သဇင် ဧပြီ ၄၊၂၀၂၃။ ရှမ်းပြည်နယ်တောင်ပိုင်း ၊လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA )တပ်ဖွဲ့က RCSS/SSA တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု RCSSဘက်က ယမန်နေ့ကထုတ်ပြန်သည်။ ဧပြီလ ၃ ရက်၊ နေ့လည် ၁၁ နာရီခန့်တွင် မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု နမ့်ပါတက်ကျေးရွာအနီးရှိRCSS/SSA တပ်စခန်းအား…