ဘုန်းမောင် အောက်တိုဘာ ၁၇၊ ၂၀၂၃။ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်က အပြစ်မဲ့အရပ်သားပေါင်း ၄၀၀၀ကျော်ကိုသတ်ဖြတ် ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်အရပ်သားအစိုးရကိုမြန်မာစစ်တပ်ကဖြုတ်ချပြီးနောက်ပိုင်း အကြမ်းဖက်မှု များကျယ်ပြန့်လာခဲ့ပြီးမြန်မာစစ်တပ်ကရက်စက်သောနည်းဗျူဟာချမှတ်ကာ ဒေသခံလူထုများအပေါ်နှိမ်နင်းလာခဲ့သည်။ဆန္ဒပြသူများကိုမြန်မာစစ်တပ်က စစ်တပ်သုံးယာဥ်များဖြင့်တိုက်ခိုက်ခဲ့သလိုအရပ်သားများကိုအရှင်လတ် လတ်မီးရှို့ခဲ့ပြီး ဖမ်းဆီးခံရသူများကိုလည်းစစ်ကြောရေးစခန်းများတွင်နှိပ်စက်ညှဥ်းပမ်းမှုများပြုလုပ်ခဲ့သည်။မြန်မာစစ်တပ်၏အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကတစိုက်မတ်မတ်ရှုတ်ချခဲ့သလို မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်ထူထောင်ဖို့တောင်းဆိုခဲ့သည်။အာဏာသိမ်းမြန်မာစစ်တပ်ကိုဖိအားပေးနိုင် ရန်အတွက် ဘိုင်ဒန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များ ၊၎င်းတို့စီးပွားရေးလုပ်ငန်းများ…
Read More