ဘုန်းမောင်
အောက်တိုဘာ ၁၇၊ ၂၀၂၃။
အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်က အပြစ်မဲ့အရပ်သားပေါင်း ၄၀၀၀ကျော်ကိုသတ်ဖြတ် ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်အရပ်သားအစိုးရကိုမြန်မာစစ်တပ်ကဖြုတ်ချပြီးနောက်ပိုင်း အကြမ်းဖက်မှု များကျယ်ပြန့်လာခဲ့ပြီးမြန်မာစစ်တပ်ကရက်စက်သောနည်းဗျူဟာချမှတ်ကာ ဒေသခံလူထုများအပေါ်နှိမ်နင်းလာခဲ့သည်။ဆန္ဒပြသူများကိုမြန်မာစစ်တပ်က စစ်တပ်သုံးယာဥ်များဖြင့်တိုက်ခိုက်ခဲ့သလိုအရပ်သားများကိုအရှင်လတ် လတ်မီးရှို့ခဲ့ပြီး ဖမ်းဆီးခံရသူများကိုလည်းစစ်ကြောရေးစခန်းများတွင်နှိပ်စက်ညှဥ်းပမ်းမှုများပြုလုပ်ခဲ့သည်။မြန်မာစစ်တပ်၏အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကတစိုက်မတ်မတ်ရှုတ်ချခဲ့သလို မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြန်လည်ထူထောင်ဖို့တောင်းဆိုခဲ့သည်။အာဏာသိမ်းမြန်မာစစ်တပ်ကိုဖိအားပေးနိုင် ရန်အတွက် ဘိုင်ဒန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များ ၊၎င်းတို့စီးပွားရေးလုပ်ငန်းများ ၊ ၎င်းတို့နှင့်ပတ်သက်သူ များအပေါ်အမျိုးမျိုးသောစီးပွားရေး ပိတ်ဆို့မှုများဆောင်ရွက်ခဲ့သည်။ သို့သော်ငြားလည်း လက်ရှိအချိန်အထိ ထင်သာမြင်သာသောရလဒ်အနည်းငယ်သာရရှိခဲ့သောအဆိုပါပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်ပြီးသက်ရောက်မှုများအပေါ် ကျွမ်းကျင်သူများဆွေးနွေးငြင်းခုံလျက်ရှိနေသည်။
အာဏာသိမ်းကာလတစ်နှစ်လွန်မြောက်လာပြီးနောက်မှာတော့မြန်မာနှင့်ပတ်သက်ပြီးအမေရိကန်ချဥ်းကပ် ဆောင်ရွက်နေသောနည်းလမ်းများကိုပြန်လည်ပြင်ဆင်ဖို့လိုအပ်လာသည်။ ပြီးခဲ့သောအောက်တိုဘာလတွင်စတင် တင်သွင်းခဲ့ပြီး အမေရိကန်အောက် လွှတ်တော်ရှိရီပတ်ဘလီကန်နှင့်ဒီမိုကရက်အမတ်များ လပေါင်းများစွာ ကြာအောင်ဆွေးနွေးခဲ့ကြသည့် Burma Act2021 ကို မကြာသေးမီကပဲအတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါဥပဒေ တွင်“မြန်မာ့ဒီမိုကရေစီအရေးမြှင့်တင်နိုင်ရန်ဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများကိုထောက်ခံရန်နှင့်မြန်မာစစ်တပ်ကျူးလွန်ခဲ့သောရက်စက်ကြမ်းကြုတ်မှုများအတွက်တာဝန်ခံမှုရှိလာအောင်ဆောင်ရွက်ရန်”စသည်တို့ပါ ဝင်သည်။ အကယ်၍ အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံးစစ်ဒဏ်နှင့်ရင်ဆိုင်နေရပြီးမြန်မာနိုင်ငံအတွက်လည်း အရေးအပါဆုံးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုအမေရိကန်ပြည်ထောင်စုက ဆက်ပြီးလျစ်လျူပြုနေဦးမည်ဆိုပါကယင်းရည်မှန်းချက်များအောင်မြင်ရန် ခက်ခဲနေပေလိမ့်ဦးမည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၂၀ နီးပါးလက်ရှိအချိန်အထိလှုပ်ရှားလျက်ရှိ သည်။ ၎င်းအဖွဲ့အစည်းများက ဆယ်စုနှစ်များစွာကြာအောင်မြန်မာစစ်တပ်ကိုလက်နက်ကိုင်တော်လှန်ခဲ့ပြီး နိုင်ငံရေးအရလည်းအရေးပါသောအဖွဲ့အစည်းများဖြစ်သလို မိမိတို့နယ်မြေကိုစိုးမိုးထားနိုင်ကာ ကျန်းမာရေး ၊ပညာရေး ၊ အုပ်ချုပ်ရေးနှင့် အခြားလူမှုရေးဆိုင်ရာများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။တိုင်းရင်းသားအဖွဲ့အစည်း အများစုကတော့ လက်ရှိအာဏာသိမ်းစစ်တပ်ကိုဦးတည်ဆန့်ကျင်တိုက်ခိုက်လျက်ရှိနေပြီး အချို့သောအဖွဲ့အစည်း များကလည်းစစ်တပ်အတိုက်အခံအင်အားစုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများကို ကူညီပံ့ပိုးလျက်ရှိသည်။အမေရိကန်ပြည်ထောင်စုအနေဖြင့် အဆိုပါအုပ်စုများထဲက မည်သည့်အဖွဲ့အစည်းကိုမဆို ငွေကြေးသို့မဟုတ် စစ်ရေးအထောက်အပံ့များပေးရန် သတိပြုခဲ့မိပြီးသားဖြစ်သည်။ သို့သော်လည်းမြန်မာနိုင်ငံတွင် ဒီမိုကရေစီရေရှည် တည်တံ့နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့်ဆက်ဆံရေးတည်ဆောက်ခြင်းနှင့် အများပြည်သူအသိ အမှတ်ပြုခြင်းများအပါအဝင်အခြားသောထိတွေ့ဆက်ဆံမှုပုံစံများဖြင့် အကူအညီပေးနိုင်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အသုံးဝင်နိုင်သောမိတ်ဘက်များမဟုတ်ကြသော်လည်းအချို့ကတော့ အသုံးဝင်သောမိတ်ဘက်များဖြစ်လာနိုင်သည်။
အမေရိကန်မူဝါဒရေးရာသမားများအနေဖြင့် မြန်မာနိုင်ငံတွင်ခိုင်မြဲသောပြည်သူ့ဆက်ဆံရေးတည်ဆောက်နိုင်ရန် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကိုရွေးချယ်ပြီးဆက်ဆံရေးစတင်သင့်ပေပြီ။ ထိုသို့ဆက်ဆံရေးတည်ဆောက်နိုင် ရန်အတွက် အကြောင်း ၃ချက်ရှိနေသည်။ ပထမဆုံးအချက်မှာ မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင်မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမဆိုပါဝင်မည်ဖြစ်သည်ကို သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းတို့သည် မြန်မာ့နိုင်ငံရေးတွင်လျစ်လျူပြု၍မရနိုင်လောက်အောင်၎င်းတို့၏ဘဝကိုနက်ရှိုင်းစွာနစ်မြှုပ်ထားခဲ့ကြသည်။ ဒုတိ ယအချက်မှာ အကယ်၍ညှိနှိုင်းဆွေးနွေးမှုတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာပါဝင်ခဲ့မည်ဆိုပါကရေရှည်တည်တံ့ပြီးအားလုံးပါဝင်နိုင်သော မြန်မာနိုင်ငံဒီမိုကရေစီတည်ဆောက်ရေးမူဘောင်ကိုအမျိုးသားညီ ညွတ်ရေးအစိုးရကဆက်လက်ကြိုးပမ်းနိုင်လိမ့်မည်။ အမေရိကန်ပေါ်လစီမိတ်ကာများကထိုသို့ဖြစ်လာရန်အား ထုတ်နိုင်သည်။ နောက်ဆုံးအချက်အနေဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူလက်တွဲလုပ် ဆောင်မည်ဆိုပါက မြန်မာနိုင်ငံတွင်းကြီးထွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ် အတည်းကြီးကိုလျှော့ချလာနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပဋိပက္ခဒဏ်ခံနေရသူများအတွက် လိုအပ်သောအကူအညီများပေးစွမ်းနိုင်သူများဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်ဩဇာတချို့တဝက်လွှမ်းမိုးထားနိုင် သော အဓိကကစားသမားများဖြစ်လာကြသည်။၎င်းအဖွဲ့အစည်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လျော့ ရဲရဲနိုင်သောတပ်ဖွဲ့များထက်
ပိုမိုအားကောင်းပြီးစုစည်းမှုလည်းရှိသည်။ ဥပမာဆိုရလျှင် တရုတ်-မြန်မာနယ်စပ်က အင်အား ၂၀၀၀၀မှ ၃၀၀၀၀ ကြားရှိသော မြန်မာနိုင်ငံ၏အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့်“ဝ” သည် အမြောက်များ ၊ သံချပ်ကာများဖြင့်လှုပ်ရှားဆောင်ရွက်နိုင်စွမ်းရှိသည်။ ထိုင်းနယ်စပ်တလျှောက်တွင်လည်း KNU က နယ်မြေထိန်းချုပ်ထားနိုင်ပြီး လူဦးရေ ၈ သိန်းနီးပါးကိုအုပ်ချုပ်ထားသည်။အဖွဲ့ကို ပုံမှန်ရွေးကောက်ပွဲများ ၊ ပြည်တွင်းကွန်ဂရက်များသီးခြားကျင်းပပေးပြီး နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာအထက်တန်း ကျမှုများဖြင့် အဆင့်မြင့်ဖွဲ့စည်းထားသည်။
အမေရိကန်အတွက်အလားအလာရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
*****************************************************************************
အမေရိကန်ပြည်ထောင်စုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်တွေ့ဆုံခဲ့သော်လည်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကိုတော့ရှောင်ရှားခဲ့သည်။ပေါ်လစီမိတ်ကာများအနေဖြင့် အဆိုပါ အဖွဲ့အစည်းများကို အမေရိကန်ပြည်ထောင်စုအတွက်အလားအလာရှိမှုအဖြစ်မြင်နိုင်သည်။ ၎င်းတွင် တရုတ်နှင့် ဆက်ဆံရေးခိုင်မြဲသော UWSA နှင့် MNDAAကဲ့သို့အဖွဲ့အစည်းများ ၊ ရက္ခိုင့်တပ်တော် AA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP အပါအဝင်တရားမဝင်မူးယစ်ဆေးရောင်းဝယ်နေသည် သို့မဟုတ် အရပ်သားများကို အတင်းအဓမ္မလူသစ်စုဆောင်းနေသည်ဟုစွပ်စွဲခံထားရသောအဖွဲ့များပါဝင်သည်။
သို့သော်လည်း အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည်လည်းလူ့အခွင့်အရေးနှင့်ဒီမိုကရေစီ အရေးတွင် အခိုင်အမာအားပေးထောက်ခံသည့်မှတ်တမ်းများရှိသည်။ယင်းတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးထားသောအဖွဲ့ ၁၀ ဖွဲ့ကအများအပြားပါဝင်သည်။ အာဏာသိမ်းပြီး နောက်ပိုင်း NUG ကိုထောက်ခံကြောင်းနှင့်
“ဖက်ဒရယ်ပြည်ထောင်စု”ထူထောင်ရန်ကြိုးပမ်းမှုများကို အသိအမှတ် ပြုခဲ့သည်။ ထို့အပြင်ချင်းအမျိုးသားတပ်ဦး CNF နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောအဖွဲ့များက လည်းလက်နက်ကိုင်ပဋိပက္ခတွင် ကလေးသူငယ်များကိုကာကွယ်ရန် ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုကာ ကွယ်ရန်နှင့် ဆုံးဖြတ်ချက်ချမှတ်သည့်လုပ်ငန်းစဥ်များတွင်အမျိုးသမီးများပါဝင်ခွင့်ပြုရန် လူထုကိုကတိပြုထားသည်။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာကတိပြုမှုများကနိုင်ငံတကာထောက်ခံမှုကိုရယူရန်အတွက်သာဖြစ်သည်ဟု ဝေဖန်သူများကစောဒကတက်နိုင်သည်။သို့သော် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာအတွင်း အချိန်သာကုန်သွားခဲ့ရသောငြိမ်းချမ်းရေးလုပ်ငန်းစဥ်များတွင် အဆိုပါအဖွဲ့အစည်းများကရေရှည်တည်တံ့နိုင်မည့်ဒီမိုကရေစီစနစ်ဖွံ့ဖြိုး ရေးအတွက်ထဲထဲဝင်ဝင်ပါဝင်ကြိုးပမ်းအားထုတ်လိုကြောင်းပြသခဲ့သည်။ ၎င်းတို့သည် ဒေသခံလူထုနှင့်ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားပြီး အရေးကြီးသောရပ်ရွာဝန်ဆောင်မှုများအတွက်
အရင်းအမြစ်များစွာကိုမြှုပ်နှံ ထားခဲ့ကြသည်။ ဥပမာဆိုလျှင် KNU တွင်၎င်းတို့ကိုယ်ပိုင်ကရင်ပညာရေးနှင့်ယဥ်ကျေးမှုဌာနကိုဖွဲ့စည်းထားပြီး ဒေသစာသင်ကျောင်းများကိုရံပုံငွေများဖြင့်တည်ဆောက်ခဲ့သည်။
ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင်းကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနှင့်မဟုတ်သည့်တိုင်အချို့ကိုတော့အသိအမှတ်ပြုဖို့လိုအပ်သည်။ တရားမဝင်မူးယစ်ဆေးရောင်းဝယ်မှု များကအမြတ်အစွန်းရနေသူများ ၊ မြန်မာစစ်တပ်ကိုထောက်ခံကူညီသူများနှင့်အရပ်သားများကိုသတ်ဖြတ်နေသူ အုပ်စုများနှင့်ဆက်ဆံရေးကိုတော့အမေရိကန်ပြည်ထောင်စုအနေဖြင့်မှန်ကန်စွာဆုံးဖြတ်သင့်သည်။ သို့သော်လည်း အဆိုပါလှုပ်ရှားမှုများတွင်ပါဝင်ပတ်သက်မှုမရှိသောအဖွဲ့အစည်းများနှင့်မဟာမိတ်ပြုခြင်းဖြင့်ဒီမိုကရေစီ နည်းလမ်းကျသောစေ့စပ်ညှိနှိုင်းမှုများတွင်ပါဝင်ကူညီရန်နှင့်ဒေသခံလူထုကိုအထောက်အကူပေးသည့်မှတ်တမ်း ကောင်းတစ်ခုအမေရိကန်ရရှိမည့်အကျိုးကျေးဇူးရရှိနိုင်သည်။
ရှေ့ဆက်ရမည့်ခရီး
****************
ဒီမိုကရေစီအသွင်ကူးပြောင်းမှုအောင်မြင်စေရန်အတွက် အမေရိကန်ပေါ်လစီမိတ်ကားများအနေဖြင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်လူသိရှင်ကြားဆက်ဆံသင့်သည်။ ရှေးဦးစွာပေါ်လစီမိတ်ကာများက မြန်မာ့အနာဂတ်ဒီမိုကရေစီစနစ်တွင်
တိုင်းရင်းသားများနှင့်ဆက်စပ်ပြီးကြိုးပမ်းအားထုတ်နေသော NUG ၏လက်ရှိကြိုးပမ်းမှုများကိုထောက်ခံသင့်သည်။
အမေရိကန်ပေါ်လစီမိတ်ကာများအနေဖြင့် ဤပူးပေါင်းဆောင်ရွက်မှုကိုရေရှည်တည်တံ့အောင်ကူညီပေးနိုင်သည်။ လူထုထောက်ခံမှုဖြင့် အမေရိကန်အနေဖြင့်လက်ရှိဆွေးနွေးမှုများကိုတရားဝင်ဆွေးနွေးပွဲများဖြစ်လာနိုင်စေသလို အဖွဲ့သစ်များကိုလည်းညှိနှိုင်းရေးစားပွဲသို့ခေါ်ဆောင်လာနိုင်ပေလိမ့်မည်။ အကယ်၍ အမေရိကန်ပေါ်လစီမိတ်ကာများက ဒီထက်ပိုမိုလိုလားပါက NUG နှင့်အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားရန်နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်းလက်နက်မဟုတ်သောတခြားသောအကူအညီများပေးရန်ကမ်းလှမ်းနိုင်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းကမြန်မာနိုင်ငံတွင်ကျရောက်နေသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကိုဖြေရှင်းရာတွင်အမေရိကန်ကိုအကူအညီပေးပေလိမ့် မည်။ အာဏာသိမ်းပြီးအချိန်ကတည်းကစပြီး လူပေါင်း ၂သန်းကျော် အကြမ်းဖက်မှုကြောင့်မလုံမခြုံဖြစ်ကာနေရပ် စွန့်ခွာထွက်ပြေးနေရသည်။ပျမ်းမျှအိမ်ထောင်စုဝင်ငွေ ၂၃ ရာခိုင်နှုန်းကျဆင်းသွားကြောင်းအစီရင်ခံထားပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်းကျဆင်းခြင်းကြောင့် ကိုဗစ်လှိုင်းသစ်ကိုဖြစ်ပေါ်လာစေနိုင်သည်။လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုကုလသမဂ္ဂရုံးကလည်းထိခိုက်လွယ်သောလူများထံပိုမိုကောင်းမွန်စွာ ရောက်ရှိရေးသည်“လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ်ပေးပို့ခြင်းအတွက်အရေးကြီးသည်” ဟုအလေးပေးပြောကြားခဲ့သည်။
ပဋိပက္ခဖြစ်ပွားရာဒေသသို့ လူသားချင်းဆိုင်ရာစာနာနားလည်မှုအကူအညီများပေးအပ်ရာတွင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကသာ အကောင်းဆုံးမိတ်ဆွေများဖြစ်သည်။များစွာသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်ဒေသခံလူထုအတွက်ဝန်ဆောင်မှုများပေးဆပ်ခြင်းနှင့်ပြည်သူလိုအပ်သောကုန်ပစ္စည်းများပေးအပ်ရာတွင် သမိုင်းကြောင်းရှည်လျားခဲ့ပြီးဖြစ်သည်။
၎င်းတို့၏ကျန်းမာရေးအဖွဲ့အစည်းများကတစ်ဆင့် သောက်ရေသန့် ၊ဆေးဘက်ဆိုင်ရာအထောက်အကူများနှင့် ကိုဗစ်ကာကွယ်ဆေးများလက်လှမ်းမမီနိုင်သော လူထုထံဖြန့်ဝေရာတွင် အကူအညီပေးနိုင်သည်။ အဆိုပါအဖွဲ့အစည်းများနှင့်ပူးပေါင်းခြင်းကစစ်တပ်၏ တရားဝင်မှုကို ဖြစ်လာစေနိုင်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးခြင်းကိုအမေရိကန်ကရှောင်ရှားနိုင်ရန်ကူညီ ပေးပေလိမ့်မည်။ အမေရိကန်အနေဖြင့်အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ ၊ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သင့်ပြီးအလိုအပ်ဆုံးအကူအညီများကိုမည်ကဲ့သို့ဖြန့်ဝေရမည်ဆိုသည်ကို ဆုံးဖြတ်ရန်လိုအပ်သည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြပ်အတည်းကိုရှောင်ရှားရန်နှင့်စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများအပေါ်အရေးယူပိတ်ဆို့ခြင်းမှုများချမှတ်ရန်လက်ရှိအမေရိကန်မူဝါဒက ရေရှည်တည်တံ့သော ဒီမိုကရေစီစနစ်ကိုအနည်းငယ်သာဆောင်ရွက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ပြည်တွင်းဇာတ်ဆောင်များနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ အာဏာသိမ်းကာလ ၂ နှစ်ကျော်လာခဲ့ပြီးနောက်မှာတော့အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးဩဇာလွှမ်းမိုးမှုအရှိဆုံးနှင့်bသက်တမ်းအရှည်ကြာဆုံးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်လိုအပ်နေပါသည်။
War on the rocks တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Kaitlyn Robinson” ရေးသားသည့် “To
Support Democracy in Myanmar, Engage with Ethnic Armed Organizations”
ကိုဆီလျော်အောင်ရေးသားသည်။