Year: 2023

Loading

စစ်ကောင်စီတပ်နှင့် KNLAဒေသခံကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ ပလောတပို့စစ်ဘေးရှောင်စခန်းအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့သည်ဟု သိရသည်။ ကရင်ပြည်နယ်၊ ကေအဲန်ယူထိန်းချုပ်နယ်မြေ တပ်မဟာ ၆ နယ်မြေ အတွင်းရှိ  မြဝတီမြို့တောင်ပိုင်း ဖလူးလေးဖားနှစ်ကောင် စစ်ကောင်စီဂိတ်စခန်းမှ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီတွင်မြဝတီ-ဝေါလေလမ်းမအတိုင်းတက်လာခဲ့သည်။ ထို့နောက် နေ့လည် ၂ နာရီကျော်အချိန်တွင်…

Read More

Loading

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေရှိ ကော်သူးလေတပ်မတော် (KTLA) ဌာနချုပ်ကို စစ်ကောင်စီတပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိဟု ဆင်ဖြူစစ်ကြောင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံးက သံလွင်ခက်သတင်းဌာနကို ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)တွင် ပြောသည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၆) တပ်ရင်း (…

Read More

Loading

စစ်ကောင်စီတပ်နှင့်ပျူစောထီးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းသို့ ညအချိန်မတော်လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ  ကိုနေသူရကပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ၊ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ  စစ်ကောင်စီတပ်သားများ နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက ယမန်နေ့ည ၈နာရီခွဲခန့်တွင် ၆၀မမ နှင့် လက်နက်ငယ်များဖြင့် အနီးနားရှိ အင်းပတ်ကျေးရွာအတွင်း ပစ်ခတ်ခဲ့သည်။…

Read More

Loading

ကရင်လက်နက်ကိုင် အချင်းချင်း တိုက်ခိုက်ခြင်းမပြုရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း IKO ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ မေတ္တာရပ်ခံစာတစ်စောင်ကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။ ကရင်အမျိုးသားအစည်းအရုံး ၊ အမှတ်၄ တပ်မဟာနယ်မြေအတွင်း    ကော်သူးလေတပ်မတော် (KTLA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)   တို့အကြား တိုက်ပွဲများရှိနေသည့်အတွက်…

Read More

Loading

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် FOEIMတွင် ကျောင်းတက်နေသူ အယောက်၃၀၀၏ အမည်ဖုန်းနံပါတ်နှင့် ဖခင်နာမည်များ ပေါက်ကြားနေသဖြင့် စိုးရိမ်မှု မြင့်တက်နေသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။ ယမန်နေ့ညနေက အဆိုပါကျောင်းသားနှင့် မိဘအချက်အလက်စာရင်း ပေါက်ကြားလာခြင်းဖြစ်ပြီး Grade 1တွင်သင်ကြားနေသူများစာရင်းဖြစ်သည်ဟု သိရသည်။ စာရင်းပေါက်ကြားသည်ကို ကြားသည့်အချိန်မှစ၍ ကျောင်းအပ်ရာတွင် ပေးထားမိခဲ့သည့် ဖုန်းနံပါတ်ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး တယ်လီဂရမ်အကောင့်ကိုလည်း…

Read More

Loading

စစ်ကောင်စီတပ် ပစ်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ထောင်လောင်ကျေးရွာမှ ဒေသခံ ၃ ဦး လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကိုပြောသည်။ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ…

Read More

Loading

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တတိယအကြိမ် ဝင်ရောက်  မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ထုတ်ပြန်သည်။ ကျွန်းလှ‌မြို့ပေါ်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၈၀ ခန့်၊ ကျွန်းလှမြို့မြောက်ဘက်ကပ်လျက်ရှိ ‌ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာမှ ပျူအင်အား ၄၀ ခန့် စုစုပေါင်း အင်အား…

Read More

Loading

စစ်ကောင်စီခေါင်းဆောင် လိုလားသူများ၊ မိတ်ဖက်များ အနေဖြင့်  ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိအနိုင်ရကာလွှတ်တော်သို့ ရောက်ရှိလာနိုင်သည်ဟု လေ့လာသူများက သံလွင်ခက်ကိုပြောသည်။ စစ်ကောင်စီ ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၁(က)အရ ပြိုင်ဘက်မရှိလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအာကာမျိုးထက်က သံလွင်ခက်ကိုပြောသည်။ “ဒီဥပဒေကို အကာအကွယ်ယူပြီးတော့ စစ်ကောင်စီဘက်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေမှာ တစ်လွဲအသုံးချလာနိုင်ပါတယ်။…

Read More

Loading

အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် ယခင်ကနာရီနှင့် ချီသွားလာရသည့် အခြေအနေမှ တံတားပြန်ဖွင့်ပေးလိုက်သဖြင့် မိနစ်ပိုင်းအတွင်း ကျန်းမာရေးစောင့်ရှောင်မှုများကို ပြုလုပ်လာနိုင်သည်ဟု တာချီလိတ်လူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်တို့ကိုဆက်သွယ်ထားသည့် တာချီလိတ်-မယ်ဆိုင်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ယမန့်နေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းတွင် တာချီလိတ်မြို့မှတာဝန်ရှိသူများနှင့် မယ်ဆိုင်ဘက်မှတာဝန်ရှိသူများပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ” စီးပွားရေး၊ လူမှုရေး၊အဓိကကတော့…

Read More

Loading

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ဝင်များအနီးကပ်စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့မှ ၇ဦးထိခိုက်ပြီး ၆ဦးသေဆုံးသည်ကိုအတည်ပြုနိုင်သည်ဟု KRU တာဝန်ရှိသူ ကိုလင်းလင်းကပြောသည်။ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) ၏ လှုပ်ရှားစစ်နယ်မြေ ဖြစ်သော ဒီးမော့ဆိုမြို့၊ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်မှ ကင်းပတ်ရန်ထွက်‌ခွာနေစဥ်ဖေဖော်ဝါရီလ၁၉ရက်၊ ညနေပိုင်းတွင် KRU က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ညနေ  ၅း၂၅ နာရီမှ…

Read More