• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်
  • မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို
  • နမ့်ဆန်မြို့နယ် အုမ်းစွမ်းရွာကို ဗုံးကြဲခံရ၍ အမျိုးသမီး တစ်ဦး သေဆုံး
  • NUG မှ ပြည်သူများအား လေးနှစ်ကျော်အတွင်း ကျပ် ၂၆ ဒဿမ ၇ ဘီလီယံထောက်ပံ့ထား
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»ဆုတ်ယုတ်လာသည့် အခြေအနေကြားက အချိန်ဆွဲမရတော့သည့် နွေဦးတော်လှန်ရေး
သတင်းဆောင်းပါး

ဆုတ်ယုတ်လာသည့် အခြေအနေကြားက အချိန်ဆွဲမရတော့သည့် နွေဦးတော်လှန်ရေး

thanlwinkhetBy thanlwinkhetSeptember 9, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

စက်တင်ဘာလ ၉ ၊ ၂၀၂၃ ခုနှစ် ။

စစ်ကောင်စီကအာဏာသိမ်းခဲ့ခြင်း ရက်ပေါင်း ၉၄၈ ရက်ပြည့်မြောက်ခဲ့သည့် ယခု စက်တင်ဘာလ ၅ ရက်တွင် စစ်ကောင်စီ၏ သတ်ဖြတ်မှု ကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၄၀၄၃ ဦး ရှိနေသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားသည့် အထက်ပါ အချက်အလက်အရ  တစ်ရက်လျှင် အရပ်သားပြည်သူ ၄ ဦးကျော် သေဆုံးနေရခြင်း ဖြစ်သည်။

ထို့ပြင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ နှစ်သောင်းနီးပါးရှိနေပြီး ၎င်းတို့အနက် ၇၃၀၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရသည် ။ စစ်အာဏာသိမ်းကာလ သို့မဟုတ် နွေဦးတော်လှန်ရေး အချိန်ကြာမြင့်လာလေလေ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များစွာပိုမို ဆုံးရှုံးရလေဖြစ်ပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး ကဲ့ သို့သော ဘဝရပ်တည်ရှင်သန်ရေးများသည်လည်း တစ်နေ့တခြား ပိုမိုဆုတ်ယုတ် လာလေသည်ကို မြင်တွေ့နေရသည်ဟု ပြည်သူအများစုက သိရှိပြီးဖြစ်သည်။

 

မြန်မာနိုင်ငံဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော်ရှိသည့် ပြည်သူ ၁၈ သန်းသည် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေပြီး ထိုအထဲက ၁၅ သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ကြုံနေရကာ ၁ ဒဿမ ၉ သန်းသည် နေ့ရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ဆိုသည်။

 

ကျပ်သိန်းပေါင်း ကုဋေချီ ယမ်းငွေ့ဖြစ်နေရသည့် ပြည်သူ့ဘဏ္ဍာများ

***********************************************************************************

နေ့စဥ်နှင့်အမျှ နိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုင်းပြည်၏ငွေ သို့မဟုတ် ပြည်သူများ၏ ဘဏ္ဍာများသည် ကျပ်သိန်းပေါင်း ကုဋေချီ ဆုံးရှုံး နေရသည်။

စစ်အာဏာမသိမ်းမီ ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစရိတ်သည်  ကျပ်ဘီလီယံ ၃၀၀၀ ကျော်သာ ရှိခဲ့ရာမှ ယခုနှစ်ဘတ်ဂျက်တွင် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲရန် စစ်ကောင်စီက ကြေညာထားသည်။

ကျပ်သိန်းပေါင်း ၅ ကုဋေကျော် လျာထားသုံးစွဲမှုနှင့်အတူ စစ်ကောင်စီသည် ဒေါ်လာသန်းချီ ပေးဝယ်ထားရသည့် တိုက်လေယာဥ်များအပါအဝင် ခေတ်မီ စစ်လက်နက်များကို အသုံးပြုပြီး ကျပ်သိန်း ရာချီ၊ ထောင်ချီ တန်ဖိုးရှိ  ဗုံးသီးများ၊ ခဲယမ်းများကို နေ့စဥ်သုံးစွဲ တိုက်ခိုက်နေသည်။

နေ့စဥ် နာရီပိုင်းအတွင်း ယမ်းငွေ့အဖြစ် ကျပ်သိန်း ရာချီ ဆုံးရှုံးနေရသော ပြည်သူ့ဘဏ္ဍာများစွာသည် စစ်ကောင်စီဘက်က အသုံးပြုနေသည့် ပမာဏတစ်ခုတည်းပင် ဖြစ်သည်။

ပြည်သူများ၏ ကူညီထောက်ပံ့မှုများဖြင့် တော်လှန်ရေးတပ်များ၏ စစ်ရေးအသုံးစရိတ်များသည်လည်း စစ်ကောင်စီဘက်က အသုံးပြုနေသည့်ပမာဏကို မမီသည့်တိုင် ကျပ်သိန်းပေါင်း သန်းချီ ကုန်ကျလျက် ရှိသည်ပင် ဖြစ်၏။

 

“တိုက်ပွဲတစ်ပွဲတစ်ပွဲကို ခဲယမ်းဖိုးက သိန်း ၁၀၀ နဲ့ ၁၅၀ လောက်ကုန်တယ်။ ပွဲအရမ်းကြမ်းရင် အဲဒီထက်ပိုကုန်တယ်။ အနည်းဆုံး သိန်း၃၀၀ အထက်ပဲ”ဟု ကရင်နီတော်လှန်ရေး အင်အားစု KRU တာဝန်ရှိသူက ပြောသည် ။

ထို ပမာဏသည် ကရင်နီပြည်နယ်အတွင်းရှိတပ်ဖွဲ့များ သုံးစွဲနေရသော နာရီပိုင်းမျှသာ ကြာမြင့်သည့် တိုက်ပွဲတစ်ခုတည်း၏ ခဲယမ်းဖိုးအတွက်သာ ဖြစ်သည်။

စစ်ကောင်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲဖြစ်ပွားနေသည့် ကရင်နီပြည်တွင် နေ့စဉ် နေရာ ၃-၄ နေရာ၌ တိုက်ပွဲဖြစ်ပွားမှုများရှိနေသလို တိုက်ပွဲတစ်ပွဲလျှင်လည်း တပ်ဖွဲ့  ၅ ဖွဲ့မှ ၁၀ ဖွဲ့ကြား ပါဝင်လေ့ရှိကြသည်။

ထိုအဖွဲ့များတွင် KRU ထက် လူအင်အား၊ လက်နက်အင်အား ပိုမိုအသုံးပြုသည့် တပ်ဖွဲ့များလည်း ရှိနေသောကြောင့် တစ်ရက်တာ တိုက်ပွဲအတွင်း၌ အနည်းဆုံး ကျပ်သိန်းတစ်ထောင်နှင့် အထက်ကုန်ကျလျက် ရှိနေသည်။

ထိုပမာဏသည် ကရင်နီပြည်တစ်ခုတည်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ တစ်ရက်တာ တိုက်ပွဲတွင်း ကုန်ကျစရိတ်သာဖြစ်ပြီး ကရင်နီပြည်နည်းတူ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေသည့် ကရင်၊ ကချင်၊ ချင်း၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီဒေသရှိ တော်လှန်ရေးတပ်များ၏ နေ့စဥ်တိုက်ပွဲ ကုန်ကျစရိတ်များသည်လည်း ကျပ်သိန်းထောင်ချီ ရှိနေမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိတိုက်ပွဲများ ပြင်းထန်နေသည့်ကာလအတွင်း တိုင်းနှင့် ပြည်နယ် အသီးသီးရှိ တော်လှန် ရေးတပ်များ၏ နေ့စဥ်တိုက်ပွဲအတွက် ကုန်ကျမှုများသည် ကျပ်သိန်းတစ်သောင်းကျော်အထိ ရှိနေသည်။

ကာကွယ်ရေးတပ်ဖွဲ့များ၏ အဆိုပါခဲယမ်းဖိုးတစ်ခုတည်းလျှင်ပင် ကျပ်သိန်းပေါင်း သန်းချီပမာဏအထိ ရှိနေသည့်အပြင် အခြားတစ်ဘက်၌လည်း ၅ သိန်းကျော်ရှိသော ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လက် နက်ဖိုးနှင့် စစ်သုံးအထွေထွေစရိတ်များကလည်း ခဲယမ်းဖိုးပမာဏနှင့် ကွာခြားနိုင်မည် မထင်ပါ။

ထိုတော်လှန်ရေးတပ်များ အသုံးပြုနေသော ငွေကြေးများသည်လည်း ပြည်တွင်း ပြည်ပက မြန်မာ ပြည်သူများ၏ ဒီမိုကရေစီအရေးအတွက်ကုန်ကျစရိတ်များဖြစ်သောကြောင့် တိုက်ပွဲများမရှိလျင် အဆိုပါ ငွေကြေးများမှာ မြန်မာပြည်သူလူထု၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအသုံးပြုသွားနိုင် မည်ပင် ဖြစ်သည်။

 

တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများ

*******************************

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဖြစ်ပွားနေခဲ့ပြီး ခေတ်အဆက်ဆက် အာဏာရှင်များ၏ ဖိနှိပ်မှု များကြောင့် မြန်မာနိုင်ငံသည် အဘက်ဘက်တွင် ဆုတ်ယုတ်ကျဆင်းနေခဲ့ရာ လက်ရှိအာဏာသိမ်း ကာလအတွင်းတွင်တော့ အဆိုးရွားဆုံးသော အကြပ်အတည်းများနှင့် ပြည်သူများ ရင်ဆိုင်နေကြရသည်။

ရှစ်လေးလုံး၊ ရွှေဝါရောင်တော်လှန်ရေး စသည့် လူထုလှုပ်ရှားမှုများ အပါအဝင် စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက် ဖြစ်စဥ်များအနက် လက်ရှိနွေဦးတော်လှန်ရေးကာလ သည် အချိန်ကာလ အကြာဆုံး ဖြစ်သည်။

မြန်မာတိုင်းရင်းသားများကိုယ်တိုင် အင်အားအလုံးအရင်းဖြင့် ဆန့်ကျင်တော်လှန်နေကြသလို ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း အပါအဝင် တိုင်းရင်းသားအသီးသီးကလည်း အရှိန်အဟုန်ဖြင့် တော်လှန် တိုက်ပွဲဝင်နေကြသည်။

အင်အားကောင်းကောင်းဖြင့် နိုင်ငံအနှံ့ပေါ်ထွက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်မှုများဖြင့် တိုက်ပွဲများမှာ နေ့စဥ်၊ နေ့တိုင်း ဖြစ်ပွားနေသည်။

ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းများစွာရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်မှု အားကောင်းနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထိ ၂ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ်ဖြစ်ပွားခဲ့သည်။

လက်ရှိ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း၌လည်း ကေအဲန်ယူတပ်မဟာ ၆ ခုတွင် တိုက်ပွဲပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ကေအဲန်ယူဗဟိုက ဖော်ပြထားသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ မြို့နယ်တချို့ပါဝင်သည့် ကေအဲန်ယူ တပ်မဟာနယ်မြေများတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများပင်လျှင် တစ်နေ့ ၁၀ ကြိမ်နှင့်အထက် ရှိနေသည်ကို တွေ့ရပေမည်။

ကရင်နီ၊ ချင်း၊ ကချင်၊ ရှမ်း ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် ပြည်နယ်နှင့်တိုင်းများတွင်လည်း တိုက်ပွဲများက နေ့စဥ်ဖြစ်ပွားနေပြီး ခုခံတော်လှန်စစ် ၂ နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း အကြိမ်ရေ ထောင်ချီ ရှိနေပြီဖြစ်သည်။

လက်ရှိအာဏာသိမ်းကာလ ၂ နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ ဖြစ်ပွားနေခဲ့သော တိုက်ပွဲများမှာ အကြိမ်ရေ သောင်းချီအထိရှိနေပြီး တိုက်ပွဲတွင်း ကုန်ကျနေမှုများသည်လည်း အထက်၌ ဖော်ပြခဲ့အတိုင်း ကျပ်သိန်း ပေါင်း ကုဋေနှင့်ချီ၍ရှိနေသည် ။

ပြည်တွင်းစစ်(သို့မဟုတ်) အာဏာရှင်အမြစ်ပြတ်ရေး တော်လှန်နေသည့် တိုက်ပွဲများအတွင်း တိုင်းပြည် လူထု၏ဝင်ငွေများ အမြောက်အမြား ကုန်ဆုံးနေကြရသည့်အပြင် တစ်ဘက်တွင်လည်း တိုက်ပွဲများ ကြောင့် ထိခိုက်ပျက်စီးမှုနှင့် ဆုတ်ယုတ်မှုများက များစွာရှိနေသည် ။

စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များကို လေကြောင်းက ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ အပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းများ ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၇၅၀၀၀ ကျော်မီးလောင် ပျက်စီးခဲ့ရသည်။

ထို့ပြင် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ ဆေးရုံ၊ဆေးခန်းများလည်း ရာချီပျက်စီးခဲ့ရသည်။

နေအိမ်များနှင့် အဆောက်အဦများသည် သိန်းရာ၊ ထောင်ချီတန်ဖိုးရှိကြသည့်အလျောက် မြို့လုံးကျွတ်နီး ပါး ပျက်စီးခဲ့ရသော ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်လည်း ကျပ်သိန်းသောင်းချီတန်သည့် အဆောက် အဦများစွာ ပျက်စီးခဲ့ရသည်။

အဆိုပါ ပျက်စီးမှုများသည် ငွေကြေးအားဖြင့် တွက်ချက်မှုသာဖြစ်ပြီး ထိုပျက်စီးသွားသော အဆောက်အဦ များနှင့်အတူ ပြန်မရနိုင်တော့သည့် ရိုးရာယဥ်ကျေးမှု အထိမ်းအမှတ်များစွာလည်း ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် ကျပ်သိန်းရာ၊ ထောင်ချီ ဝင်ငွေရှိနေသည့် စီးပွားရေးလုပ်ငန်းများသည်လည်း မီးလောင်ပျက်စီး ခဲ့သော နေအိမ်များနှင့်အတူ လုံးဝရပ်တန့်သွားခဲ့ကြပြီ ဖြစ်သည်။

“ငါတို့က ပြန်လမ်းမရှိတော့ဘူး။ ပြန်ရင်လည်း ဘာလုပ်စားလို့ စားရမှန်းလည်း မသိတော့ဘူး။ ပါလာ တာတွေလည်း ထုခွဲရောင်းစားတာနဲ့ ကုန်ပြီ။ ကျန်ခဲ့တဲ့ဟာတွေကလည်း အသိမ်းခံထားရတယ်” ဟု စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ် သေဒဏ်ပေးခံထားရသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

၎င်း၏ သိန်းသောင်းချီတန်သည့်ပိုင်ဆိုင်မှုနှင့် စီးပွားလုပ်ငန်းများကိုလည်း စစ်ကောင်စီက သိမ်းပိုက်ထား လိုက်ပြီလည်းဖြစ်သည်။

 

အန္တရာယ်ချောက်ကမ်းပါးနဲ့နီးလာနေသည့် ဆုတ်ယုတ်မှုများ

*******************************************************************

စစ်အာဏာသိမ်းဖြစ်စဥ်အကျိုးဆက်ကြောင့် ပြည်သူတစ်ဦးချင်း၏ အသက်အိုးအိမ်၊ စည်းစိမ်ထိခိုက် နစ်နာဆုံးရှုံးမှုများ ကြီးမားခဲ့ရသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကဏ္ဍများစွာ သည်လည်း ပျက်စီးခဲ့ရသည်။

အခြားတိုင်းနှင့်ပြည်နယ်များထက် ဖွံဖြိုးမှုများစွာ နောက်ကျခဲ့ရသော ချင်းပြည်နယ်တွင် အရပ်သား အစိုးရလက်ထက်၌ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးများအပါအဝင် ဒေသတွင်းဖွံ့ဖြိုးမှုနှင့် လူသားအရင်းအမြစ်တိုးတက်မှုများအတွက် အရှိန်ရနေခဲ့မှုများသည် စစ်အာဏာ သိမ်းမှုကြောင့် အားလုံးရပ်တန့်ခဲ့ရသည်။

အချို့ဆိုလျှင် ရပ်တန့်သွားသည်သာမက ပျက်စီးသွားရသည့်အခြေအနေထိဖြစ်ပြီး ချင်းပြည်နယ်၌ အထက်ပါပြောခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုများပြန်ရရှိရန် ဆယ်စုနှစ်ချီကြာအောင်  ကြိုးစားတည်ဆောက်မှ ရနိုင်တော့မည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောဆိုထား ဖူးသည်။

အာဏာသိမ်းဖြစ်စဥ်ကြောင့် ပြည်နယ်တစ်ခု၏ ထိခိုက်နစ်နာဆုံးရှုံးရမှုသည်ပင် ဤမျှကြီးမားနေလျှင် တစ်နိုင်ငံလုံး၏ ထိခိုက်ဆုံးရှုံးမှုများက ပြော၍ကုန်နိုင်မည်ပင် မဟုတ်ချေ။

အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ တန်ဖိုးရှိသည့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးများ မြန်မာနိုင်ငံ တွင်းက အသုတ်လိုက် ထွက်ခွာသွားမှုများကြောင့် စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးလာမှုများ နှင့်အတူ နေ့စဥ်လူမှုဘဝအကြပ်အတည်းများက မြန်မာပြည်သူများကို တစ်နေ့တခြားပို၍ အန္တရာယ်ပြု ခြိမ်းခြောက်နေပြီ ဖြစ်သည်။

အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်က တိုင်းပြည်၏ GDP သည် အမေရိကန်ဒေါ်လာ ၇၈.၉၃ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၅၉.၃၆ ထိလျော့နည်းသွားခဲ့သည်။

ဆင်းရဲမွဲတေမှုနှင့်စားနပ်ရိက္ခာ မလုံလောက်မှုများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ်များသည် အာဟာရ ပြတ်လပ်ချို့တဲ့မှုအန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောသည်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်ရဲ့ အချက်အလက်တွေ အရပေါ့လေ ။ ကလေးသူငယ် ၃ ဦးမှာ ၁ ဦးက ဖွံ့ဖြိုးမှု ပြည့်မီခြင်းမရှိတဲ့ အခြေအနေကိုရင်ဆိုင်နေကြရပြီး ၇ ရာခိုင်နှုန်းဟာ ကိုယ်ခန္ဓာအားအင် ယုတ် လျော့မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ် “ဟု ဦးကျော်မိုးထွန်း က ပြောသည်။

အာဏာသိမ်းကာလ ကြာလာသည်နှင့်အမျှ ကလေးငယ်များ၏ ဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးတို့သည် စိုးရိမ် စရာအခြေအနေနှင့် ပိုမိုကြုံလာရသည်သာမက အရွယ်ရောက်ပြီးသား ကလေးငယ်များ၏ ပညာသင် ကြားရေးဆိုင်ရာ အခွင့်အလမ်းများစွာလည်း ဆုံးရှုံးနေရပြန်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးရက်များတွင် ကျောင်းလာအပ်သူ ၆ သန်း ကျော်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ အဆိုပါစာရင်းသည် တစ်နိုင်ငံလုံးတွင်ရှိသော အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများတွင် အပ်နှံထားသည့် ကျောင်းသားဦးရေဟု သိရသည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း စုစုပေါင်း ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ဖြစ်ပြီး တက်ရောက်သူလည်း ၉၃ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

ထို့ပြင် နေရပ်စွန့်စွာတိမ်းရှောင်နေကြရသည့် မိသားစုများက ကလေးငယ်သိန်းချီသည်လည်း ပညာ သင်ကြားခွင့်နှင့်ပတ်သက်သော အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။

 

အချိန်ဆွဲ၍ မရတော့သည့် တော်လှန်ရေး

********************************************

အဘက်ဘက်က ဆုတ်ယုတ်နေသည့် မြန်မာနိုင်ငံတွင် တိုက်ပွဲများက တစ်နေ့တခြား ပိုမိုဖြစ်ပွားလာနေ သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကလည်း နေရာတိုင်းတွင် လိုအပ်နေ    သည်။

တော်လှန်ရေးအောင်မြင်ရန် ပြည်သူများ၏ ကူညီထောက်ပံ့မှုများဖြင့်သာ ခရီးဆက်နေရပြီး နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများသည် လက်နက်၊ ခဲယမ်းများအတွက် မဆိုထားနှင့်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိနိုင်ရန်ကိုပင် ခက်ခက်ခဲခဲတောင်းခံနေရသည် ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် က ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုသို့နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရရှိသည့်အခြေအနေတွင် ယခင်က မြန်မာနိုင်ငံအတွက်အကူအညီပေးနေခဲ့သော INGO နှင့် NGO အဖွဲ့အစည်း ၃၀၀ ဝန်းကျင် သည်လည်း လက်ရှိတွင် ၃၀ ခန့်သာရှိတော့သည်ဟု သိရသည်။

 

ထို့ကြောင့် တော်လှန်ရေးအောင်မြင်ရန် ပြင်းထန်တိုက်ပွဲများဆင်နွှဲနေသည့် တော်လှန်ရေးတပ်များ၏ လိုအပ်ချက်များကို ပြည်သူများက ဝိုင်းဝန်းကူညီထောက်ပံ့ပေးနေရသလို တစ်ဘက်က လူသားချင်းစာနာမှုအကူအညီများအတွက်လည်း ပြည်သူထု၏အားဖြင့်သာ ဖြေရှင်းနေကြရသည်။

အာဏာသိမ်းကာလအတွင်း အဘက်ဘက်က ကြပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရသည့် ပြည်သူ များအနေဖြင့် နေ့စဥ် လိုအပ်ချက် ကြီးမားနေသော စစ်ဘေးရှောင်ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ များအတွက် အချိန်မည်မျှကြာကြာ တောင့်ခံသွားနိုင်ပါမည်နည်း။

အဆိုပါအဖြေကို ကြိုတင်မသိရနိုင်သော်လည်း တော်လှန်ရေးအောင်မြင်ဖို့အတွက်ဆိုလျှင် အချိန်ထပ် ကြာ၍ မရတော့သည်မှာအမှန်ပင်ဖြစ်သည်။ အချိန်ကြာမြင့်လာလေ ပျက်စီးဆုံးရှုံးမှု ပိုများလာပြီး တော် လှန်ရေးအောင်မြင်ရန် အခွင့်အရေး ပိုနည်းလာမည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ် ပြောဆိုနေကြသည်။

 

“ဒီတော်လှန်ရေးက အောင်မှဖြစ်မှာ။ ကျွန်တော်တို့မှာ ပြန်စရာ အိမ်လည်းမရှိတော့ဘူး။ တစ်ရွာလုံးလည်း ပြာဖြစ်သွားပြီ”ဟု စစ်ကိုင်းတိုင်းတွင်းရှိ နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခံထားရသော ဒီးပဲယင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

တစ်နိုင်ငံလုံးတွင် နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခံထားရသည့် စစ်ကိုင်းတိုင်းတွင် သေနတ်သံများ၊ ယမ်း ငွေ့များလွှမ်းနေသလို စစ်အာဏာရှင်ကို အဆုံးထိဆန့်ကျင်တော်လှန်သွားမည့် ဆန္ဒပြကြွေးကြော်မှု များကလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေဆဲ ဖြစ်သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဆုတ်ယုတ်လာသည့် အခြေအနေကြားက အချိန်ဆွဲမရတော့သည့် နွေဦးတော်လှန်ရေး
Next Article တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်ပိုင်လက်နက်ထုတ်လုပ်မှုစစ်တမ်း
thanlwinkhet
  • Website

Related Posts

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

ရဲဘော်နိုင်မင်း(သို့)တိုက်ပွဲခေါ်သံကြားက မျှားတစ်စင်း(ဆောင်းပါး)

September 20, 2025

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

Leave A Reply Cancel Reply

Recent Posts

  • စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်
  • စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်
  • တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်
  • ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး
  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

စစ်တွေတွင် စစ်တပ်နှင့် AA တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်

October 17, 2025

စစ်မှုထမ်းတပ်သား ၇ ဦး KNLA ထံ အလင်းဝင်

October 17, 2025

တစ်နိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့် ကျင်းပနေသည့် စစ်တပ် ပြည်သူများအား ဗုံးကြဲတိုက်ခိုက်

October 17, 2025

ရေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲ အတွင်း စစ်တပ်မှ တပ်သား ၁၄ ဦး သေဆုံး

October 15, 2025

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာကုန်းရှိ ကာကင်းစခန်းအားလုံးကို အေအေ သိမ်းပိုက်

October 15, 2025

မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်အား ယုံကြည်မှု လုံးဝပြိုလဲသွားပြီဟု UNDP ဆို

October 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.