ဧပြီ ၄ ၊ ၂၀၂၃ ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ်(၁) စစ်ဒေသတွင် ပြီးခဲ့သောဖေဖော်ဝါရီလအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်သေဆုံးခဲ့သည်ဟု ယနေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အမှတ်(၁) စစ်ဒေသအတွင်းရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင်၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ တိုက်ပွဲပေါင်း ၄၁၇ ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄၉ ဦး သေဆုံး၍ ၇၅၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင်စစ်ကောင်စီတပ်များထံမှ လက်နက်မျိုးစုံ ၃၀လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြားသိမ်းဆည်းရမိခဲ့သည်။
ပြီးခဲ့သောဖေဖော်ဝါရီလ တိုက်ပွဲများအတွင်း၌ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃၃ ဦး တော်လှန်ရေးအတွက်အသက်ပေးလှူခဲ့ရပြီး ၉၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြထားသည်။
ထိုတိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3342
Website ->https://eng.thanlwinkhet.net