ဘမောင်ဘမောင်
စက်တင်ဘာ ၁၀၊ ၂၀၂၃။
လက်နက်စမ်းသပ်နေသော ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ – ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)
နွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့တာ ၂ နှစ်ကျော်လို့ ၃နှစ်ထဲရောက်ခဲ့ပါပြီ။ မြန်မာစစ်တပ် အာဏာသိမ်းယူ ခဲ့တဲ့အစောပိုင်းကာလတွေမှာ မြန်မာပြည်သူတွေက လက်နက်မဲ့ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေ့နဲစတင်ခဲ့ပေမယ့် စစ်ကောင်စီက မတရားဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ လက်နက်ကိုင်တော်လှန် ရေး အသွင်ကူးပြောင်းသွားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးက လက်နက်ကိုင်အသွင်ရောက်သွားခဲ့ပေမယ့် ကြိုတင်ပြီး ဘာမှ ပြင်ပြင်ဆင်ဆင်မရှိခဲ့ဘူး ဆိုတာပါပဲ။ နီးစပ်ရာ တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးအင်အားစုတွေဆီသွား၊ စစ်သင်တန်းတက်၊ ကိုယ့် ဒေသကိုယ်ပြန်လာပြီးလက်နက်စွဲကိုင်ကာ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ကြရတာ ဖြစ်ပါတယ်၊ တိုက်ပွဲ ဝင်ကြတယ်ဆိုပေမယ့် နဂိုရှိရင်းစွဲတိုင်းရင်းသားလူမျိုးစုလက်နက်ကိုင် အင်အားစုတွေကလည်းလုံလောက်တဲ့ လက်နက်ခဲယမ်းထောက်ပံ့မှု မပေးနိုင်သလို NUGအစိုးရကလည်း ဟုတ်တိပတ်တိ ဘာမှ မပံ့ပိုးနိုင်ခဲ့ပါဘူး။ ဒါ ကြောင့်လည်း ပြည်သူ့တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေက ကိုယ်ပိုင်လက်နက် ထုတ်လုပ်ရေးကို မလွဲ မရှောင်သာဆောင်ရွက်လာကြရပါတော့တယ်။ အခုသုတေသနစစ်တမ်းကနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက် ခဲ့တဲ့ ပြည်သူ့တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေရဲ့ ကိုယ်ပိုင်လက်နက်ထုတ်လုပ်ရေး ဖြစ်စဉ်တွေကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။ စုစည်းဖော်ပြရာမှာလည်း သက်ဆိုင်ရာအဖွဲ့တွေရဲ့ လူမူကွန်ရက်ပေါ်က ဖော်ပြ ချက်တွေကိုသာအခြေပြုထားပါတယ်။
စစ်ကိုင်းတိုင်း
**************
စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့ပေါင်း ၂၆၀ နီးပါးရှိနေပြီး ကိုယ်ပိုင်လက်နက်ထုတ်လုပ်နိုင်တဲ့အဖွဲ့ပေါင်း ၅၀ ကျော်ရှိပါတယ်။ အများဆုံးထုတ်လုပ်နိုင်တာက ယင်းမာပင်ခရိုင်ထဲပါဝင်တဲ့ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ မြို့နယ်တွေဖြစ်ကြပါတယ်။ ယင်းမာပင်ခရိုင်အတွင်းလက်နက်ထုတ်တဲ့အဖွဲ့ ၁၉ ဖွဲ့ ရှိပါတယ်။
ယင်းမာပင်မြို့နယ် တစ်ခုတည်းမှာပဲ လက်နက်ထုတ်လုပ်တဲ့အဖွဲ့၁၃ ဖွဲ့ ရှိပါတယ်။ ရွှေတြိဂံပြည်သူ့ကာကွယ် ရေးတပ်ရင်း(GIF)၊ YOMA Fighter PDF၊ ချိုမိုင်မိုင် PDF အဖွဲ့၊ ဆရာစံ PDF၊ Ar Lar Wa Ka အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊Next Generation Hop eအဖွဲ့၊ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းသွေးနီ-PDF၊ Chindwin Revolutionary Fighter၊ စစ်ကျွန်မခံ မြွှေဆိုးတစ်သိုက် GTF တပ်ခွဲ (၄)၊ Infinite Revolution Force IRF-GTFတပ်ခွဲ ၁၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့တို့ဖြစ်ပါတယ်။
ပုလဲမြို့နယ်အတွင်း လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၄ ဖွဲ့ရှိပါတယ်။ အဲ့ဒါတွေကတော Phoenix Local Defense Force၊ Yoma Yar ZarPDF၊ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုံတောင် Tiger PDFအဖွဲ့တို့ ဖြစ်ပါတယ်
ကနီမြို့နယ်အတွင်း လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၂ ဖွဲ့ရှိပြီးကျောက်လုံးကြီး(KLG) တပ်မဟာ ၊ Myanmar Defense Force အဖွဲ့တို့ဖြစ်ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာတော့ လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၁ ဖွဲ့သာရှိပြီး One star Task Force အဖွဲ့ဖြစ်ပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာတော့ လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၄ ဖွဲ့ရှိပါတယ်။ ဝက်လက်မြို့နယ်အတွင်း တောကြီး မြွေပွေးအဖွဲ့ ၊ Acid အဖွဲ့၊ GZ Special Task Force-Wetlet အဖွဲ့ ၃ဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။ ရွှေဘို မြို့နယ်အတွင်း C&T Shwe Bo အဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
မုံရွာခရိုင်အတွင်းလက်နက်ထုတ်လုပ်တဲ့အဖွဲ့ ၆ဖွဲ့နီးပါးရှိပါတယ်။
အရာတော်မြို့နယ်အတွင်း People Revolutionary Army၊ AyadawBone Naing PDF၊ Burmese Revolutionary Technical Front အဖွဲ့တို့မှ လက်နက်ထုတ်လုပ်ပါတယ်။
မုံရွာမြို့နယ်အတွင်း သံမဏိ Force-MPDF Battalion(မုံရွာခရိုင်တပ်ရင်းအမှတ်–၂၅)၊ Unity Force Monywa (အထူးကွန်မန်ဒို)၊ Chindwin Attack Force (မုံရွာခရိုင် တပ်ရင်း–၂) တွေကလက်နက်ထုတ်လုပ်ပါတယ်။
ဘုတလင်မြို့နယ်မှာတော့ ဒုံးပျံဒေသ ကာကွယ်ရေးအဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
စစ်ကိုင်းခရိုင်အတွင်း လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၈ ဖွဲ့ရှိပါတယ်။
စစ်ကိုင်းမြို့နယ်မှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မြန်မာနိုင်ငံအလယ်ပိုင်း လက်နက်ထုတ်လုပ်ရေးအဖွဲ့ (MTT) Special Attacking Force ၊ အမေ့သား ကျားသုံးဖော်အဖွဲ့၊ People Soldiers’Production Team တွေက လက်နက်ထုတ်လုပ်ပါတယ်။
မြောင်မြို့နယ်အတွင်း Myaung Women Warriors နဲ့ T.G.R Drone Force တို့က လက်နက်ထုတ်လုပ်ပါတယ်။
မြင်းမူမြို့နယ်အတွင်း Myin Mu Defense Force (MNDF) အဖွဲ့ကလက်နက်ထုတ်လုပ်ပါတယ်။
ဒေါင်းလုလင်အဖွဲ့ကထုတ်လုပ်ထားသော မော်တာကျည်။ (ဓာတ်ပုံ – ဒေါင်းလုလင်)
ကလေးခရိုင်အတွင်း လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၄ ဖွဲ့ရှိပါတယ်။
ကလေးမြို့နယ်အတွင်း People’s Defense Force Kalay-Technique & Drone၊ People’s Defense Force Kalay Mine Team တို့က လက်နက်ထုတ်လုပ်ပါတယ်။
မင်းကင်းမြို့နယ်အတွင်း Minkin People’s Defense Force-MKPDF-2၊ ယက္ခညီနောင် ပြောက်ကျားတပ်ဖွဲ့ – GTF တပ်ခွဲ (၂) တို့က လက်နက်ထုတ်လုပ်ပါတယ်။
ရေဦးခရိုင်အတွင်း လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ (၃)ဖွဲ့ရှိပါတယ်။
တန့်ဆည်မြို့နယ်အတွင်း Muniment Production Team-Taze၊ MDF-Taze Tiger-Amor Production Team(Taze)တို့ က လက်နက်ထုတ်လုပ်ပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း ဗိုလ်လရောင် Local Defense Force အဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
ကန့်ဘလူမြို့နယ်အတွင်း Kanbalu Tiger Rangers နဲ့ ဒေါင်းနီအဖွဲ့တို့က လက်နက်ထုတ်လုပ်ပါတယ်။
မကွေးတိုင်း
**************
မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ပေါင်း ၃၉ ဖွဲ့ကျော်ရှိနေပြီး ကိုယ်ပိုင်လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၇ ဖွဲ့ရှိပါတယ်။ အများဆုံထုတ်လုပ်တဲ့ခရိုင်က ပခုက္ကူခရိုင်ဖြစ်ပါတယ်။
ပခုက္ကူခရိုင်အတွင်း လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၄ ဖွဲ့ရှိပါတယ်။
ရေစကြိုမြို့နယ်အတွင်း Yesagyo Revolution Group၊ People Defense Force Yesagyo၊ Shwe Chan Fighter တို့က လက်နက်ထုတ်လုပ်ပါတယ်။
မြိုင်မြို့နယ်အတွင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
ရေနံချောင်းမြို့နယ်အတွင်း People’s Defense Force-Yenangyaung အဖွဲ့ကလက်နက်ထုတ်လုပ်ပြီး ထီးလင်းမြို့နယ်မှာတော့ Yaw Revolution Army – ထီးလင်းအဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်လုပ်ထားသော ခါးချိုးသေနတ်များ။ (ဓာတ်ပုံ – ရေစကြိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့)
မန္တလေးတိုင်း
************
မန္တလေးတိုင်းအတွင်း PDF အဖွဲ့ ၅၄ ဖွဲ့ ရှိပြီး လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၄ ဖွဲ့ရှိပါတယ်။
မြင်းခြံမြို့နယ်မှာ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ထုတ်လုပ်ပြီး တောင်သာမြို့နယ်မှာ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ရင်းအဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။ ကျောက်ဆည်မြို့နယ်မှာ Kyaukse District Defense Force (KDDF) အဖွဲ့က လက်နက်ထုတ်လုပ်ပြီး အမရပူရ မြို့နယ်အတွင်းက Amarapura Local PDF အဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
ကရင်နီပြည်နယ်
**********
ကရင်နီပြည်နယ်အတွင်း PDF ၈ ဖွဲ့ရှိပြီး လက်နက်ထုတ်လုပ်တဲ့အဖွဲ့ ၄ ဖွဲ့ ရှိပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ D.M.O PDF ဒရုန်းတပ်ဖွဲ့၊ Karenni Revolution Union(KRU)၊ Karenni Nationalities Defense Force (Explosion and Technique Department) အဖွဲ့တို့က လက်နက်ထုတ်လုပ်ပါတယ်။
ဖယ်ခုံမြို့နယ်မှာ Karenni Generation Z (KGZ)အဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
တနင်္သာရီတိုင်း
***********
တနင်္သာရီတိုင်းအတွင်း PDF အဖွဲ့ ၆၈ ဖွဲ့ရှိပြီး လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၃ ဖွဲ့ရှိပါတယ်။
ထားဝယ်မြို့နယ်အတွင်း Dawei Defense Team (DDT) Squad-1၊ Easter Defense Force EDF အဖွဲ့တို့ကလက်နက်ထုတ်လုပ်ပြီး ရေဖြူမြို့နယ်အတွင်း ဇင်ယော်တပ်စုက လက်နက်ထုတ်လုပ်ပါတယ်။
ချင်းပြည်နယ်
*************
ချင်းပြည်နယ်အတွင်း PDF ၂၉ ဖွဲ့ရှိပြီး လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ (၁)ဖွဲ့ရှိပါတယ်။
တီးတိန်မြို့နယ်မှာ People Defense Amy (PDA) အဖွဲ့က လက်နက်ထုတ်လုပ်ပါတယ်။
နေပြည်တော်
*********+
နေပြည်တော်မြို့နယ်အတွင်း PDF အဖွဲ့ ၁၄ ဖွဲ့နီးပါးရှိပြီး ကိုယ်ပိုင်လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၁ ဖွဲ့ရှိပါတယ်။
ဒက္ခိဏသီရိမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် နေပြည်တော်အဖွဲ့ က လက်နက်ထုတ်ပါတယ်။
ကရင်နီပြည်တွင် ကိုယ်ပိုင်ထုတ်လုပ်ထားသောလက်နက်စမ်းသပ်နေစဥ်။ (ဓာတ်ပုံ – Twitter)
မွန်ပြည်နယ်
**********
မွန်ပြည်နယ်အတွင်း PDFအဖွဲ့ ၂၀ နီးပါးရှိပြီး ကိုယ်ပိုင်လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၁ ဖွဲ့ရှိပါတယ်။
ရေးမြို့နယ်အတွင်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလက်နက်ထုတ်လုပ်ပါတယ်။
ပဲခူးတိုင်း
**********+
ပဲခူးတိုင်းအတွင်း PDFအဖွဲ့ ၃၈ ဖွဲ့နီးပါးရှိပြီး ကိုယ်ပိုင်လက်နက်ထုတ်လုပ်တဲ့ အဖွဲ့ ၁ ဖွဲ့ ရှိပါတယ်။
ပဲခူးမြို့နယ်အတွင်းက ပဲခူးပြည်သူ့ကာကွယ်ရေးတပ် (BDF) အဖွဲ့မှ လက်နက်ထုတ်ပါတယ်။
အထက်ဖော်ပြခဲ့တဲ့ သုတေသနစစ်တမ်းက လက်လှမ်းမီသလောက်သာ ဖြစ်ပါတယ်။ ကိုယ်ပိုင်လက်နက် ထုတ်လုပ်တယ်ဆိုရာမှာ လွယ်လွန်းတာတော့မဟုတ်ပါဘူး။ ကုန်ကြမ်းအခက်အခဲ ၊ နည်းပညာချို့တဲ့မှု၊ လုပ်ငန်းခွင် မလုံခြုံမှုစတဲ့ အခြေအနေတွေကြောင့် အန္တရာယ်များလှပါတယ်။ လက်နက်ခဲယမ်းထုတ်လုပ်မှုတွေ စမ်းသပ်ရင်းအသက်ပေးခဲ့ကြရတဲ့ ပြည်သူ့တော်လှန်ရေးရဲဘော် အများအပြားရှိပါတယ်။ မိုလိုတော့ဗ်ကစလို့ ခုခံတော်လှန်ခဲ့တဲ့လက်နက်ကိုင်တော်လှန်ရေးဟာ ကိုယ်ပိုင်လက်နက်ကြီး ထုတ်လုပ်နိုင်တဲ့အဆင့်အထိတော့ ရောက်နေပါပြီ။၊တရားသာရှိပါစေ။ နည်းရာက များလာပါလိမ့်မယ်။သေးရာက ကြီးလာမှာလည်း အသေအချာပါပဲ။
နွေဦးတော် လှန်ရေး မုချအောင်ရမယ်။
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1948
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5569