• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူး ကျင်းပ၊ စစ်ရေးသတိရှိရန် တိုက်တွန်း
  • နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)
  • Shunda Park လုံခြုံရေးကိုင်တွယ်ဖြေရှင်းရန် KNLA ထံ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝလွှဲအပ်
  • မင်းလက်ပံကျားဖြန့်ဝင်းမှာ အရေးပေါ်လုံခြုံရေးဆိုးရွားနေဟု KNU ထုတ်ပြန်
  • ဒီပဲယင်းကို စစ်တပ် ဗုံးကြဲ၍ ကလေးအပါအဝင် ၁၈ ဦးသေဆုံး
  • AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)
  • လူ့အခွင့်ရေးနေ့တွင် အသံတိတ်သပိတ်လုပ်ရန် GSCB နှိုးဆော်
  • ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျ၊ ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာပြင်းထန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မုန်လိုင်ခက်ကို တိုက်ခိုက်ခဲ့တဲ့လက်နက်က ဘာဖြစ်မလဲ. . . . . .?
သတင်းဆောင်းပါး

မုန်လိုင်ခက်ကို တိုက်ခိုက်ခဲ့တဲ့လက်နက်က ဘာဖြစ်မလဲ. . . . . .?

thanlwinkhetBy thanlwinkhetOctober 15, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith
အောက်တိုဘာ ၁၅ ၊ ၂၀၂၃ ။
“အခုဟာမျိုးက မကြုံရသေးဘူးပေါ့နော်။ ဒါပထမဆုံးပဲ ။ အပြင်းဆုံးပဲ ” CDM ဗိုလ်ကြီး ခန့်ကို ။
“တချို့နိုင်ငံတွေက လက်နက်အားပြိုင်မှုတွေရှိတော့ အဲ့ဒါတွေကို စမ်းသပ်တဲ့အနေနဲ့ စစ်ကောင်စီကို ရောင်းပေးတာလည်း ဖြစ်နိုင်တယ် ” ကရင်နီပြည်နယ် ပြည်ထဲရေးဝန်ကြီး ခူးညေးရယ်။
” လက်နက်ကိုင်အချင်းချင်း တိုက်ဖို့က ဘာလက်နက်တွေသုံးသုံးပါ ။ ဒါကတော့ စစ်တပ်အချင်းချင်းစစ်ရဲ့ သဘောသဘာဝအရမို့ နားလည်ပေးလို့ရတာပေါ့ ။ ဒါပေမယ့် စစ်ကိုကြောက်လို့ စစ်ဘေးရှောင်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီးတိုက်ခိုက်တာက အမှန်ဆိုရင် အဲဒါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းနဲ့လည်းမညီဘူး ” ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရ ဆလိုင်းထက်နီ ။)
စစ်ကောင်စီရဲ့ အပြင်းထန်ဆုံးလက်နက်နဲ့တိုက်ခိုက်မှု
****************************
“အခုဟာမျိုးက မကြုံရသေးဘူးပေါ့နော်။ ဒါပထမဆုံးပဲ ။ အပြင်းဆုံးပဲ “
လေယာဥ်ဗုံးထုတ်လုပ်မှုအပါအဝင် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးဌာန – ကပစ မှာ အရာရှိအဖြစ် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီး ခန့်ကို က မုန်လိုင်ခက် တိုက်ခိုက်ခံရမှုမှာ ထိခိုက်ပျက်စီးခဲ့တဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ပြောကြားတာပါ။
ဗုံးတစ်လုံးထဲကျရောက်ပေါက်ကွဲခဲ့ပြီး လူအမြောက်အများသေကြေထိခိုက်မှု၊ နေအိမ်၊ အဆောက်အအုံများစွာ ပျက်စီးမှု ၊ ဝါးတစ်ပြန်လောက်နက်တဲ့အထိ ကျင်းဖြစ်သွားခဲ့မှု စတာတွေက စစ်ကောင်စီ အရင်ကတိုက်ခိုက်ခဲ့တဲ့ ဗုံးအမျိုးအစားတွေထက် ပိုပြင်းတယ်လို့ ဗိုလ်ကြီး ခန့်ကို က သုံးသပ်ပြောကြားပါတယ်။
” သူတို့ကတော့ လေယာဥ်ကို အဓိက ထားတိုက်ခိုက်တာကိုး။ မြေပြင်ကတော့ ၁၂၀ မမ ထက်ပြင်းတာတော့ မတွေ့ဖူးသေးဘူး။ လေယာဥ်ဗုံးတွေထဲမှာတော့ ကလပ်စတာဗုံးတွေ (Cluster Bombs) ပါ ကြဲတာပေါ့နော်။ ကလပ်စတာဗုံးဆိုရင် နိုင်ငံတကာကကန့်သတ်ထားတဲ့ ကလပ်စတာမျိုးမဖြစ်အောင် သူတို့ကဘာပြန်လုပ်ထားလဲဆိုတော့ ကလပ်စတာအတုပေါ့နော်။ ဘယ်လိုပြောမလဲ ၈၁ မမ ဗုံးသီးတွေကို ဗုံးခွံထဲထည့်ပြီးတော့ ကလပ်စတာပုံစံမျိုးကြဲတာရှိတယ်။ ကရင်ဘက်မှာလည်းကြဲတယ်။ အညာဘက်မှာလည်းကြဲတယ်။ အခွံတွေဘာတွေပြန်ရတာရှိတော့ ကျွန်တော်တို့ အဲ့တုန်းထဲကသိတယ်။ လတ်တလောမှာတော့ ကလပ်စတာပုံစံမျိုးကြဲချတဲ့ဗုံးကတော့ အပြင်းဆုံးပေါ့နော် “
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်တွေအပြင် အရပ်သားပစ်မှတ်တွေကိုပါတိုက်ခိုက်နေခဲ့ရာ နိုင်ငံတကာက ကန့်သတ်ထားတဲ့ ကလပ်စတာဗုံးတွေကို အသုံးပြုနေသလို ပေါင် ၅၀၀ ၊ ပေါင် ၂၅၀ ထက်ပြင်းတဲ့ Thermobaric Bomb တွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ CDM ဗိုလ်ကြီး ခန့်ကိုကပြောပါတယ်။
” ပြီးရင် Thermobaric Bombs ပေါ့နော်။ Thermobaric Bomb က ကျင်းအကြီးကြီးဖြစ်တယ်ပေါ့နော် ။ စခန်းဖျက်တဲ့ ဗုံးကြီးတွေပေါ့နော်။ အဲလိုမျိုးတွေလည်းကြဲတယ်။ ရိုးရိုး ပေါင် ၅၀၀ တို့ ၊ ပေါင် ၂၅၀ တို့ အဲ့ဗုံးတွေထက်ပြင်းတယ်။ လတ်တလောအပြင်းဆုံးက Thermobaric Bomb တို့၊ ကလပ်စတာဗုံးတို့ကြဲတာပဲ မြင်ရသေးတယ်။ အခုဟာမျိုးက မကြုံရသေးဘူးပေါ့နော်။ ဒါပထမဆုံးပဲ။ အပြင်းဆုံးပဲ “
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်တွေထဲမှာ ပြည်သူ ၁၈၀ ဦး နီးပါးသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာတိုက်ခိုက်ခံရမှု နဲ့ ပြည်သူ ၆၀ ကျော် သေဆုံးခဲ့ရတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတိုက်ခိုက်ခံရမှုတွေက လက်ရှိ မုန်လိုင်ခက်ဖြစ်စဥ်ထက် ထိခိုက်သေဆုံးမှုပိုများခဲ့တာပါ။
ဒါပေမယ့် လူအများအပြားစုဝေးနေကြတဲ့ ဧည့်ခံကျွေးမွေးပွဲ နဲ့ ဖျော်ဖြေပွဲကျင်းပနေတဲ့အချိန်တွေမှာ တိုက်ခိုက်ခဲ့တာဖြစ်တဲ့အပြင် တစ်ကြိမ်ထက်မက ဗုံးကြဲတာ၊ လေယာဥ်ပေါ်က စက်လက်နဲ့အကြိမ်ကြိမ်ပစ်ခတ်မှုတာတွေကြောင့် ထိခိုက်သေဆုံးမှုတွေက မုန်လိုင်ခက် ဖြစ်စဥ်ထက်ပိုများရတာဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဒါကြောင့် ဗုံး ၁ လုံးထဲကျရောက်ပြီး လူအများအပြား ထိခိုက်သေဆုံးခဲ့ရသလို နေအိမ်များစွာ ပျက်စီးခဲ့ရတဲ့ မုန်လိုင်ခက်ကျေးရွာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်ဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေထဲမှာ အပြင်းထန်ဆုံး လက်နက်အမျိုးအစားကို အသုံးပြုခဲ့တာလို့ သုံးသပ်နေတာကြတာ ဖြစ်ပါတယ်။
မုန်လိုင်ခက်ကို စစ်ကောင်စီက ဘာလက်နက်နဲ့တိုက်ခိုက်ခဲ့တာလဲ. . . . . .?
******************************
ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာလ ၉ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ဘာနဲ့တိုက်ခိုက်ခဲ့တာလဲ. . . ?ဆိုတာကို ဒီနေ့ အောက်တိုဘာ ၁၅ ရက်အထိ KIA က တရားဝင်မထုတ်ပြန်သေးသလို တိုက်ခိုက်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး KIA ပြောခွင့်ရ ဗိုလ်မှူးကို နော်ဘူကို သံလွင်ခက်က ဆက်သွယ်မေးမြန်းခဲ့ရာမှာလည်း အတိအကျ ဖြေကြားခဲ့တာမရှိသေးပါဘူး။
အဲဒီဖြစ်စဥ်ဟာ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လေယာဥ်သံမကြားရတဲ့အတွက် ဒရုန်းနဲ့ ဗုံးသီးချတာ ဖြစ်နိုင်သလို လက်နက်ကြီးနဲ့ပစ်တာလည်း ဖြစ်နိုင်လို့ ဖြေဆိုခဲ့ပါတယ်။
ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးပြီး ၅၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး KIA က စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဗုံးလက်ကျန်အပိုင်းအစတွေကို ဓာတ်ပုံတွေနဲ့ ဖော်ပြလာတာမတွေ့ရှိရသလို အမျိုးသား ညီညွတ်ရေးအစိုးရ NUG က စုံစမ်းမေးမြန်းခဲ့ရာမှာလည်း ဗုံးလက်ကျန်အပိုင်းအစတွေ မကျန်ခဲ့ဘူး လို့ KIA ဘက် က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
” လေယာဥ်နဲ့ပစ်တာဆိုရင် ဗုံးခွံက ကျိန်းသေကျန်မယ်။ ဗုံးရဲ့ အစအနတွေကျန်မယ်။ Super Sonic System နဲ့ လာကြဲတယ်ဆိုလည်း သေချာတယ် ဗုံးရဲ့အစအနက တစ်နေရာမဟုတ် တစ်နေရာကျန်မှာပေါ့နော် ။ အခုက အဲတစ်ဝိုက်မှာက ဗုံးအစအနမမြင်ရဘူးဆိုတော့ ကျွန်တော်ထင်တာ အဝေးပစ်လက်နက်တစ်ခုခုနဲ့ ပစ်တာ ဖြစ်နိုင် တယ် ” လို့ CDM ဗိုလ်ကြီး ခန့်ကို က သုံးသပ်ပြောဆိုပါတယ်။
မြေပြင်ကနေ အဝေးပစ်လက်နက်ကြီးနဲ့ပစ်ဖို့ကလည်း လက်ရှိဖြစ်သွားတဲ့ ပြင်းအားအနေအထားရ ၁၂၀ မမ မဖြစ်နိုင်သလို ၁၂၀ မမထက် ပိုပြင်းတဲ့ ၁၅၅ မမ ၊ ၁၀၅ မမတို့လို ဟောင်ဝှစ်ဇာ အဝေးပစ်လက်နက်တွေ သုံးမယ် ဆိုရင်လည်း သယ်ယူရတာမှာ ဒေသခံတွေ သိရှိနိုင်သလို ကုန်ကျစရိတ်ကလည်း လေယာဥ်နဲ့လာတိုက်ခိုက်တာ ထက်ကုန်ကျနိုင်တာကြောင့် ၁၅၅ မမတို့လို ဟောင်ဝှစ်ဇာနဲ့ပစ်ခတ်တာလည်း မဖြစ်နိုင်ဖို့များတယ်လို့ CDM ဗိုလ်ကြီး ခန့်ကို က ထပ်မံပြောဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ သူတို့လုပ်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ငြင်းဆန်ထားသလို KIA ရဲ့ လက်နက်၊ ခဲယမ်းသိုလောင်ရုံပေါက်ကွဲခဲ့တာလို့ ပြောဆိုထားပါတယ်။ စစ်ကောင်စီရဲ့ ပြောဆိုမှုတွေဟာ လုံးဝမှန်ကန်မှု မရှိဘူးလို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူးက တုံ့ပြန်ပြောဆိုထားပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ တပ်စခန်းတွေနဲ့ ၂ မိုင်ကျော် ၃ မိုင်ဝေးတဲ့နေရာဖြစ်ပြီး အရပ် သားတွေနေတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေနဲ့စစ်ဘေးရှောင်တွေက အခိုင်အမာပြောဆိုကြပါတယ်။
မုန်လိုင်ခက်ကို သူတို့မတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်က ငြင်းဆန်ပြောဆိုထားပေမယ့် ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့ ညပိုင်းနဲ့ နောက်တစ်ရက်မနက်ပိုင်းတွေမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ရှေ့တန်းကရဲဘော်တွေက ပြောပါတယ်။
” သူတို့ ညဘက်ကြီး လက်နက်ကြီးပစ်တာ မီးတွေကိုဖြာထွက်သွားတာကိုကျွန်တော်မြင်ရတယ်။ သူတို့နဲ့ ကျွန်တော်တို့က ဟိုဘက်ကုန်းနဲ့ ဒီဘက်ကုန်းပဲနေတာချည်းကို ။ သူတို့ပစ်တာက လိုင်ဇာဘက်ကို၊ ဒုက္ခသည် စခန်းဘက်ကို၊ ဂိတ်တွေရှိတဲ့ နေရာကိုပစ်တာ “
ရှေ့တန်းမှာရှိနေတဲ့ ကာကွယ်ရေးရဲဘော် ၁ ဦးကလည်း အဲဒီနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ဘုရားကုန်းတောင်ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့တယ်လို့ပြောပါတယ်။
အာဏာသိမ်းကာလတစ်လျှောက်လုံး စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ပြီးတိုင်းလည်း အမျိုးမျိုးအကြောင်းပြငြင်းဆန်ခဲ့တာဟာ ကြိမ်ဖန်များစွာရှိနေခဲ့ပြီးမို့ စစ်ကောင်စီဘက် ကပြောဆိုမှုတွေဟာ ယုတ္တိမရှိဘူးလို့ လေ့လာစောင့်ကြည့်သူတွေ ပြောပါတယ်။
မုန်လိုင်ခက်တိုက်ခိုက်ခံရမှုဖြစ်စဥ်ဟာ စစ်ကောင်စီကို လက်နက်တွေထောက်ပံ့နေတဲ့ နိုင်ငံတွေထဲက အသစ် ထုတ်လုပ်ထားတဲ့ လက်နက်တွေကို စမ်းသပ်ရောင်းချတာတဲ့ သဘောလည်းဖြစ်နိုင်တယ်လို့ ကရင်နီ ပြည်ထဲရေး ဝန်ကြီး ခူညေးရယ် က သုံးသပ်ပြောပါတယ်။
” CDM ဗိုလ်ကြီးတွေပြောသလို ဒီလိုပေါက်ကွဲမှုကြီးမားတဲ့လက်နက်မျိုးမတွေ့ဖူးသေးဘူးဆိုတာက အရင်တုန်းက အဲလိုလက်နက်အမျိုးအစားတွေ မရောက်သေးလို့ဖြစ်မှာပေါ့။ တခြားတစ်နေရာကပေါ့။ ဥပမာ ရုရှားတို့လို ပြည်ပ နိုင်ငံတစ်ခုခုကယူပြီးတော့မှ လက်တွေ့သုံးကြည့်တာလည်းဖြစ်မယ်။ နောက်ပြီးတော့မှ တချို့နိုင်ငံတွေက လက်နက်အားပြိုင်မှုရှိတော့ အဲ့ဒါတွေကို စမ်းသပ်တာအနေနဲ့ စစ်ကောင်စီကို ရောင်းပေးတာလည်း ဖြစ်နိုင်တယ်”
မုန်လိုင်ခက်တိုက်ခိုက်ခံရမှုဖြစ်စဥ်မှာ စစ်ကောင်စီက အရင်ကထက်ပိုမိုပြင်းထန်တဲ့ လက်နက်အမျိုးအစားတွေကို အသုံးပြုလာနေတာကြောင့် နိုင်ငံတကာအနေနဲ့စစ်ကောင်စီကို ပြတ်ပြတ်သားသားဆန့်ကျင်သင့်ပြီး တော်လှန်ရေးအင်အားစုတွေဘက်ကနေရပ်တည်ပေးဖို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရ ဆလိုင်းထက်နီ ကပြောပါတယ်။
” လက်နက်ကိုင်အချင်းချင်း တိုက်ဖို့က ဘာလက်နက်တွေသုံးသုံးပါ ။ ဒါကတော့ စစ်တပ်အချင်းချင်းစစ်ရဲ့ သဘောသဘာဝအရမို့ နားလည်ပေးလို့ရတာပေါ့။ ဒါပေမယ့် စစ်ကိုကြောက်လို့ စစ်ဘေးရှောင်တွေ နဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည်ပြီးတိုက်ခိုက်တာက အမှန်ဆိုရင် အဲဒါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံချိန်စံညွှန်းနဲ့လည်းမညီဘူး။
ပြီးတော့ လူမျိုးသုန်းသတ်ဖြတ်မှုဖြစ်တဲ့ ကြီးလေးတဲ့စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်ပေါ့။ အဲဒါကို နိုင်ငံတကာက လက်ပိုက်ကြည့်မနေဘဲနဲ့ အပြစ်မဲ့ပြည်သူတွေကို အဲလိုလုပ်နေတဲ့ စစ်ကောင်စီကို ဆန့်ကျင်၊ ဖယ်ကျဥ်ပြီးတော့ နွေဦးတော်လှန်ရေးဘက်မှာပါတဲ့ ၊ ပြည်သူဘက်ကနေ ပါတဲ့ ကျွန်တော်တို့ဘက်ကနေ ရပ်တည်ပေးဖို့ အလေးအနက်တောင်းဆိုချင်ပါတယ် “
အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီရဲ့သတ်ဖြတ်မှုတွေအပါအဝင် အရပ်သားပြည်သူ ၈,၆၄၀ ဦးထက်မနည်း သေဆုံးထားခဲ့ရပြီးဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP – Myanmar က အခုနှစ် ဇွန်လလယ်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အစုလိုက် အပြုံလိုက်သတ်ဖြတ်တဲ့ ဆိုးဝါးလှတဲ့ဖြစ်စဥ်တွေ အများကြီး ရှိနေပေမယ့် နိုင်ငံတကာက စစ်ကောင်စီကို အခုထိ ထိရောက်တဲ့ အရေးယူဟန့်တားမှုတွေ မပြုလုပ်နိုင်သေးပါဘူး။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမိုခါမုန်တိုင်း ၅ လပြည့်ပြီးနောက် ရခိုင်ပြည်အခြေအနေ
Next Article အန္တရာယ်များတဲ့လမ်းပေါ်က မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ
thanlwinkhet
  • Website

Related Posts

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

သောင်ရင်းတစ်ဖက်ကမ်းက စစ်ရှောင်ညများ (သတင်းဆောင်းပါး)

November 23, 2025

Leave A Reply Cancel Reply

Recent Posts

  • ၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူး ကျင်းပ၊ စစ်ရေးသတိရှိရန် တိုက်တွန်း
  • နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)
  • Shunda Park လုံခြုံရေးကိုင်တွယ်ဖြေရှင်းရန် KNLA ထံ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝလွှဲအပ်
  • မင်းလက်ပံကျားဖြန့်ဝင်းမှာ အရေးပေါ်လုံခြုံရေးဆိုးရွားနေဟု KNU ထုတ်ပြန်
  • ဒီပဲယင်းကို စစ်တပ် ဗုံးကြဲ၍ ကလေးအပါအဝင် ၁၈ ဦးသေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူး ကျင်းပ၊ စစ်ရေးသတိရှိရန် တိုက်တွန်း

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

Shunda Park လုံခြုံရေးကိုင်တွယ်ဖြေရှင်းရန် KNLA ထံ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝလွှဲအပ်

မင်းလက်ပံကျားဖြန့်ဝင်းမှာ အရေးပေါ်လုံခြုံရေးဆိုးရွားနေဟု KNU ထုတ်ပြန်

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

၂၇၁၇ နှစ်မြောက် တအာင်းနှစ်သစ်ကူး ကျင်းပ၊ စစ်ရေးသတိရှိရန် တိုက်တွန်း

December 7, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

Shunda Park လုံခြုံရေးကိုင်တွယ်ဖြေရှင်းရန် KNLA ထံ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝလွှဲအပ်

December 6, 2025

မင်းလက်ပံကျားဖြန့်ဝင်းမှာ အရေးပေါ်လုံခြုံရေးဆိုးရွားနေဟု KNU ထုတ်ပြန်

December 6, 2025

ဒီပဲယင်းကို စစ်တပ် ဗုံးကြဲ၍ ကလေးအပါအဝင် ၁၈ ဦးသေဆုံး

December 6, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.