သံလွင်ခက်
စက်တင်ဘာ ၇၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမှာ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA) တို့အကြား ယမန်နေ့ စက်တင်ဘာလ ၆ ရက်တွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု ဒေသခံများထံက သိရပါသည်။
ဒေသခံအမျိုးသမီးတစ်ဦးက “TNLAက နမ့်ဖက်ကာဘက် ကိုဆင်းလာတဲ့အချိန်မှာပဲ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်သွားတာ။ လက်နက်ကြီးရော၊ လက်နက်ငယ်ရော ပစ်နေတာ။ လက်နက်ကြီးဝောာ့ ဘယ်နေရာတွေကျလဲ မသိဘူး”ဟုပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပစ်လိုက်သည့်လက်နက်ကြီးကြောင့်ဒေသခံ ၅ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ စက်တင်ဘာလ ၅ ရက်ကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေ ကျေးရွာတွင် စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၇ လုံးနှင့် ဝက် ၄ ကောင် ထိမှန်သေဆုံးသွားသည်။
Photo Crd-စစ်ကောင်စီလက်နက်ကြီးထိမှန်သည့် ဒေသခံနေအိမ်မြင်ကွင်း။
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1924
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5520