• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»DKBA အကြီးအကဲနေအိမ်ကို စစ်ကောင်စီလေယာဥ်ဖြင့်ဗုံးကြဲ၊ သတင်းကြိုရ၍ မိသားစုဝင်များ အထိအခိုက်မရှိ ရှောင်နိုင်ခဲ့
နေ့စဉ်သတင်း

DKBA အကြီးအကဲနေအိမ်ကို စစ်ကောင်စီလေယာဥ်ဖြင့်ဗုံးကြဲ၊ သတင်းကြိုရ၍ မိသားစုဝင်များ အထိအခိုက်မရှိ ရှောင်နိုင်ခဲ့

thanlwinkhetBy thanlwinkhetJanuary 21, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

DKBA အကြီးအကဲနေအိမ်ကို စစ်ကောင်စီလေယာဥ်ဖြင့်ဗုံးကြဲ၊ သတင်းကြိုရ၍ မိသားစုဝင်များ အထိအခိုက်မရှိ ရှောင်နိုင်ခဲ့
**********************************

ဇန်နဝါရီ ၂၁ ၊ ၂၀၂၃ ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တပ်ဖွဲ့၏ အကြီးအကဲတစ်ဦးနေအိမ်ကို စစ်ကောင်စီက ယနေ့နံနက်အစောပိုင်းတွင် တိုက်လေယာဥ်များဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း) အမှတ်(၂)စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း၏ နေအိမ်ကို ယမန်နေ့ည သန်းခေါင်ကျော်ချိန်( ယနေ့ နံနက် ၁နာရီခန့်)တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ် ၃ စီးထက်မနည်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

” စစ်ကောင်စီက လေယာဥ်နဲ့ လာတိုက်ခိုက်သွားတာဟုတ်ပါတယ်။ ဘာကြောင့်ဆိုတာတော့ အတိအကျမသိရသေးပါဘူး
” ဟု DKBA အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က သံလွင်ခက်ကို ပြောသည်။

စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးစောအေဝမ်း၏နေအိမ်ခြံဝန်းကို တိုက်လေယာဥ်များဖြင့် ဗုံးကြဲခဲ့သည့်အပြင် စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်နှင့် ခြံအတွင်းရှိ အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

“ သူ့နဲ့သူမိသားစုတွေတော့ လက်မတင်အချိန်လေး သတင်းရလာလို့ ကြိုရှောင်နိုင်ခဲ့ပြီး ဘာမှမဖြစ်ခဲ့ဘူး။ အနော်တို့လည်း စိတ်ပူလို့ သူ့မိသားစုဝင်တွေပဲမေး လိုက်မိတော့ အခြားထိခိုက်မှုတွေတော့ အတိကျမသိရသေးဘူး ” ဟု ဗိုလ်မှူးကြီးစောအေဝမ်းမိသားစုနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အခြားထိခိုက်ဒဏ်ရရရှိသူများနှင့် DKBA တပ်ဖွဲ့ဝင်တချို့ကျဆုံးခဲ့ရသည်ဟု သတင်းထွက်ပေါ်နေသော်လည်း သံလွင်ခက်အနေဖြင့်သီးခြား အတည်မပြုနိုင်သေးပေ။

DKBA အဖွဲ့သည် ဦးသိန်းစိန်အစိုးရလက်ထပ်တွင် တစ်နိုင်ငံအပစ်ခတ်ရပ်ဆဲရေး သဘောတူစာချုပ် NCA ၌ ပါဝင်လက်မှတ်ရေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထို့ပြင်လက်ရှိအာဏာသိမ်းကာလအတွင်း၌လည်း စစ်ကောင်စီတပ်များနှင့်ထိတွေ့တိုက်ပွဲများမဖြစ်ပွားသော်လည်း စစ်ကောင်စီဘက်က DKBA အကြီးအကဲနေအိမ်များကို မကြာခဏတိုက်ခိုက်နေရာ ပြီးခဲ့သောစက်တင်ဘာလ၆ရက်တွင်လည်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၏ နေအိမ်ကိုစစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous ArticlePrevious Post
Next Article ထိခိုက်ဒဏ်ရာရအလုပ်သမားအတွက် အကူအညီတောင်းခံမှုထင်မှတ်မထားသည့် အကူအညီများရရှိဟု ဘရော်နီကာ ပြော
thanlwinkhet
  • Website

Related Posts

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

Leave A Reply Cancel Reply

Recent Posts

  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို

June 19, 2025

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.