• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»ပြည်တွင်းသတင်း»အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၂၀၀ ကျော် ကို “ဝ”တပ်မတော် ဖမ်းဆီး
ပြည်တွင်းသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၂၀၀ ကျော် ကို “ဝ”တပ်မတော် ဖမ်းဆီး

thanlwinkhetBy thanlwinkhetSeptember 9, 2023No Comments1 Min Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၂၀၀ ကျော် ကို “ဝ“တပ်မတော် ဖမ်းဆီး

********

ယမင်းဖူးပွင့်အောင်

စက်တင်ဘာ ၉၊ ၂၀၂၃။

တရုတ်–မြန်မာ နယ်စပ် ‘ဝ‘ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့နယ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၀၀ ကျော် ကို “ဝ“တပ်မတော် က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား ‘ဝ‘ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)  က ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်တွင် စတင်ဖမ်းဆီးခဲ့ပြီးနယ်စပ်ကတစ်ဆင့် တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းဆောင်ရွက်ပေးခဲ့သည်ဟု လားရှိုးအခြေစိုက် ‘ဝ‘ တပ်ဖွဲ့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက သံလွင်ခက် ကိုပြောသည်။

“၁၂၀၀ ကျော် ဖမ်းပြီးလွှဲပေးတာ မှန်ပါတယ်။ အသုတ်လိုက်ခွဲပြီး လွှဲပြောင်းပေးတာပါ။ အမျိုးသမီးတွေလည်း ပါတယ်။ အရေအတွက်နည်းတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများသည် ‘ဝ’ ပြည်တွင်းသို့ ခိုးဝင်သူများ ဖြစ်နိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ ၁ ဦး က ပြောသည်။

“များသောအားဖြင့် ခိုးဝင်တွေကို ဖမ်းတာများတယ်။ ‘ဝ’ပြည်ဆိုတာက သူတို့ပြည်ထဲဝင်ပြီဆိုတာနဲ့ စာရင်းသွင်းရတယ်။ ကျားဖြန့်လုပ်လို့ ဖမ်းတာတော့ မဖြစ်နိုင်ဘူး။ သူတို့ရဲ့ အဓိက စီးပွားရေးတွေထဲက တစ်ခုပဲကို။ တကယ်ထိထိရောက်ရောက်လုပ်နေတာဆိုရင်တော့ ကောင်းတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်ကလည်း မြန်မာနိုင်ငံ နယ်စပ်ဒေသအခြေစိုက် လုံခြုံရေးတပ်ဖွဲ့နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းရာဇဝတ်ဂိုဏ်း ၁၁ ခုကို ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

တရုတ် – မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် စစ်ကောင်စီခန့် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်ကနေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပုံစာ– ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများအား တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသည့်မှတ်တမ်းမြင်ကွင်း။

Photo- WSTV

**************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1939

YouTube- > https://youtu.be/sCgktZzn2lw

Website -> https://thanlwinkhet.net/?p=5556

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleကရင်နီတပ်ဖွဲ့တချို့ခဲယမ်းအင်အားပြတ်လပ်
Next Article ၈၄ နှစ်ပြည့် ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အမှတ်တရ
thanlwinkhet
  • Website

Related Posts

ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး

September 23, 2023

ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီမိသားစုဝင်များအားပြန်လွတ်ပေး

September 19, 2023

မတရားအခွန်ကောက်ခံနေသည့် ချောက်မြို့နယ်စည်ပင်ရုံးကို ဗုံးခွဲသတိပေး

September 18, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.