အန္တရာယ်များတဲ့လမ်းပေါ်က မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ
********************************************
ဘုန်းမောင်
အောက်တိုဘာ ၁၆၊ ၂၀၂၃။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီဆန္ဒပြပွဲများကို မြန်မာစစ်တပ်ကအကြမ်းဖက်ဖြိုခွဲမှု များကြောင့် အများအပြား လက်နက်ကိုင်ခဲ့ကြသည်။ နိုင်ငံတစ်ဝန်းပြန့်ပွားနေသော တော်လှန်ရေးအဖွဲ့ပေါင်းများ စွာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ – SAC ကတိုက်ခိုက်နေရပြီး မြန်မာနိုင်ငံသည် ပဋိပက္ခအတွင်းသို့ ကျဆင်းနေသည်။
အနောက်ဘက်ဒေသများဖြစ်ကြသော စစ်ကိုင်း ၊ မကွေး နှင့် ချင်းပြည်နယ်ဒေသများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- PDF များနှင့် စစ်ကောင်စီထောက်ခံသော ပြည်သူ့စစ်တပ်ဖွဲ့များအကြား မကြာသေးမီလများအတွင်း တိုက်ပွဲများ ကြီးမားလာခဲ့သည်။
တဖန် မြန်မာစစ်တပ်က အရပ်သားကျေးရွာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ၊ အမြောက်များ နှင့် စစ် ကြောင်းများဖြင့် တိုက်ခိုက်ဖြိုခွင်းခဲ့သဖြင့် အိမ်ခြေ ၈၀,၀၀၀ နီးပါးပျက်စီးခဲ့ရသည်ဟု ခန့်မှန်းထားသည်။ တစ်ချိန် တည်းမှာပင် နိုင်ငံတွင်းမှ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူအရေအတွက် ၂ သန်းကျော်အထိရှိလာခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်း နှင့် လူ့အခွင့်အရေးဆိုင်ရာကပ်ဆိုးများကျရောက်နေမှု ကြောင့် ပြည်သူအများစိတ်ပျက်လက်ပျက်ဖြစ်နေကြသော်လည်း အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှုများ ကြောင့် မြန်မာစစ်တပ်သည် အကြီးအကျယ်ဆုတ်ယုတ်ပျက်စီးနေသည် ဟု လေ့လာသူအများအပြားက ခန့်မှန်း ထားကြသည်။
ထို့ကြောင့်လည်း မကြုံစဖူးပျံ့နှံ့နေသော ခုခံမှုများကိုရင်ဆိုင်ရချိန်တွင် စစ်ကောင်စီခေါင်းဆောင်ဘက်က လုပ် ဆောင်ဖို့ နောက်ဆုံးထွက်ပေါက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပဖို့သာဖြစ်လာတော့သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် – NCA ကို ၂၀၁၅ ခုနှစ်တွင် အဖွဲ့ငယ် ၈ ဖွဲ့က လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၈ ခုနှစ်မှာ နောက်ထပ် ၂ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြသော်လည်း အဆက်မပြတ် ဆွေးနွေးပွဲ များကျင်းပနေသည့်ကြားကပင် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာတော့ သဘောတူညီချက်ပျက်ပြယ်သွားခဲ့လေတော့သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သော လက်ရှိစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်“ထာဝရငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး” ကြေညာခဲ့သော်လည်း မြန်မာနိုင်ငံ၏နေရာ တော်တော်များများမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများပြင်းထန်နေခဲ့သည်။
ပြီးခဲ့သော ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် စစ်ကောင်စီခေါင်းဆောင်ကသတ်မှတ်ခဲ့ပြီး ကြိုတင်ကန့်သတ် ချက်မထားရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် စစ်ကောင်စီခေါင်းဆောင်က ဖိတ်ခေါ်ခဲ့လေသည်။ NCA တွင် လက် မှတ်ရေးထိုးထားသည့်အဖွဲ့များကိုအသုံးပြုနေခြင်းသည် စစ်ကောင်စီ၏ နိုင်ငံရေးစွဲလမ်းမှုအတွက်သာဖြစ်သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်က ကျင်းပခဲ့သော စစ်ကောင်စီကဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် – NCA ကိုလက်မှတ်ရေးထိုးထားသော အဖွဲ့ ၇ ဖွဲ့နှင့် လက် မှတ်မရေးထိုးထားသော “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA၊ ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP နှင့် မိုင်းလားအဖွဲ့ – NDAA တို့တက်ရောက်ခဲ့ကြသည်။ NCA တွင်လက်မှတ်ထိုးထားပြီး အဆိုပါငြိမ်းချမ်းရေးဆွေး နွေးပွဲသို့ တက်ရောက်ခဲ့ကြသောအဖွဲ့များမှာ ကရင်ငြိမ်းချမ်းရေးကောင်စီ – KNLA/PC၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် – PNLA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – ALP၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် – DKBA၊ မွန်ပြည်သစ်ပါတီ – NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး – LDU တို့ဖြစ်ကြသည်။
၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက် ဆက်လက် ကိုင်ဆောင်လိုလျှင် တပ်မတော်နှင့် နယ်ခြားစောင့်တပ်များတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ရမည်ဟု ပြောဆိုခဲ့ဖူးသည်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲ”တွင် RCSS စိတ်အားထက်သန်နေခြင်းက ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှစတင်ခဲ့သော ၎င်း၏ ကြီးမားသောဗျူဟာလွဲချော်မှုအမှားများကြောင့်ဖြစ်ပေမည်။ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ဆင်ရေးနယ်မြေတိုးချဲ့ ရန် ၂၀၁၅ NCA လက်မှတ်ရေးထိုးခြင်းကို မျက်နှာဖုံးအဖြစ်အသုံးပြုခဲ့သော RCSS နှင့် အခြား EAO အသီးသီးများ အကြား အထူးသဖြင့်RCSS နှင့် တအာင်းလက်နက်ကိုင်အဖွဲ့အစည်းကြား နယ်မြေစိုးမိုးရေး နှင့် ကုန်စည်စီးဆင်း မှုထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံပဋိပက္ခဖြစ်ပေါခဲ့သည်။
၎င်းပဋိပက္ခသည် တစ်နှစ်လျှင်အကြိမ်ပေါင်းများစွာဖြစ်ပွားခဲ့ပြီး အရပ်သားထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည့်အပြင် အသက်မွေးဝမ်းကျောင်းမှုနှင့် ကုန်သွယ်မှုများနှောင့်ယှက်ခံခဲ့ရသည်။ စစ်တပ်နှင့် ယခင်အစိုးရတို့၏ အကူအညီပေးရေးကန့်သတ်ချက်များကြားတွင် တိုင်းရင်းသားအချင်းချင်းကြား တင်းမားမှုများ ပိုမိုဆိုးရွားလာခဲ့ သည်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ RCSS သည် အာဏာသိမ်းမှုခုခံတော်လှန်ရေးလှုပ်ရှားမှုများ၏ အပြင် ဘက်တွင်နေရန်ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်မှာတော့ ထိုင်းနှင့်နယ်နိမိတ်ချင်းနီးကပ်နေသော ၎င်း၏ကိုယ်ပိုင်နယ် မြေရပ်တည်နိုင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်ရန်ဆုံးဖြတ်ထားပုံပေါ်သည်။
စစ်အုပ်စုကကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ – APL က ဒေါ်စောမြရာဇာ လင်း တက်ရောက်လာခြင်းက ထူးခြားဆန်းကြယ်နေသည်။ သူမက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှစ်အတန်ကြာ သည်အထိတက်ရောက်ခဲ့သည့် တစ်ဦးတည်းသော EAO အကြီးတန်းအမျိုးသမီးခေါင်းဆောင်ဖြစ်သည်။ သူမ၏တပ် ဖွဲ့အများစုက ထိုင်း – မြန်မာ နယ်စပ်တွင်အခြေစိုက်ထားသည်။
APL နှင့် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို ရက္ခိုင့်တပ်တော် AA နှင့် နှိုင်းယှဥ်ပါက အဓိပ္ပါယ်ရှိလိမ့်မည်မဟုတ်ပေ။ AA သည် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာစစ်တပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ထိုပဋိပက္ခအတွင်း အရပ်သား ၂ သိန်းနီးပါးအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ထောင်ပေါင်းများစွာသေဆုံးခဲ့သည်။
မလွယ်ကူသောအပစ်အခတ်ရပ်စဲရေးက AA ၏ ကိုယ်ပိုင်တရားစီရင်ရေးနှင့် အခွန်ကောက်ခံမှုစနစ်ကို ရခိုင်ပြည် နယ်တွင် ခန့်မှန်းခြေ ၆၀ ရာခိုင်နှုန်းအထိ တိုးချဲ့နိုင်စေခဲ့သည်။ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ – APA တွင် မူဆလင် (ရိုဟင်ဂျာ) ကိုယ်စားလှယ်များကိုလည်း ပေါင်းစပ်ထည့်သွင်းထားသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ထိုင်းနယ်စပ်အနီး ကရင်အခြေစိုက်စခန်းတစ်ခုကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့သဖြင့် AA စစ်သား ၆ ဦးသေဆုံးခဲ့သလို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင်လည်း လိုင်ဇာရှိ ရက္ခိုင့်တပ်တော် – AA ၏တပ်စခန်းတစ်ခုကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ သောကြောင့် AA အရာရှိ ၁ ဦးသေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့ပြင် အောက်တိုဘာလ ၉ ရက်တွင်လည်း လိုင်ဇာရှိရက္ခိုင့်တပ်တော် – AA တပ်စခန်းများကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ် တိုက် ခိုက်မှုများကြောင့် တပ်ဖွဲ့ဝင်တချို့သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ကြောင်း AA ကပြောသည်။ ထို့ကြောင့်လည်း အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ အပစ်အခတ်ရပ်စဲရေးတာရှည်ခံနိုင်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော အဖွဲ့အစည်းများထဲတွင် တပ်ဖွဲ့ဝင်ရာပေါင်းများစွာကိုစုဆောင်းထား နိုင်သောအဖွဲ့အစည်းများပါဝင်သော်လည်း ၎င်းတို့သည် အနောက်နိုင်ငံအလှူရှင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ကို နှစ်အတော်ကြာလုပ်ဆောင်ခဲ့ကြသဖြင့် အခြေခံအားဖြင့်ကတော့ ငြိမ်းချမ်းရေးအမည်ခံ အတုအယောင်ဆွေး နွေးပွဲများ ဖောင်းပွလာခြင်းဖြစ်သည်။ ၎င်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကရရှိလာမည့် ငွေကြေးစသည့် အကျိုး အမြတ်များကို မျှော်နေကြသူများသာဖြစ်သည်။ လက်ရှိအချိန်မှာတော့ ၎င်းအဖွဲ့အစည်းများသည် စစ်ကောင်စီ၏ မိုက်မဲသောလုပ်ငန်းစဥ်တွင် တစ်စိတ်တစ်ပိုင်းပါဝင်သရုပ်ဆောင်နေကြပါသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး EAO ဖြစ်သည့်“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) သည် ခန့်မှန်းခြေ တပ်ဖွဲ့ ၃၀၀၀၀ ခန့်ရှိပြီး ခေတ်မီလက်နက်များဖြင့် တရုတ်နယ်စပ်တွင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကို ထိန်းချုပ်ထား နိုင်ပြီးသားဖြစ်သည်။ ထို့ကြောင့်လည်း စစ်ကောင်စီ၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရန် လုံးဝမလိုအပ်ပေ။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)သည် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်ပြီးဖြစ်ပွားနေသောကြောင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးဖို့ စီစဥ်ထားတာမျိုးမရှိသေးပေ။ ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင် ၎င်းတို့ဌာနချုပ်ကိုလာရောက်ခဲ့သော မော်ဒယ်လ်သရုပ်ဆောင် သင်ဇာဝင့်ကျော် ကို စစ်ကောင်စီကဖမ်း ဆီးခဲ့သည်။ ငြိမ်းချမ်းရေးပျိုးထောင်နေပါသည်ဆိုသောစစ်ကောင်စီက လူတိုင်းကိုရန်စနေသည်က စစ်ပွဲများဖြစ် လာဖို့ အစပျိုးနေခြင်းဖြစ်သည်။
ထပ်မံဟန်ဆောင်မှုတစ်ခုက PDF သို့မဟုတ် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM တွင်ပါဝင်ခဲ့သူများကို တရားဥပ ဒေဘောင်အတွင်းဝင်ရောက်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပဋိပက္ခများလျော့ပါးလာခဲ့သော်လည်း ယခုအချိန်ထိတော့ ဖြေရှင်းနိုင်ခြင်းမရှိခဲ့ပေ။
၂၀၂၁ ခုနှစ် ဧပြီလကကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့သော ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီကချိုးဖောက်နေသည်မှာ ရှင်းလင်းသိသာနေပါသည်။ ၎င်းသဘော တူညီချက် ၅ ချက်တွင် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်ဆိုသည့်အချက် ၁ ချက်ပါဝင်သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရာတွင် အာဆီယံကစစ်ကောင်စီတစ်ဦးတည်းကို သာပေးအပ်မည်ဖြစ်သည်။ ထို့ကြောင့်လည်း စစ်ကောင်စီကိုတိုက်ခိုက်နေကြသော NUG နှင့် အဓိကEAO များက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရာတွင် အာဆီယံအခန်းကဏ္ဍကိုရှုတ်ချကြောင်း ၂၀၂၂ ခုနှစ် မေလတွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပုံ ၄ – ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန – NRPC နှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြစဥ်။
အခြားနေရာများ၌ ပဋိပက္ခများပြင်းထန်နေချိန်တွင် အတုအယောင်ငြိမ်းချမ်းရေးကို အရှိန်မြှင့်တင်နေခြင်းက များစွာအန္တရာယ်ကြီးမားပါသည်။ စစ်ကောင်စီ၏စစ်မှန်သောရည်ရွယ်ချက်က တစ်ခုတည်းသာရှိပါသည်။ ထိုရည် ရွယ်ချက်မှာ ထောင်နှင့်ချီသောအရပ်သားများကိုသတ်ဖြတ်ခြင်း ၊ ကျေးရွာများကိုမီးရှို့ခြင်း နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကို တားဆီးပိတ်ပင်ရန်အတွက်သာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုသည်က ပိုပြီးများပြားလာသောစစ်ပွဲများကို လူမသိအောင်ဖုံးဖိထားခြင်းမျိုးသာ ဖြစ်ပါလိမ့်မည်။
Ref: Asia Times