ဘမောင်ဘမောင် စက်တင်ဘာ ၁၀၊ ၂၀၂၃။ လက်နက်စမ်းသပ်နေသော ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) နွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့တာ ၂ နှစ်ကျော်လို့ ၃နှစ်ထဲရောက်ခဲ့ပါပြီ။ မြန်မာစစ်တပ် အာဏာသိမ်းယူ ခဲ့တဲ့အစောပိုင်းကာလတွေမှာ မြန်မာပြည်သူတွေက လက်နက်မဲ့ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေ့နဲစတင်ခဲ့ပေမယ့် စစ်ကောင်စီက မတရားဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ လက်နက်ကိုင်တော်လှန် ရေး အသွင်ကူးပြောင်းသွားခဲ့ပါတယ်။ နွေဦးတော်လှန်ရေးက လက်နက်ကိုင်အသွင်ရောက်သွားခဲ့ပေမယ့်…