ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင့်တစ်ခုတွင် ငြမ်းပေါ်မှပြုတ်ကျပြီး ဦးခေါင်းထိခိုက်ခဲ့သည့် အလုပ်သမားအတွက် အကူအညီတောင်းခံခဲ့ရာ ထင်မှတ်မထားသည့် ကူညီမှုများရရှိခဲ့သောကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် အရေးကြုံလာလျှင်ကူညီပေးနိုင်ရေးအတွက် အင်အားဖြစ်ရသည်ဟု ဘရော်နီကာကပြောသည်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာမှ ဘန်ကောက်တွင် အလုပ်လာရောက်လုပ်ကိုင်နေသည့်မောင်ဝင်းနိုင်သည် ယခုလဇန်နဝါရီ ၁၇ရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၌ ငြမ်းပေါ်မှပြုတ်ကျပြီး ၎င်း၏ခေါင်းပေါ်သံချောင်း ကျရောက်ခဲ့သောကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ အရေးပေါ်ဆေးကုသမှုခံယူနေရသော…