်ဝင်တချို့နှင် ထီးလင်းစစ်ကြောင်းများထဲမှ ရှေ့ပြေးထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးခန့်သည် မန်ကျည်းပင်စခန်း၌အရိပ်ခိုအနားယူရန် စုစည်းရောက်ရှိနေကြစဥ် ကာကွယ်ရေးတပ်များက အသင့်ပြင်ဆင်ထားသောမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်ပွဲချင်းပြီးသေဆုံးပြီး ခြေပြတ်လက်ပြတ်များအပါအဝင် ကျန်သူများအားလုံးဒဏ်ရာရရှိသွားသဖြင့် နာရီအတော်ကြာအလောင်းသယ်၊လူနာရွှေ့လုပ်နေကြ​ရသည်ဟု မျက်မြင်စောင့်ကြည့်ခဲ့သူ  YRA-ထီးလင်း၏ မိုင်းတာဝန်ခံဗိုလ်လင်းဘကြီးမှပြောသည်။

ထိုတိုက်ခိုက်မှုတွင် တပ်တွင်းဖရဲသီးမှထပ်မံပေးပို့လာသောသတင်းအရ ၂၆ ဦးပွဲချင်းပြီးသေဆုံးပြီး ​ခန္ဓာကိုယ်အပိုင်းအစများအား မီတာငါးဆယ်အကွာအဝေးခန့်အထိ လိုက်လံကောက်ယူခဲ့ရကြောင်းနှင့်  အဆိုပါဖြစ်စဥ်အတွင်း၌ ဖောက်ခွဲရေးရဲဘော်များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ရန် လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း YRA ကထုတ်ပြန်ထားသည်။

တတိယအကြိမ်တိုက်ခိုက်မှု

********************

သေဆုံးအလောင်းများကို  ရွှေခုံတိုင်ကျေးရွာနေအိမ်များပေါ်တင်၌ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမှအင်အား၁၀ ဦးကျော်ပါသောတပ်စိတ်တစ်ခုသည် ရွှေခုံတိုင်ကျေးရွာ၏မြောက်ဘက်သို့ကင်းပတ်ထွက်လာကြစဥ် မတ်လ ၁၅ရက် ညနေ ၄နာရီခွဲခန့်တွင် အသင့်စောင့်ဆိုင်းနေသော ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ  ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပူးပေါင်းတပ်များ၏စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ မတ်လ ၁၅ရက်တစ်နေ့လုံး ၃ ကြိမ်တိုက်ခိုက်ခံရပြီး အထိနာမှုကြောင့် ကားတန်းမှာရှေ့ဆက်မသွားနိုင်ဘဲ ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြသည်။

စတုတ္ထအကြိမ်တိုက်ခိုက်မှု

***************

မတ်လ ၁၅ရက်တစ်ညလုံးနှင့် မတ်လ ၁၆ရက်တစ်နေကုန်နီးပါး ရွှေခုံတိုင်ကျေးရွာတွင်နားနေခဲ့သော စစ်ကောင်စီတပ်ယာဥ်တန်းသည် မတ်လ ၁၆ ရက် ညနေပိုင်း ၄ နာရီခန့်တွင်  မရဲတရဲဖြင့်ရှေ့ဆက်တိုးလာကြရာ ရွှေခုံတိုင်ကျေးရွာမြောက်ဖက် ဇီးတောလမ်းခွဲအနီးတွင် ခေတ္တခနရပ်နားခဲ့သည်။

ရပ်နားနေစဥ် စစ်တပ်၏မိုင်းကျွမ်းကျင်အင်ဂျင်နီယာနှစ်ဦးမှ မိုင်းတစ်လုံးအားဖြုတ်ရန်ကြိုးစားနေစဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အဆိုပါမိုင်းကျွမ်းကျင်အင်ဂျင်နီယာနှစ်ဦးစလုံးပွဲချင်းပြီးသေဆုံးခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သူ ဂန့်ဂေါခရိုင်တပ်ရင်း( ၁၅/၁၆/၁၇)-YRA ထီးလင်း၏ မိုင်းတာဝန်ခံ ဗိုလ်လင်းဘကြီး၏မျက်မြင်ပြောဆိုချက်အရစစ်ကောင်စီတပ်၏ မိုင်းကျွမ်းကျင်အင်ဂျင်နီယာနှစ်ဦးသည် အရိုး၊အသားများလွင့်စင်သွားသည့်အထိ ဖြစ်ခဲ့သည်ဟု သိရသည်။

ပဥ္စမအကြိမ်တိုက်ခိုက်မှု

*******************

မိုင်းဖြုတ်နေသည့်စစ်ကောင်စီအင်ဂျင်နီယာနှစ်ဦးတိုက်ခိုက်ခံရပြီးနောက် စစ်ကားတန်း၏အင်အား ၁၀ဦးခန့်ပါတပ်စိတ်တစ်စိတ်မှ ရှေ့ပွိုင့်အဖြစ်လုံခြုံရေးယူရန်ထွက်လာစဥ် ထိန်တိုင်းကျေးရွာမြောက်ဘက်ရေရှင်ကျေးရွာလမ်းခွဲဇရပ်အနားအရောက်တွင် အသင့်စောင့်ဆိုင်းနေသောပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့သည်။

ကာကွယ်ရေးတပ်ဖွဲ့များ၏ လက်ဦးမှုရယူတိုက်ခိုက်မှုကြောင့် အဆိုပါတပ်စိတ်မှ ၇ ဦးခန့်သေဆုံးပြီး ၃ဦး ခန့်သာအသက်ရှင်ကျန်ရစ်ခဲ့သော်လည်း ကျည်မလုံလောက်မှုကြောင့် ပေါင်းတပ်ဖွဲ့များမှာ တပ်စိတ်တစ်စိတ်လုံးအပြုတ်တိုက်၍လက်နက်သိမ်းဆည်းခဲ့မျိုးကို မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု YRAက ထုတ်ပြန်သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာ့အရေး တရုတ် ကြားဝင်ဆောင်ရွက်မှု မြောက်ပိုင်းလက်နက်ကိုင်များ ထောက်ခံ
Next Article ရွှေဘိုဆိပ်ခွန်ရွာကို လေကြောင်းမှတိုက်ခိုက်နေ
thanlwinkhet
  • Website

Related Posts

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

June 6, 2025

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.