နန်းဆုပန်ခန့်
ဧပြီ ၄၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ UG အဖွဲ့သည် လက်နက်ခဲယမ်းထုတ်လုပ်ရန် ယမ်းဖိုးနှင့်ကုန်ကြမ်းပစ္စည်းများဈေးနှစ်ဆမြှင့်တက် သောကြောင့်အခက်အခဲများကြုံရသည်ဟု Brave Heart Army-BHA အဖွဲ့တာဝန်ခံကပြောသည်။
Brave Heart Army-BHA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ဇူလိုင်လ ၁၀ရက်တွင်စတင်တည်ထောင်ခဲ့ပြီး မိုင်းအမျိုးမျိုးနှင့် လက်နက်ကြီး ၆၀မမ၊ ၈၀မမ၊ ၁၂၀မမတို့ကိုထုတ်လုပ်နိုင်ခဲ့သည်။
“အရင်က ယမ်းတွေဝယ်ရတာက ၄သိန်းခွဲ၅သိန်းလောက်ပဲ။ ခုကျ ယမ်းတွေ ပုလဲတွေဝယ်ရ ၁၃ သိန်း၁၄သိန်းကျော်ပေးရတာ။ ဒါတောင်ရှာရတာမလွယ်ဘူး “ဟု ၎င်းကဆိုသည်။
ပစ္စည်းရှားပါးမှုနှင့်ကုန်စျေးနှုန်းမြှင့်မားလာမှုကြောင့် လက်နက်ချပေးရန် NUG ထံတင်ပြတောင်းခံထားသော်လည်း နှစ်လခန့်အကြာထိ မရရှိသေးဟု BHA အဖွဲ့ပြန်ကြားရေးတာဝန်ခံမပိုးပိုးကပြောသည်။
“အရင်ထက်ပြင်းအားမြင့်တဲ့မိုင်းတွေလည်းအတတ်နိုင်ဆုံး ကြိုးစားပြီးထုတ်လုပ်နိုင်ရေးအတွက် ပညာသင်လွှတ်တာတွေလည်းကြိုးစားပြီးလုပ်ဆောင်နေပါတယ်”ဟု ၎င်းကပြောသည်။
BHAတပ်ဖွဲ့သည်ပြီးခဲ့သည့်လပိုင်းတွင်မိုင်းအလုံး ၁၀၀စီမံကိန်း အောင်မြင်ခဲ့ပြီး နောက်ထပ် မိုင်းအလုံး ၁၀၀စီမံကိန်းကို ပြုလုပ်သွားရန်ရှိသည်ဟုသိရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3349
Website ->https://eng.thanlwinkhet.net