• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»တိုက်ပွဲသတင်း»ကရင်နီတပ်ဖွဲ့တချို့ခဲယမ်းအင်အားပြတ်လပ်
တိုက်ပွဲသတင်း

ကရင်နီတပ်ဖွဲ့တချို့ခဲယမ်းအင်အားပြတ်လပ်

thanlwinkhetBy thanlwinkhetSeptember 8, 2023No Comments3 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

Saw Smith

စက်တင်ဘာ ၈ ၊ ၂၀၂၃ ။

ပြင်းထန်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ တပ်ဖွဲ့တချို့ ခဲယမ်းအင်အားပြတ်လပ်မှုတွေနဲ့ ကြုံနေရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်လောက်ကနေ  ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီက မြေပြင်အင်အားထောင်ချီအသုံးပြုပြီး ထိုးစစ်ဆင်နေတာ အခု စက်တင်ဘာလဆို ၃ လနီးပါးကြာမြင့်နေပါပြီ။

စစ်ကောင်စီက မြေပြင်အင်အားအလုံးအရင်းနဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အဆမတန်အသုံးပြုပြီး ထိုးစစ်ဆင်နေပေမယ့် ကရင်နီပူးပေါင်းတပ်တွေက အကောင်းဆုံးခုခံတိုက်ခိုက်နေကြပါတယ်။

ဒါကြောင့်လည်း ကရင်နီပြည်စစ်ရေးသတင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ထိခိုက်သေဆုံးမှုသတင်းတွေကိုမကြာခဏတွေ့မြင်နေကြရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုစစ်ရေးအောင်မြင်မှုတွေရဖို့ အကောင်းဆုံးခုခံတိုက်ခိုက်နေကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ခဲယမ်းလိုအပ်ချက်စိန်ခေါ်မှုနဲ့ အကြီးမားဆုံးရင်ဆိုင်နေကြရပါတယ်။

“လက်နက်ကြီး ၊ လက်နက်ငယ်တွေရော သုံးတယ်ပေါ့နော်။ ပွဲအရမ်းကြမ်းတဲ့ပွဲမျိုးဆို သိန်း ၃၀၀ လောက် ကုန်တယ်။ ပွဲမကြမ်းဘူး ပြောက်ကျားပုံစံမျိုးသွားတဲ့ပွဲတွေဆို ၁၀၀ ၊ ၁၅၀ နဲ့ ၂၀၀ ကြားလောက်ပဲပေါ့နော်။ တကယ်ပွဲကြမ်းပြီး ရန်သူဘက်ကလည်း တရစပ်ပစ်တယ်။ ကိုယ့်ဘက်ကလည်း တရစပ်ပစ်ပြီးဝင်ရတာမျိုးဆိုရင်အနည်းဆုံးသိန်း ၃၀၀နဲ့အထက်၊ တခါတလေ ထောင်ဂဏန်းလောက်ကုန်တာရှိတယ် “ဟု ကယား ( ကရင်နီ ) တော်လှန်ရေးတပ်ပေါင်းစု ( KRU ) တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲတွေကဆက်တိုက်ပြင်းထန်နေတာ ၂ လကျော်လာပြီဖြစ်တာကြောင့် တပ်ဖွဲ့မှာကျည်တွေလည်းပြတ်လပ်နေပြီလို့ ကိုလင်းလင်းကပြောပါတယ်။

ဒါကြောင့် KRU အနေနဲ့ လိုအပ်နေတဲ့ လက်နက်၊ခဲယမ်းအတွက် “ရောင်နီသာအောင် လမ်းဖောက်ဖို့ ငါးကြင်းမြှီးနဲ့ပွဲကစို့ ” ဆိုတဲ့ ကမ်းပိန်းတစ်ခုကို သြဂုတ်လ ၂၅ ရက်ကနေ အောက်တိုဘာ ၂၄ ရက်ထိ အချိန် ၂ လ သတ်မှတ်ပြီးအကူအညီတောင်းခံထားပါတယ်။

အဲ့ဒီကမ်းပိန်းအတွက် ကျပ်သိန်း ၁၀၀၀ သတ်မှတ်ထားပေမယ့် အခုလစက်တင်ဘာ ၅ ရက် ကမ်းပိန်း ၁၁ ရက်မြောက်တဲ့အထိ ၇ ရာခိုင်နှုန်းကျော်ကျော်သာရရှိသေးတယ်လို့ ကိုလင်းလင်းကပြောပါတယ်။

KRU အနေနဲ့ လက်ရှိပြုလုပ်နေတဲ့ ကမ်းပိန်းမတိုင်ခင်မှာ ခဲယမ်းလိုအပ်ချက်အရံအင်အားကိုဖြည့်တင်းနိုင်ဖို့ကျည်အတောင့် ၁၀၀၀၀ အတွက် ကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ ကမ်းပိန်းတစ်ခု ပြုလုပ်ပြီး အကူအညီတောင်းခံခဲ့ပေမယ့် ပါဝင်ထောက်ပံ့သူအားနည်းခဲ့လို့ ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ထဲမှာပဲ ကမ်းပိန်းကို သတ်မှတ်ရက်မပြည့်ဘဲ ရပ်တန့်ခဲ့ရပါတယ်။

အခုလို အင်အားတွေဖြည့်တင်းနိုင်ဖို့ အခက်အခဲလိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ KRU ဟာ မနေ့ စက်တင်ဘာ ၆ရက်မှာ တပ်ဖွဲ့ဝင်၄ ဖွဲ့ကို နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ် ။

“သဘောထားကွဲလွဲပြီးနုတ်ထွက်သွားတာမဟုတ်ဘူးပေါ့နော်။  အားလုံးကျွန်တော်တို့ သေချာ ညှိနှိုင်းပြီးကျမှပဲဆုံးဖြတ်ကြတာပေါ့နော်။ တော်လှန်ရေးမှာ အားလုံးကရှိနေကြမှာပါ ။ အခု KRU ကနေနုတ်ထွက်သွားတဲ့ အဖွဲ့တွေနဲ့လည်း မြေပြင်မှာ အတူတူတိုက်ပွဲတွေ ဆင်နွှဲနေအုံးမှာ ဖြစ်ပါတယ် “လို့ KRU တာဝန်ရှိပုဂ္ဂိုလ် ကိုလင်းလင်း ကပြောပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ထဲကနေ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ Commando၊ GZ-21 PDF ( Loikaw )၊FDBF၊ Medic Unit – Demoso စတဲ့တပ်ဖွဲ့တွေ နုတ်ထွက်သွားကြတာဖြစ်ပါတယ်။

တပ်ပေါင်းစုတွင်းကတပ်ဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့၊ တိုက်ပွဲတွေမှာ အကောင်းဆုံးဆင်နွှဲသွားနိုင်ဖို့ တပ်ဖွဲ့တချို့နုတ်ထွက်သွားတာဖြစ်ပြီး လက်ရှိ KRU ထဲမှာ တပ်ဖွဲ့ ၃ ဖွဲ့ကျန်ရှိနေသေးတယ်လို့ ကိုလင်းလင်း က ပြောပါတယ် ။

ကရင်နီပြည်မှာ တိုက်ပွဲတွေက ဆက်တိုက်ပြင်းထန်နေတာကြောင့် ကာကွယ်ရေးတပ်တွေအနေနဲ့ ကမ်းပိန်းတွေတောက်လျှောက်ပြုလုပ်ပြီး အကူအညီတောင်းခံနေကြရတာပါ။

တပ်ရင်း ၂၂ ရင်းရှိပြီး အင်အားအတောင့်တင်းဆုံးဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့လည်း တပ်ရင်းအလိုက်ရော စစ်ဗျူဟာအလိုက်ပါ ကမ်းပိန်းတွေ ပြုလုပ်နေကြရပါတယ်။

KNDF စစ်ဗျူဟာအမှတ် ၆ က ပြုလုပ်နေတဲ့  ” ကရင်နီပြည်ရောက် မအလတပ်ပျောက် ” ကမ်းပိန်းဟာလည်းကူညီမှုတွေနည်းနေပြီး ကမ်းပိန်းတွေများနေတာဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ ကမ်ပိန်းတာဝန်ခံ မော်ရိရီ က ပြောပါတယ် ။

” အခက်အခဲတွေကအများကြီးပဲပေါ့နော်။ ပထမတစ်ခုအနေနဲ့ဆိုရင် ကမ်းပိန်းတွေအရမ်းများနေတယ်လို့ပြောလို့ရတယ်။ တစ်ခုနဲ့တစ်ခုထပ်နေတာပေါ့နော်။ အခြားသောဒေသတွေနဲ့မပြောဘူး။ ကျွန်မတို့ပြည်နယ်တွင်းမှာ ကမ်းပိန်းထပ်နေတဲ့ အနေအထားရှိတယ်။ အဲ့ဒါက ကျွန်မတို့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်တာပေါ့နော် “လို့သူမက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ဗျူဟာအမှတ် ၆ ရဲ့ လှုပ်ရှားနယ်မြေဖြစ်တဲ့ ဒီးမော့ဆိုနဲ့ဖရူဆိုမြို့နယ်အတွင်းမှာ   စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပွားနေတာပါ ။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများနေပြီး လက်နက်၊ ခဲယမ်းတွေလည်းသိမ်းဆည်းရမိတာရှိပါတယ်။ ဒါပေမယ့်တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်နေလို့ ခဲယမ်းတွေ လိုအပ်နေတယ် လို့KNDF စစ်ရေးချုပ် ခူးရီးဒူ က ပြောပါတယ်။

” ကျွန်တော်တို့အတွက် အကြီးမားဆုံးလိုအပ်ချက်က ခဲယမ်းဖြစ်တယ်။ ကျွန်တော်တို့ကိုကူညီပေးဖို့ ပံ့ပိုးပေးဖို့ဖြစ်တယ်။ ခဲယမ်းရှိရင် သေနတ်ကတော့ကျွန်တော်တို့ လွယ်လွယ်လေးနဲ့ရပါတယ်။ သေနတ်က စစ်ကောင်စီထံမှာကျွန်တော်တို့အမြဲယူလေ့ရှိပါတယ် “လို့ ၎င်းကပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့အခြေအနေမှာ ခဲယမ်းတွေသာမက ရှေ့တန်းက ရဲဘော်တွေအတွက် ဆေးဝါးတွေ၊ မိုးဒဏ်ကိုခံနိုင်တဲ့မိုးကာ နဲ့ ဘွတ်ဖိနပ်ကောင်းကောင်းတွေ ၊ ရဲဘော်တွေ အာဟာရဖြစ်အောင် အသားဟင်းတွေ ကျွေးနိုင်ဖို့နဲ့ အချိန်မီ ထမင်းပို့နိုင်ဖို့ သွားလာရေးအတွက် ဓာတ်ဆီတွေကအစ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ ရဲ့ တွဲဘက်ရုံးတာဝန်ခံ အယ်မီးလျာနန်း က ပြောပါတယ် ။

တော်လှန်ရေး ၂ နှစ်ခွဲကျော်လာတဲ့အချိန်ထိ နိုင်ငံတကာရဲ့ကူညီထောက်ပံမှုတွေမရရှိသေးဘဲ ပြည်သူတွေရဲ့ ပါဝင်မှုအားတွေနဲ့ ခရီးဆက်နေရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြီးခဲ့တဲ့ သြဂုတ်လနောက်ဆုံးပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ ပြောဆိုချက်အရ နိုင်ငံတကာရဲ့အကူအညီများဟာ လက်နက်၊ ခဲယမ်းအတွက်မဆိုထားနဲ့။ လူနားချင်းစာနာထောက်ထားမှုအကူအညီတွေတောင် တောင်းခံရတာ ခက်ခက်ခဲခဲ

ဖြစ်နေတဲ့ အခြေအနေလို့သိရပါတယ်။

ဒါကြောင့် ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တစ်ခုတည်းကိုသာမကပဲ လူဦးရေ နှစ်သန်းကျော်ထိရှိနေတဲ့ စစ်ဘေးရှောင်တွေနဲ့မီးဘေးသင့်ပြည်သူတွေအတွက်ကိုပါ မျှဝေကူညီပေးနေရတာဖြစ်ပါတယ်။

အဘက်ဘက်က လိုအပ်ချက်တွေ မြင့်မားလာနေတဲ့အခြေအနေ၊ ပြည်သူတွေ တစ်နေ့တခြား ပိုမိုကြပ်တည်းလာနေတဲ့ အခြေအနေတွေကြောင့် ထောက်ပံ့မှုတွေ လျော့နည်းလာတာကို နားလည်မိပေမယ့် အသက်ပေးပြီး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေကို အတတ်နိုင်ဆုံးကူညီပေးဖို့ မော်ရိရီက မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

” ဒီတောတောင်တွေထဲမှာက လူငယ်တွေ မြောက်မြားစွာ ပင်ပန်းဆင်းရဲခံပြီးတော့မှ အသက်တွေ ၊ သွေးတွေ၊ ချွေးတွေရင်းပြီးတော့မှ တိုက်ပွဲဝင်နေကြရတာဖြစ်တယ်ပေါ့နော် ။ ကျွန်မတို့ရှေ့ဆက်ရမယ့်ရက်တွေ တိုက်ပွဲဝင် ရမယ့်ရက်တွေက ဘယ်လောက်ရှိဦးမလဲဆိုတာ မပြောနိုင်ဘူးလေနော်။ အားလုံးဝိုင်းပြီး တွန်းပေးကြမှပဲ အောင်မြင်တဲ့နေ့ရက်တွေက ပိုပိုနီးလာမှာဖြစ်တယ်ပေါ့နော်။ ဒါကြောင့် အားလုံးကိုဝိုင်းပြီးတော့ ကူညီထောက်ပံ့ပေးဖို့မေတ္တာရပ်ခံချင်ပါတယ် “လို့ သူမကပြောပါတယ်။

KNDF စစ်ဗျူဟာ အမှတ် ၆ ကပြုလုပ်နေတဲ့ ” ကရင်နီပြည်ရောက် မအလတပ်ပျောက် “ဆိုတဲ့ ကမ်းပိန်းဟာ ခုခံစစ်ကနေ တန်ပြန်တိုက်စစ်တွေဆင်နွှဲသွားနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ကျပ်သိန်းတစ်သောင်း မျှော်မှန်းထားပေမယ့်ကမ်းပိန်းစခဲ့တဲ့ သြဂုတ်လ ၂၃ ရက်ကနေ ၁၀ ရက် အတွင်း ၁၀ ရာခိုင်နှုန်းလောက်ပဲ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ကူညီထောက်ပံ့ပေးမှုတွေဟာ နေရာတိုင်းမှာ လျော့နည်းလာပေမယ့် ကရင်နီပြည်မှာတော့ ပူးပေါင်းတပ်တွေအနေနဲ့ စစ်ရေးအောင်မြင်မှုတွေကို ဆက်တိုက်ရရှိအောင်ဆောင်ရွက်ထားနိုင်နေဆဲဖြစ်ပါတယ်။

**************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1937

YouTube- > https://youtu.be/sCgktZzn2lw

Website -> https://thanlwinkhet.net/?p=5552

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleနမ့်ဖတ်ကာမှာ စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်
Next Article အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ၁၂၀၀ ကျော် ကို “ဝ”တပ်မတော် ဖမ်းဆီး
thanlwinkhet
  • Website

Related Posts

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

September 25, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.