• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချင်ပန်ဇီအကြောင်း အထူးပြုလေ့လာသူ ကွယ်လွန်
  • စစ်တပ်ကြောင့် သုံးလအတွင်း အရပ်သား ၃၈၀ ကျော်‌သေဆုံး
  • နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ
  • မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်
  • စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ
  • ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ
  • မောင်တော အထက်အင်းချောင်းရွာအနီး ရုပ်အလောင်းများ တွေ့
  • စစ်‌ကော်မရှင်တပ် မီးရှို့မှုကြောင့် ပြည်သူ့နေအိမ် ၇၀ ကျော် မီးလောင်ပြာကျ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»နွေဦးတော်လှန်ရေးအမြတ်
သတင်းဆောင်းပါး

နွေဦးတော်လှန်ရေးအမြတ်

thanlwinkhetBy thanlwinkhetMarch 19, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဖက်ဒရယ်နိုင်ငံတော်သစ်ဆီ သွားနေတဲ့ မြန်မာ့တော်လှန်ရေး ခရီးလမ်းကို တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွလျှောက်လှမ်းနေကြပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ အသားကျခဲ့ရတဲ့ တိုင်းရင်းသားဒေသခံတွေဟာ စစ်တပ်ရဲ့ လူမျိုးရေးဝါဒ ကျင့်သုံးမှုတွေကြား ရုန်းကန်ခဲ့ရာက အခုဆို ဖက်ဒရယ်ဆိုတဲ့ မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်နေကြတာပါ။

လူမျိုးအချင်းချင်းကြား အမုန်းပွားမှုတွေ ကိန်းဝပ်လာခဲ့တာတွေကို အခုတော်လှန်ရေးကာလမှာ ချေဖျက်ထားပြီးပြောင်းလဲမှု တစ်စုံတရာအတွက် အတူလက်တွဲအားစိုက်နေကြပါတယ်။

သက်သေကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တည်ရှိရာ မြောက်ပိုင်းဒေသ၊ KNU တည်ရှိရာ အရှေ့နဲ့ အရှေ့တောင်ပိုင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တည်ရှိရာ အရှေ့ပိုင်းနှင့် ချင်းအမျိုးသားတပ်ဦးCNF တည်ရှိရာ နိုင်ငံအနောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင် တော်လှန်နေကြတဲ့ ဗမာလူငယ်တော်လှန်ရေးတပ်သား တစ်သိန်းကျော်ကို စစ်ရေး လေ့ကျင့်ပေးခဲ့တယ်လို့ ERO ခေါင်းဆောင်သုံးဦးရဲ့ Nakkei Asia သတင်းဌာနကို ပထမဆုံးအကြိမ် ကိန်းဂဏန်းနှင့်တကွ ထုတ်ဖော်ပြောဆိုချက်ပါ။

ဒါ့အပြင် အဲဒီ တော်လှန်ရေးအဖွဲ့ဝင်တွေကို အခြေချတပ်စွဲခွင့်ပေးတာ၊ စစ်ရေး၊ နိုင်ငံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်တွေကို ကူညီပံပိုးပေးလျက်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ဒါဟာ တိုင်းရင်းသားမျိုးနွယ်စုအသီးသီးက လူသားအရင်းအမြစ်တွေအနေနဲ့ အာဏာရှင်စနစ်ကို ခုခံတော်လှန်ရင်းနယ်မြေအသီးသီးက ကာကွယ်ရေးတပ်စု တပ်ဖွဲ့တွေထဲမှာ စည်းစည်းလုံးလုံး ရှိနေတဲ့ အခြေအနေကို ထင်ဟပ်ပြနေတာလည်း ဖြစ်ပါတယ်။

KNU လက်အောက်ခံ နဂါးနီစစ်ကြောင်းမှာလည်း တိုင်းရင်းသားမျိုးနွယ်စုအသီးသီး ရှိနေပြီး တစ်ယောက်ရဲ့လူမျိုး ဘာသာရေးတွေကို ကျန်တစ်ယောက်က လေးစားအသိအမှတ်ပြုကာ တော်လှန်ရေးခရီးရှည်ကို အတူတူဖြတ်သန်းနေကြတာပါ။

တော်လှန်ရေးအောင်ပြီး အိမ်ပြန်နိုင်ဖို့ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက်တွေဟာ သူတို့အသွေးအသားထဲအထိ စိမ့်ဝင်လာတဲ့အခါ လူမျိုးဘာသာကွဲပြားခြင်းတွေနဲ့ လူမျိုးကြီးဝါဒကြီးစိုးမှုတွေဟာ ပျောက်ကွယ်ခဲ့ရပါပြီ။

ကရင်နဲ့ ဗမာလူမျိုးစုနှစ်ခုကြားက ကာလရှည်ကြာစွာတည်ရှိလာတဲ့ အမုန်းတရားတွေကိုလည်း ဒီတော်လှန်ရေးအခြေအနေကြီးက ပြောင်းလဲစေခဲ့ပါတယ်။

KNU လက်အောက်ခံ နဂါးနီစစ်ကြောင်းက တပ်စိပ်မှူးလည်းဖြစ်ပြီး တိုင်းရင်းသားနယ်မြေထဲကို ရောက်လာတဲ့ဗမာတိုင်းရင်းသားတစ်ဦး ဖြစ်သူ ရဲဘော်နဂါးက “ အမှန်တိုင်းပြောရရင် ရှက်တယ်ဗျ။ ဗမာလူမျိုးကြီးဝါဒကြောင့်ရှက်ခဲ့ရတယ်။ ကရင်တိုင်းရင်းသားတွေက လူကို မမုန်းဘူး။ စနစ်ကို မုန်းတာဗျ။ ဒါကြောင့်ပဲ ကျနော်တို့ကို KNU က စစ်ပညာတွေ သင်ကြားပေးတာပေါ့” လို့ ဆိုပါတယ်။

တိုက်ပွဲဝင်နေဆဲ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရတစ်ခုကို ပြပါဆိုရင်လည်း တိုင်းရင်းသားပေါင်းစုံ ပါဝင်နေတဲ့အခင်းအကျင်းက သက်သေတစ်ခုပါ။

လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလူမျိုးစုံသာမက ထွက်ပြေးတိမ်းရှောင်ကြရသူတွေထဲမှာလည်းအရောင်အသွေးစုံတဲ့ တိုင်းရင်းသားစုံဟာ တူညီတဲ့ အရိပ်အာဝါသတစ်ခုစီအောက်မှာ ခိုလှုံနေကြရတာပါ။

လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အခုဆိုရင် တစ်နိုင်လုံးအတိုင်းအတာအရ စစ်ရှောင်ဦးရေဟာ ၁.၄ သန်းကျော် ရှိနေပြီလို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်၊

တိုင်းရင်းသားနယ်မြေထဲက ကာကွယ်ရေးတပ်စခန်းတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ကချင်၊ ကယား၊ ကရင်၊ ချင်းအပါအဝင် တိုင်းရင်းသားမျိုးနွယ်စု အသီးသီးရှိနေကြပြီး မတူကွဲပြားတဲ့ အစ္စလမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဗုဒ္ဓဘာသာဝင်တွေပါ အတူတူ ပူးပေါင်းနေထိုင်နေကြတာပါ။

မျက်ရည်၊ သွေး၊ ချွေးတွေနဲ့ ရင်းနှီးတည်ဆောက်ခဲ့ကြရာက အချင်းချင်းကြား စာနာနားလည် ဖေးမမှုတွေကအဆိုးထဲက အကောင်းဆီ ဦးတည်ခဲ့ကြပါတယ်။ အရင်က မျက်ကွယ်ပြုခဲ့တဲ့အခြေအနေတွေကိုလည်း တောင်းပန်ရင်း၊ အမုန်းတရားတွေကို ချေဖျက်ရင်း တူညီတဲ့ ပန်းတိုင်ဆီရောက်ဖို့ သူတို့ ကတိပြုထားကြပါတယ်။

အတူတကွယှဉ်တွဲနေထိုင်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မယ့် ဖယ်ဒရယ်နိုင်ငံဖြစ်လာရေးက အားလုံးရဲ့ အိပ်မက်လို့ဆိုနိုင်ပါတယ်။

မြန်မာ့အရေး လေ့လာသုံးသပ်သူတွေရဲ့ မှတ်ချက်မှာတော့ ဒီနွေဦးတော်လှန်ရေးဟာ နှစ်၇၀ ကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ တိုင်းရင်းသားလူမျိုးနွယ်စု အစုံ ပါဝင်လာနိုင်တဲ့ တော်လှန်ရေးဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို အဓမ္မ သိမ်းယူပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ထဲမှာလည်းတစ်နိုင်ငံလုံးက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက်နည်းနဲ့ ဖြိုခွင်းလာတဲ့ နောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေး အစပြုဖို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ လူမျိုးစုံသွားရောက် စစ်ပညာသင်ယူခဲ့ကြတဲ့ နောက်မှာတော့ နွေဦးတော်လှန်ရေးမှာ ပန်းရောင်စုံခဲ့ပါပြီ။

လူမျိုး၊ ဘာသာခွဲခြားမှုတွေ မရှိတော့ဘဲ နိုင်ရာ ဝန်ကို ကူရင်း တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးမရင်းခေတ်ဆိုးစနစ်ကို ပြီးဆုံးဖို့ ပြိုင်တူတွန်းကန်နေကြတာပါ။ မြို့မှာရှိတဲ့ပြည်သူတွေက တောထဲရောက်နေတဲ့သူတွေကို အစားအစား၊ အလှူငွေ ကူပေးနေကြသလို တောထဲ ရောက်နေတဲ့ သူတွေကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက်အသက်စွန့်ဖို့အထိ ရွေးချယ်ထားကြပါတယ်။

“တချို့ လူတွေရဲ့ စိတ်ထဲမှာတော့ လူမျိုးစွဲတွေ ရှိတာကို မြင်တယ်။ အကုန်လုံးတော့ ခဝါမချနိုင်ဘူး။ ဖယ်ဒရယ်ကိုလိုချင်လာကြတော့ ဒါက တွန်းအား တစ်ခု ဖြစ်စေသွားတာ။ ပန်းတိုင်တူတော့ အကုန်သည်းခံနိုင်သွားကြတာ” လို့KNU တပ်မဟာ ၇ နယ်မြေထဲမှာ သားဖြစ်သူ PDF ရဲဘော်တစ်ဦးနဲ့ အတူ လိုက်ပါ နေထိုင်နေတဲ့ ကရင် ဂေါ်ရခါးလူမျိုး ဒေါ်လှလှထွေးက ဆိုပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးမှာ လူမျိုးပေါင်းစုံ သဟဇာတဖြစ်မှုကို တွေ့မြင်ရပေမယ့် စစ်ကောင်စီက ကြံစည်နေတဲ့ရွေးကောက်ပွဲကတော့ လက်နက်ကိုင် ပဋိပက္ခတွေကို ပိုလာစေနိုင်ပြီး တိုင်းပြည်ပြိုကွဲခြင်းဘက်ကို ဦးတည်နိုင်တယ်လို့ ERO ခေါင်းဆောင်တွေက သတိပေးပြောဆိုထားပါတယ်။

လက်ရှိအခြေအနေအရ စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးနေပြီဆိုတဲ့ သက်သေကတော့ စစ်တပ် အစဥ်အလာအရ ထိန်းချုပ်ထားနိုင်တဲ့ ဗမာလူမျိုးတွေ နေထိုင်ရာ အလယ်ပိုင်းဒေသတွေအထိ တော်လှန်ရေးအင်အားစုတွေက နယ်မြေထိန်းချုပ်စိုးမိုးထားနိုင်တာပါ။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နဲ့အတူ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာလည်း အကြီးအကျယ် အားနည်းယုတ်လျော့ခဲ့ပါတယ်။

ဒီအခြေအနေအပေါ် အခွင့်ကောင်းယူပြီး တိုင်းရင်းသားလူမျိုးစုံ ပါဝင်တဲ့ အနာဂတ်ဖက်ဒရယ်တည်ထောင်နိုင်ဖို့ဆိုရင် တာဝန်ယူထားတဲ့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ပိုမို ဂရုပြုသတိချပ်ဖို့ လိုတယ်လို့လည်း နားလည်တတ်ကျွမ်းသူတွေက ဆိုကြပါတယ်။

Myanmar Civil War Museum က သုတေသီတစ်ဦးဖြစ်သူ ကိုရဲဟိန်းအောင်ကတော့ “သမိုင်းကြောင်းတွေထဲကနေပြည်သူတွေဟာ ဖက်ဒရယ်ကို ပြဌာန်းနေပြီ။ ခေါင်းဆောင်ပိုင်းတွေက ဆန္ဒ မရှိရင် အနာဂတ်မှာ ဖက်ဒရယ်ပေါ်ပေါက်လာဖို့ အတော်ခက်မယ်။ ဒါကြောင့် ဖက်ဒရယ်ကို တကယ် တည်ဆောက်ရင် ဆောက်၊ မဆောက်ဘူးဆိုရင် လူမျိုးစုတွေအနေနဲ့ကတော့ ရဲရဲတင်းတင်းနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော် မြင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုး ၁၃၅ မျိုး ရှိတယ်လို့ ကိုလိုနီခေတ်ကတည်းက စာရင်းမှာ ဖော်ပြထားပါတယ်။ ၂၀၀၈အခြေခံဥပဒေကတော့ တိုင်းရင်းသားလူမျိုး ကွဲပြားမှုကို အသိအမှတ်ပြုပေမယ့် အရွယ်အစားကို လိုက်ပြီး ကြီးတဲ့ဒေသက သေးတဲ့ ဒေသထက် ပိုအခွင့်အရေးရတာတွေကြောင့် တိုင်းရင်းသားအချင်းချင်း ပြိုင်ဆိုင်အောင် ဖန်တီးသလို ဖြစ်ခဲ့ပါတယ်။

‘အမျိုး၊ ဘာသာ၊ သာသနာ’ ဆိုတဲ့ အမျိုးသားရေးဝါဒကို အစိုးရအဆက်ဆက်က အကောင်အထည်ဖော်ဖို့ကြိုးပမ်းခဲ့တာကြောင့် အနှစ် ၇၀ ကျော် ပြည်တွင်းစစ် ဖြစ်နေတာလို့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ကြားကာလအစိုးရ NUG က ဆိုထားပါတယ်။

ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး တိုင်းရင်းသားအားလုံး ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ ပြည်ထောင်စုကိုတည်ထောင်လိုရင် အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံတဲ့ အမျိုးသားရေးဝါဒကို စွန့်လွှတ်မှသာ တိုင်းရင်းသားအားလုံး လိုလားတဲ့ ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု’ ကို တည်ဆောက်နိုင်လိမ့်မယ်လို့ NUG က ယူဆပါတယ်။

လက်ရှိ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်ဆံရေးတည်ဆောက်နေပုံနဲ့ ပတ်သက်ပြီး NUG ရဲ့ သမ္မတရုံးပြောခွင့်ရဦးကျော်ဇော်ကတော့ “တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်ရေးပါ။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်က အကုန်ပူးတွဲပါဝင်ဖို့၊ အင်အားကြီးမားတဲ့ ERO တော်တော်များများက နွေဦးတော်လှန်ရေးမှာ အတူတကွ ထဲထဲဝင်ဝင် ဆောင်ရွက်နေပါပြီ” လို့ပြောပါတယ်။

တောင်ပေါ် မြေပြန့်မခွဲခြား ဗမာတစ်ကျပ် ကရင်တစ်ကျပ် ကချင်တစ်ကျပ်ဆိုတဲ့ စကားလုံးတွေဟာ လက်ရှိမှာတော့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တန်းတူအခွင့်အရေးရရှိမှုကို မထင်ဟပ်နိုင်သေးပါဘူး။ တစ်ဖက်မှာတော့အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေကြား စစ်ပွဲရဲ့ အကျိုးဆက်တွေကိုသာ တန်းတူ ခံစားနေကြရတာပါ။

ဒီအခြေအနေတွေကနေ လွန်မြောက်ဖို့နဲ့ တန်းတူအခွင့်အရေးတွေ ပိုင်ဆိုင်နိုင်တဲ့ အနာဂတ်ဖက်ဒရယ်ပန်းတိုင်ရောက်ဖို့ဆိုရင် အခုကတည်းက လက်တွဲပူးပေါင်းတိုက်ပွဲဝင်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာကို ဗမာအပါဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ယုံကြည်နေကြပါတယ်။

ဒီလိုယုံကြည်ချက်တွေကြောင့်ပဲ မြန်မာနိုင်ငံအနှံမှာ ပြန့်ကြဲနေတဲ့ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေမှာဖြစ်စေ၊ အကြီးအကဲနေရာတွေမှာဖြစ်စေ တိုင်းရင်းသားပေါင်းစုံရဲ့ အခန်းကဏ္ဍက ပါဝင်လို့ နေပါပြီ။

ဒီလို ပြောင်းလဲလာတဲ့ အခြေအနေဟာ နွေဦးတော်လှန်ရေးရဲ့ အမြတ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသက်တန့်ရောင် တော်လှန်ရေး
Next Article မျက်မမြင်အသက်၈၀အရွယ်အဖွားနှင့်ဆယ်တန်းကျောင်းသားအပါအဝင် ပြည်သူ၄ဦးစစ်ကြောင်းဖြတ်သန်းစဥ်အသတ်ခံရ
thanlwinkhet
  • Website

Related Posts

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ချင်ပန်ဇီအကြောင်း အထူးပြုလေ့လာသူ ကွယ်လွန်
  • စစ်တပ်ကြောင့် သုံးလအတွင်း အရပ်သား ၃၈၀ ကျော်‌သေဆုံး
  • နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ
  • မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်
  • စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချင်ပန်ဇီအကြောင်း အထူးပြုလေ့လာသူ ကွယ်လွန်

စစ်တပ်ကြောင့် သုံးလအတွင်း အရပ်သား ၃၈၀ ကျော်‌သေဆုံး

နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ

မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချင်ပန်ဇီအကြောင်း အထူးပြုလေ့လာသူ ကွယ်လွန်

October 2, 2025

စစ်တပ်ကြောင့် သုံးလအတွင်း အရပ်သား ၃၈၀ ကျော်‌သေဆုံး

October 2, 2025

နမ္မတူလေကြောင်းတိုက်ခိုက်ခံရမှု အရပ်သား သေဆုံးသူတိုးလာ

October 2, 2025

မဲခေါင်မြစ်အတွင်း ၄ နာရီကြာ မျောပါနေသည့် ထိုင်းအမျိုးသမီးတစ်ဦးကို မြန်မာလုပ်သား ကယ်တင်

October 2, 2025

စစ်မှုထမ်းတပ်သား ၄ ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ

October 1, 2025

ဖိလစ်ပိုင်ငလျင် အနည်းဆုံး လူ ၆၉ ဦး သေဆုံး၊ အများအပြား ပျောက်ဆုံးနေ

October 1, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.