အမီးလေး မန္တလေးအိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသူ ခြောက်ဦး ငလျင်ကြောင့် သေဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သိရသည်။ PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက “ဒီ ခြောက်ဦးကတော့ ငလျင်ဖြစ်ဖြစ်ချင်း ရက်တွေမှာပဲ ငလျင်ရဲ့ အဆောက်အအုံပြိုကျမှုကြောင့် ဆုံးသွားတာဖြစ်ပါတယ်၊ချက်ချင်းဆုံးသွားတဲ့သူတွေ ရှိသလို ကယ်ထုတ်ပြီးတော့မှ ဆုံးသွားတဲ့ အခြေအနေတွေလည်း ဖြစ်ခဲ့တယ်လို့ သိထားရပါတယ်”…