• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»အခွန်ဆောင်လာသည့် လောင်စာဆီကားကို ဗန်းမောက် ပကဖ ဖမ်းဆီး
နေ့စဉ်သတင်း

အခွန်ဆောင်လာသည့် လောင်စာဆီကားကို ဗန်းမောက် ပကဖ ဖမ်းဆီး

thanlwinkhetBy thanlwinkhetOctober 24, 2023No Comments3 Mins Read
Facebook Twitter WhatsApp
ပုံစာ - ဖမ်းဆီးခံခဲ့ရသည့် လောင်စာဆီကားနှင့် ဖမ်းဆီးခံရသည့် အခေါက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အခွန်ဆောင်ထားသည့် ပြေစာ
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်
အောက်တိုဘာ ၂၄ ၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အခွန်ဆောင်ကာ ဗန်းမောက်မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် လောင်စာဆီကားကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံလိုက်ရသည့် ဆီလုပ်ငန်းရှင်နှင့် နီးစပ်သူက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အခွန်ဆောင်ကာ ဗန်းမောက်မြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ဒီဇယ်လောင်စာဆီကားကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်များက သာယာကုန်း၊ ပင်ဟင်းခါးကျေးရွာ စာသင်ကျောင်းအရှေ့၌ ကားယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ ယာဉ်အကူတို့ကို တားဆီးစစ်ဆေးခဲ့သည်။
ထိုသို့ တားဆီးစစ်ဆေးခံနေရသည့် အခြေအနေများကို ယာဉ်မောင်းက ဆီကုန်သည်ထံ အကြောင်းကြားပြီး ၎င်းတို့ထံ လာရောက်ရန် ဖုန်းဆက်အကြောင်းကြားခဲ့သည်။ ဆီကုန်သည် ရောက်ရှိလာပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၎င်းတို့၏ ခေါင်းဆောင်နှင့် လိုက်လံ တွေ့ဆုံရန် ဆီကုန်သည်၊ ကားယာဉ်မောင်းနှင့် ယာဉ်အကူတို့ကို ခေါ်ဆောင်ခဲ့သည်ဟု သိရသည်။
ဆီကုန်သည်က “ဟိုရောက်တော့ သူတို့ခေါင်းဆောင်ဆိုသူနဲ့လည်း မတွေ့ရဘူး။ ပါလာတဲ့ အခွန်ပြေစာ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ မှတ်ပုံတင် အားလုံးကို အကုန်သိမ်းတယ်။ လူတွေကိုတော့ နောက်ပြန်ကြိုးတုပ် ခေါင်းစွပ်စွပ်ပြီး ဖမ်းဆီးတဲ့ နေရာကနေ မိုင် ၄၀ လောက်ဝေးတဲ့ ရွှေမှော်တစ်ခုကို နေရာရွှေ့ခေါ်သွားတယ်။ ဟိုရောက်တော့ အချုပ်ထဲ ထည့်ထားတယ်” ဟု ဆိုသည်။
ဖမ်းဆီးခံရပြီး သုံးရက်အကြာတွင် ဆီကုန်သည်က ၎င်းတို့ ဖမ်းဆီးခံရကြောင်းနှင့် လာထုတ်ပေးရန် မိသားစုထံကို ခိုးဆက်သွယ်ခဲ့သည်ဟု ၎င်းကပြောသည်။
ထို့နောက် ဆီကုန်သည်၏ မိသားစုဝင် တစ်ဦးက ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ ကိုအောင်ထက်နှင့် တွေ့ဆုံခဲ့ပြီး ဖမ်းဆီးသည့် အကြောင်းရင်းကို မေးမြန်းခဲ့ကာ လောင်စာဆီများကိုလည်း မသိမ်းဆည်းရန် တောင်းပန်ခဲ့သည်။
လူနှင့် ယာဉ်ကို ပြန်လွှတ်ပေးခဲ့သော်လည်း စက်သုံးဆီ ဂါလံ ၇၉၇၀ နှင့်ညီမျှသော ပေပါ ၁၆၆ ကျော် လောင်စာဆီများကတော့ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။
ပြန်လွှတ်ပေးစဉ်တွင်လည်း ယခုဖြစ်စဉ်ကို မည်သည့်နေရာကိုမျှ တိုင်ကြားခြင်း မပြုရန်နှင့် အမှုနေရာတွင် ကွက်လပ်ချန်ထားကာ ခံဝန်လက်မှတ်ရေးထိုးစေခဲ့သည်ဟု ဆီကုန်သည်က ဆိုသည်။
ဗန်းမောက်မြို့နယ် အနောက်ဘက် မံစီကြီးတိုက်နယ်၊ မံလူတိုက်နယ်များတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် – SNA တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးထားပြီး ရွှေသတ္တုတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။
အဆိုပါ လုပ်ငန်းခွင်များတွင် ပါဝင်နေသော စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် – SNA တပ်ဖွဲ့ဝင်များထံ ဒီဇယ်၊ ရိက္ခာ၊ ငွေကြေးအထောက်အပံ့များ မရောက်ရှိရန် ရည်ရွယ်ချက်ဖြင့် ထိုဒေသများသို့ လောင်စာဆီ အများအပြား တင်ပို့ရောင်းချခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်ဟု ပကဖ တာဝန်ခံ ကိုအောင်ထက်က ပြောသည်။
ကန့်သတ်တားမြစ်သည့်ကြားက ဖြတ်သန်းသွားလာသည့်အတွက် ဖမ်းဆီးသိမ်းဆည်းရခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ကိုအောင်ထက်က “ကျွန်တော်တို့ ဖမ်းဆီးခဲ့ရတဲ့ အကြောင်းရင်းက အဲဒီအနောက်ဘက်ကို လောင်စာဆီ ပိတ်ထားတယ်။ သွားခွင့် မပြုဘူး။ သူတို့ကို မသွားဖို့ ပြောထားတဲ့ကြားက မနက် ၆ နာရီလောက်မှာ တိတ်တိတ်ထွက်တဲ့ သဘောရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ကလေးတွေက လှမ်းအကြောင်းကြားတယ်။ အဲဒီဘက်က တိုက်နယ် တာဝန်ခံက ကျွန်တော် မထွက်ဖို့လည်း ပြောပြီးပြီ။ နောက်ပြန်လှည့်သွားဖို့ ပြောထားတယ်။ အဲဒါလည်း နားမထောင်ဘူးတဲ့။ အဲဒါကြောင့် ကျွန်တော်တို့ ဖမ်းလိုက်ပြီး သူတို့ရဲ့ လောင်စာဆီအားလုံးကို သိမ်းဆည်းခဲ့တယ်” ဟု ဆိုသည်။
သို့သော် အဆိုပါဒေသတွင် လောင်စာဆီအများအပြား တင်ပို့ရောင်းချခြင်းအပေါ် ကန့်သတ်တားမြစ်ထားသည်ကို ပြည်သူလူထု သိရှိအောင် ထုတ်ပြန်ထားခြင်းမရှိသလို တိုက်နယ်တာဝန်ခံကလည်း ၎င်းထံ ဆက်သွယ်ပြောဆိုခြင်း မရှိဟု ဆီကုန်သည်က ကိုအောင်ထက်၏ ပြောဆိုချက်ကို ပြန်လည်တုံ့ပြန်သည်။

ပုံစာ – ဖမ်းဆီးခံခဲ့ရသည့် လောင်စာဆီကားနှင့် ဖမ်းဆီးခံရသည့် အခေါက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အခွန်ဆောင်ထားသည့် ပြေစာ
၎င်းက “ဆက်သွယ်လာတာ မရှိပါဘူး။ ကျွန်တော်တို့ဘက်က ဆက်သွယ်တာတောင် မကိုင်ဘူး။ သတင်းထုတ်ပြန်ထားတာမျိုးလည်း မရှိပါဘူး။ အဲဒီလို ထုတ်ပြန်ထားတာရှိရင် ဘယ်သူက သွားမှာလဲ” ဟု ပြောသည်။
ထို့ပြင် လောင်စာဆီကားကို ကာကွယ်ရေးအဖွဲ့ဝင်များက သာယာကုန်း – ပင်ဟင်းခါး ကျေးရွာအတွင်း တားဆီးခဲ့ခြင်းဖြစ်ကာ ပကဖ – ပအဖ တို့တားဆီးစစ်ဆေးရာ ဆည်ကြီးသောင်ဂိတ်သို့ ရောက်ရှိရန် ၃ မိုင်ဝန်းကျင်ခန့် ကွာဝေးသည်ဟု ဆီကုန်သည်က ဆိုသည်။
ပြန်လွှတ်ပေးခဲ့သည့်အချိန်တွင် ကားသည် ယခင်ရပ်ထားခဲ့သည့် နေရာတွင် မရှိတော့ဘဲ ပကဖအဖွဲ့ဝင်များ စစ်ဆေးမှု လုပ်ဆောင်နေသည့် ဆည်တောင်ကြီးဂိတ်သို့ ရွှေ့ပြောင်းထားကာ ဆီများကို ထုတ်ယူထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။
စစ်ဆေးရေးဂိတ်မရောက်ခင် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်နှင့်ပတ်သက်၍ ပကဖ တာဝန်ခံ ကိုအောင်ထက်က “အဓိကက ကျွန်တော်တို့ အဲဒီအလယ်ရွာမှာ တစ်ဂိတ် ရှိတယ်။ နောက်ပြီးတော့ ဆည်ကြီးတောင်မှာ တစ်ဂိတ် ရှိတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ခွင့်မပြုတဲ့ ဘယ်ကားဖြစ်ဖြစ် သွားလိုက်တာ သိပေမယ့် ဒီကြားထဲက နေရာ ဘယ်နေရာမဆို ကျွန်တော်တို့က သွားဖမ်းတာမျိုးက လုပ်လို့ ရတယ်လေ” ဟု ဆိုသည်။
သို့သော် သာယာကုန်း – ပင်ဟင်းခါး ကျေးရွာဘက်သို့ ထွက်လာချိန် အလယ်ရွာတွင် မည်သည့် စစ်ဆေးရေး ဂိတ်မျှ မရှိကြောင်း ဆီကုန်သည်က ဆိုသည်။ သာယာကုန်း – ပင်ဟင်းခါး ကျေးရွာသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ စိုးမိုးထားသည့် နေရာဖြစ်ပြီး ၎င်းတို့ ဆီကား ဖမ်းဆီးမခံရခင်အချိန်များတွင် အဆိုပါလမ်းပိုင်း၌ ဆီကားများ ဖြတ်သန်းသွားလာနေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ဖမ်းဆီးခံရသည့် အခေါက်တွင်လည်း ဗန်းမောက်သွားရန် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အခွန်ဆောင်ခဲ့သလို ယခင် အခေါက်များတွင်လည်း သက်ဆိုင်ရာမြို့နယ်များ၏ ပကဖ၊ ပအဖအဖွဲ့များနှင့် ဗန်းမောက်မြို့နယ် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့များထံ အခွန်ငွေဆောင်ပြီးမှသာလျှင် ဖြတ်သန်းသွားလာမှုကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ခွင့်ပြုချက်မရဘဲ တရားမဝင် ဖြတ်သန်းသွားလာခြင်းမျိုး မလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထီးချိုင့်မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ကားများကို အခွန်ကောက်ခံနေသည့် ဂိတ်တာဝန်ခံကို ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ ဆီလောင်စာဆီကားသည် ၎င်းတို့ထံ အခွန်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောသည်။
၎င်းက “အခွန်ဆောင်သွားတာတော့ ရှိတယ်။ ကျွန်တော်တို့ ဒီမှာ တာဝန်ကျနေတဲ့ ဂိတ်အဖွဲ့ကတော့ အခွန်နဲ့ ပတ်သက်တာပဲ ဖြေရှင်းပေးလို့ရမှာ။ အဲဒီလိုကိစ္စတွေကျတော့ အဆင့်ဆင့်သွားရတဲ့အတွက် ကျွန်တော်တို့ ဂိတ် အနေနဲ့ ဖြေရှင်းပေးဖို့ အဆင်မပြေဘူး။ တစ်နယ်မှာ သွားပြီးတော့မှ အဲဒီဘက်က လက်နက်ကိုင်အဖွဲ့အစည်းကို သွားပြီး အမိန့်ပေးဖို့ကျ အဆင်မပြေဘူး” ဟု ဆိုသည်။
အခွန်ဆောင်ထားသော်လည်း ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ “မှန်ပါတယ် အခွန်ဆောင်တာ မဆောင်တာကတော့ တစ်ပိုင်းပါ။ အဲဒါက ကျွန်တော်တို့ ဒီဘက်မှာကျတော့ နယ်မြေကန့်သတ်ထားတာပေါ့။ ဒါကတော့ သိပြီးသားပါ။ အခွန်ဆောင်ခြင်း၊ မဆောင်ခြင်းကို မပြောလိုပါဘူး။ မြို့နယ်ကနေပြီးမှ အခွန်မဆောင်ရင်လည်းဘဲ သူတို့ကို ဒဏ်ကြေးသဘောမျိုး ၁ ပီပါကို ဘယ်လောက် ဆိုတာမျိုးတွေ လုပ်တာမျိုးတွေရှိတယ်” ဟု ပြောသည်။
စက်သုံးဆီ ဂါလံ ၇၉၇၀ နှင့်ညီမျှသော ပေပါ ၁၆၆ ကျော် လောင်စာဆီဈေးနှုန်းမှာ သိန်း ၁၂၀၀ ကျော်ရှိပြီး ယခုလို သိမ်းဆည်းခံလိုက်ရသည့်အတွက် လက်ရှိတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တစ်ဦးက “အဲဒီဆီတွေက တစ်ဝက်က အကြွေးနဲ့ ယူထားတာမို့ အခုက အိမ်ရောင်းပြီး ဆပ်ထားရတယ်။ ကျွန်မတို့သာ မှားနေရင် ဒီကိစ္စကို အထက်ကို တိုင်မှာ မဟုတ်သလို ထွက်ပြေးနေစရာလည်း လိုမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
နစ်နာခဲ့ရသည်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးနိုင်ထူးအောင်ထံ ဇူလိုင် ၁၅ ရက်၊ ရေနံအတွင်းဝန်ထံ ဇွန် ၁၉ ရက်နှင့် COC (တိုင်ကြားရေးကော်မတီ) ထံ ဇွန် ၁ ရက် စသဖြင့် တိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတရာဖြေရှင်းမှုများ လုပ်ဆောင်ပေးခြင်းမရှိဟု မိသားစုဝင်များထံမှ သိရသည်။
ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက လောင်စာဆီကားဖမ်းဆီးပြီး ဆီများ သိမ်းယူခဲ့သည့် ဖြစ်စဉ်အပေါ် အရေးယူဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ထံသို့ သံလွင်ခက်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။
ပုံစာ – ဖမ်းဆီးခံခဲ့ရသည့် လောင်စာဆီကားနှင့် ဖမ်းဆီးခံရသည့် အခေါက်တွင် ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အခွန်ဆောင်ထားသည့် ပြေစာ

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရေကြီးမှုနဲ့ကြုံနေတဲ့ ကရင်နီစစ်ရှောင်တချို့ အကူအညီမရသေး
Next Article ပလက်ဝဒေသခံများ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရ
thanlwinkhet
  • Website

Related Posts

ဆန်ဝယ်ယူမယ့် မလေးရှားတောင်းဆိုချက် အင်ဒိုနီးရှားပယ်ချ

May 2, 2025

မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီများ စတင်အခြေစိုက်

March 22, 2025

တစ်လအတွင်း ပြည်ပနိုင်ငံတွင် ဖမ်းဆီးခံရသူ တစ်ထောင်ကျော်ရှိ

March 8, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

May 24, 2025

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025

ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

May 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.