Month: March 2023

Loading

ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် ရိက္ခာကားအစီး ၈၀ ဝန်းကျင်ခန့်နှင့်အတူ အင်အား ၅၀၀ ခန့်ပါစစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော်သေဆုံးခဲ့သည်ဟုကျောက်ထုPDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။ အဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းသည် ယခုလမတ်လ၁၂ရက်၊ညနေပိုင်းတွင် ကျောက်ထုဒေသ တပြင်းကျေးရွာသို့ ရောက်ရှိညအိပ်ကြပြီး ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တပြင်းကျေးရွာမှ ကျောက်ထုဘက်သို့ စတင်ထွက်ခွာခဲ့သည်။ ထိုသို့ထွက်ခွာလာစဥ်…

Read More

Loading

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။ ယမန်နေ့က  မြောင်မြို့နယ် မင်းတန်းကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်းနှင့် ထိပ်တိုက် တွေ့၍ အပစ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မင်းတန်းရွာမှ နဂါးပေါက်ရွာသို့ စစ်ဘေးရှောင်ရန်သွားနေစဉ် အသက် ၇၀ အရွယ်ရှိ မင်းတန်းရွာသား ဦးသန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခဲ့ခြင်းဖြစ်သည်ဟု မြောင်မြို့နယ်အခြေစိုက်…

Read More

Loading

ဖေဖော်ဝါရီ ၁ရက်မှ မတ် ၁၄ ရက်အထိ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားသည့် ပါတီ ၂၃ ပါတီရှိလာပြီဖြစ်သည်ဟု သိရသည်။ မတ်လ၁၄ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ၆ပါတီရှိပြီးနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၁၇ ပါတီရှိသည့်အတွက် လာရောက် လျှောက်ထားသည့်…

Read More

Loading

ကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်PDF များရေးထားသည့် ကဗျာများပါဝင်သည့် နွေဦးပန်းစာစောင် ထုတ်ကာရောင်းချမည်ဟု ထုတ်ဝေရေးဆောင်ရွက်နေသူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ( ၁ ) အတွင်းစစ်သင်တန်းကာလတွင် PDFရဲဘော်များက အမှတ်တရ ရေးခဲ့ကြခြင်းဖြစ်သည်။ “PDF စစ်သင်တန်းကျောင်း၊ သင်တန်းသား ၁၁၁ယောက်နဲ့ သင်တန်း…

Read More

Loading

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း၌တိုက်ပွဲများပြင်းထန်နေမှုနှင့် ချင်းတောင်တန်းဘက်စစ်အင်အားတိုးချဲ့လာမှုကြောင့် လမ်းမကြီးသုံးခုအား အသုံးမပြုကြရန် မတူပီ CDF က ယနေ့နံနက်ပိုင်းတွင်ထုတ်ပြန်သည်။ ပြီးခဲ့သော ဖေဖော်ဝါရီလမှစ၍ ချင်းပြည်နယ်၊ မတူပီမြို့၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုများကြောင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီတပ်များသည် ထယ်ဘွေးတပ်စခန်းမှမတူပီမြို့ပေါ်သို့ မတူပီ-ပလက်ဝလမ်းအတိုင်းပြန်လည်ထွက်ခွာပြီးဖြစ်ရာ မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဘွေရားလမ်းများကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ခွင့်ပြုချက်မပါဘဲ အသုံးမပြုကြရန်သတိပေးထားသည်။ ထို့ပြင်စစ်ကောင်စီတပ်သည်…

Read More

Loading

ရက်ပေါင်း ၂၀ ကျော်ကြာအထိတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွင်း၌ MOEBYE PDF-2 တပ်ရင်းမှ ရဲဘော်ဆန်းဦးကျဆုံးခဲ့သည်ဟု သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့်ဖယ်ခုံမြို့နယ်အစပ်သို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်PNO/PNA စစ်ကြောင်းကို ကာကွယ်ရေးမဟာမိတ်တပ်များပူးပေါင်းခုခံတိုက်နေရာ ပြီးခဲ့သော ဖေဖော်ဝါရီလနောက်ဆုံးအပတ်တွင်းမှစ၍ ယမန်နေ့ မတ်လ ၁၄ရက်အထိတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မတ်လ ၁၂ ရက် ပင်လောင်းမြို့နယ် နမ်းနိန်းကျေးရွာ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှသာလွန်လက်နက်အင်အားဖြင့်ပစ်ခတ်သောကြောင့်…

Read More

Loading

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော ပြည်ကြီးတံခွန်ဆရာတော်ကိုလူဝတ်လဲကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်PDF ပုံစံ  အယောင်ဆောင် ခိုင်းထားသည်ဟု ပြန်လည်လွတ်မြောက်လာသူက သံလွင်ခက်ကို ပြောသည်။ “ဆရာတော်ကို လက်ပြန်ကြိုးတုပ်ပြီး သေနတ်တစ်လက် လွယ်ပေးထားတယ်။ ခမောက်ပုံစံမျိုးလည်း ဆောင်းပေးထားတယ်။ နှိပ်စက်တာတော့ မတွေ့ဘူး” ဟု၎င်းက ပြောသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့်…

Read More

Loading

ရှမ်း-ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်က သက်ကြီးပိုင်းနှစ်ဦးနှင့်ကလေးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့သည်ဟု ဖယ်ခုံPDF တပ်ရင်း၂ကယနေ့တွင်သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်၏ တပ်မ၆၆ လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ယခုလ မတ်လ၁၂ရက်တွင် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့်ကလေးအချို့ကိုဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံ စစ်ဘေးရှောင်များကိုကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော ဖယ်ခုံPDF တပ်ရင်း-၂ ၊ KNDF B-03 ၊URFပူးပေါင်းအဖွဲ့နှင့်…

Read More

Loading

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတိုက်ပွဲတွင် ဦးခေါင်းဒဏ်ရာရရှိသော KNDF ရဲဘော်တစ်ဦးသည် ဆေးကုသမှုခံယူနေစဥ်ကျဆုံးခဲ့သည်ဟု သိရသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B11 တပ်ရင်းမှ ရဲဘော်ဒေါမဏိတုံသည် မတ်လ ၁၂ ရက် ဆောင်းပြောင်းတိုက်ပွဲ၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ” ပြီးခဲ့တဲ့ တစ်နေ့ကတိုက်ပွဲမှာ ခေါင်းထိထားခဲ့တယ်။ ကျွန်တော်တို့ ဆေးရုံမှာ ဆေးကုသမှုပေးခဲ့တာ။…

Read More

Loading

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသောကြောင့် ဒေသခံပြည်သူများ အရေးပေါ်ထွက်ပြေးနေကြရာ ရှောင်တိမ်းစရာနေရာအခက်အခဲဖြစ်နေသည်ဟု ကူညီနေသူများထံမှသိရသည်။ ဒီးမော့ဆိုအရှေ့ခြမ်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းများနှင့် ကရင်နီကာကွယ်ရေးပူးပေါင်းတပ်တို့ မတ် ၁၀ ရက်နေ့ကတည်းက နေ့စဥ်တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ ယနေ့ချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကြောင်းများကြား ပိတ်မိနေသည့် ဒေသခံ မိသားစု ၁၀၀၀ စုခန့် ကယ်ထုတ်ပေးရန်…

Read More