ရေကြီးမှုနဲ့ကြုံနေတဲ့ ကရင်နီစစ်ရှောင်တချို့ အကူအညီမရသေး
****************************
သံလွင်ခက်
အောက်တိုဘာ ၂၄ ၊ ၂၀၂၃ ။
ရေကြီးမှုကြောင့် နေရာတွေပြောင်းရွှေ့နေထိုင်ကြရပြီး စားနပ်ရိက္ခာ အကူအညီလိုအပ်နေတဲ့ ကရင်နီစစ်ရှောင်တွေအနေနဲ့ အခုလက်ရှိ ၂ ပတ်ကျော်လာတဲ့အချိန်ထိ အလှူရှင်တွေ ရောက်လာ တာမရှိသေးဘူးလို့ လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်တွေက ပြောပါတယ်။
မိုးရွာသွန်းတာအပြင် ဆည်ရေနဲ့ အင်းရေလျှံတာတွေကြောင့် မိုးဗြဲ ၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်က စစ်ဘေးရှောင်တွေအနေနဲ့ ရေဘေးဒုက္ခတွေနဲ့ပါ ကြုံနေရပါတယ်။
” စပါးတို့ ပြောင်းတို့ဆိုရင် ရေကြီးလို့ အသီးအနှံတွေက ပျက်သွားတာများတယ်။ တချို့ဆိုရင် ပြောင်းချိုးရင်းတန်းလန်းနဲ့ ဖြစ်သွားတာ။ တချို့ကျတော့လည်း နားထားပေမယ့် ဒီအတိုင်းပဲ ပျက်သွားတာတွေက ပိုများတယ်” လို့ လွိုင်ကော်အရှေ့ခြမ်းက စစ်ရှောင်အမျိုးသမီး ၁ ဦးက ပြောပါတယ်။
ရေကြီးမှုနဲ့ကြုံနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေကတပိုင်တနိုင်ကူညီနေတာမျိုးရှိကြပေမယ့် နေရာစုံကိုမရောက်နိုင်ကြဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး –၂၊ ဦးဗညာ က ပြောပါတယ်။
ကရင်နီပြည်မှာ တချို့နေရာတွေမှာ ရေပြန်ကျသွားပေမယ့် စစ်ရှောင်တွေရှိတဲ့ဘက်မှာတော့ ရေမကျသေးဘူးလို့ဒီးမော့ဆိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အမျိုးသမီးရဲဘော် ၁ ဦးကပြောပါတယ်။
ရေကြီးမှုကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးနဲ့ပြောင်းစိုက်ခင်း ဧကရာချီ ပျက်ဆီးဆုံးရှုံးနေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဓာတ်ပုံ–ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက် ။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2194
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5922